Print

သွေးကင်ဆာစတင်ဖြစ်ပွားပုံနှင့် ရောဂါလက္ခဏာများ

  25-Feb-2017
Preview Image

ခန္ဓာကိုယ်၏ အရိုးအများစုထဲတွင်ရှိသော နူးညံ့သည့် တစ်သျှူး တစ်မျိုးဖြစ်သည့် ရိုးတွင်းခြင်ဆီမှစတင်၍ သွေးများကင်ဆာဖြစ်ပွား ခြင်းကို သွေးကင်ဆာရောဂါဟုခေါ်သည်။
သွေးကို ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်ခြင်းဖြစ်သည်။ သွေးဖြူဥ များသည် ခန္ဓာကိုယ်မှ ရောဂါပိုးမွှားများ မဝင်ရောက်စေရန် တိုက်ဖျက်ကာကွယ်ရာတွင် ကူညီပေးသည်။ သွေးနီဥများက ခန္ဓာကိုယ်၏အစိတ်အပိုင်းအားလုံးသို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည်။သွေးတိတ်စေသော ပန်းကန်ပြားပုံကလာပ်စည်းဆဲလ်များက သွေး ထွက်သောအခါ သွေးခဲ၊ သွေးတိတ်စေရန် ကူညီပေးသည်။

သွေးကင်ဆာရောဂါခံစားနေရချိန်တွင် ရိုးတွင်းခြင်ဆီက ပုံမှန် မဟုတ်သော သွေးဖြူဥအများအပြား စတင်ထုတ်လုပ်ပြီး ယင်းကို သွေးကင်ဆာဆဲလ်များဟု ခေါ်သည်။ ယင်းသွေးဖြူဥများသည် သာ မန်သွေးဖြူဥများ၏ လုပ်ဆောင်ချက်များကို မပြုလုပ်ကြပေ။ သာမန်သွေးဥများထက် လျင်မြန်စွာကြီးထွားပြီး ကြီးထွားမှုရပ်သင့်သော အချိန်တွင် မရပ်တန့်ကြပေ။

အချိန်ကြာလာလျှင် သွေးကင်ဆာဆဲလ်များက အရေအတွက် အများအပြားနေရာယူကာ သာမန်သွေးဖြူဥများကို တိုက်ထုတ်ပစ်နိုင်သည်။ ယင်းအခြေအနေကြောင့် သွေးအားနည်းခြင်း၊ သွေးထွက် ခြင်းနှင့် ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းတို့ကဲ့သို့ ပြင်းထန်သော ကျန်းမာရေးပြဿနာများသို့ ဦးတည်သွားနိုင်သည်။ သွေးကင်ဆာ ဆဲလ်များသည် အခြားသော အင်္ဂါအစိတ်အပိုင်းများသို့လည်း ပျံ့နှံ့ ဖြစ်ပွားနိုင်ပြီး ရောင်ရမ်းခြင်း (သို့မဟုတ်) နာကျင်ခြင်း ကြုံရတတ် သည်။

မတူညီသော သွေးကင်ဆာအမျိုးအစားများစွာရှိပြီး ယေဘုယျ အားဖြင့် ရောဂါလျင်မြန်စွာ ပြင်းထန်မှုအပေါ် အခြေခံ၍ အုပ်စုခွဲ ခြားသတ်မှတ်လေ့ရှိသည်။

သွေးကင်ဆာဖြစ်ရသည့်အကြောင်းရင်းကို ပညာရှင်များ မသိ ရသေးပေ။ သို့သော် ရေဒီယိုသတ္တိကြွမှုပမာဏ အများအပြားနှင့် ထိ တွေ့ခြင်း၊ အလုပ်နေရာတွင် အချို့သော ဓာတုပစ္စည်းများနှင့် ထိ တွေ့မိခြင်းတို့မှာ ကင်ဆာဖြစ်နိုင်သော အန္တရာယ်များဖြစ်သည်။

သွေးကင်ဆာအမျိုးအစားပေါ် မူတည်၍ ရောဂါလက္ခဏာများ လည်း ကွဲပြားနိုင်သည်။ ကြုံတွေ့ရမှု အများဆုံးရောဂါလက္ခဏာ များမှာ လည်ပင်း၊ လက်မောင်းအောက်(သို့မဟုတ်) ပေါင်ခြံတွင် အကျိတ်ရောင်ရမ်းခြင်း၊ မကြာခဏနှာခေါင်းသွေးလျှံခြင်း၊ အူမကြီး (သို့မဟုတ်) သွားဖုံးများမှ သွေးယိုခြင်း၊ မကြာခဏပွန်းပဲ့ဒဏ်ရာရ ခြင်း (သို့မဟုတ်) ဓမ္မတာလာချိန် သွေးအလွန်အကျွံဆင်းခြင်းတို့ ဖြစ်သည်။
ထို့အပြင် မကြာခဏအဖျားတက်ပြီး ညအချိန်ဇောချွေးပြန် ကာ အရိုးထဲမှ နာကျင်လေ့ရှိသည်။ အကြောင်းရင်းမသိဘဲ အစာ စားချင်စိတ်မရှိခြင်း (သို့မဟုတ်) ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်းတို့ ကြုံနိုင်သည်။ အကြောင်းရင်းမသိရဘဲ အလွန်အ မင်းမောပန်းလေ့ရှိကာ ဝမ်းဗိုက်ဘယ်ဘက်နေရာတွင် ရောင်ရမ်းပြီး နာကျင်မှု ခံစားရတတ်သည်။

သွေးကင်ဆာအများစုကို ဓာတုကုထုံးဖြင့် အဓိကကုသလေ့ရှိ ပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ပင်မဆဲလ်အစားထိုးကုသခြင်း နှင့် ကင်ဆာပြန့်ပွားမှုကို တားဆီးသော ဆဲလ်ဖြင့် ကုသခြင်း နည်း လမ်းများဖြင့် ကုသနိုင်သည်။
Healthcare.com.mm

Ref: WebMed



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18