Print

ခိုတွေက အမျိုးသမီးတွေရဲ့ ရင်သားကင်ဆာကို ပါရဂူဆရာဝန်တွေနီးပါး တိကျစွာ ရ...

  25-Feb-2017
Preview Image

ခိုတွေဟာ ရင်သားကင်ဆာကို ဆရာဝန်တွေနီးပါး မှန်ကန်တိကျစွာ
ရောဂါရှာပေးနိုင်ကြောင်း သုတေသန ပညာရှင်တွေက အတည်ပြုပေးပြီးနောက်၊
မကြာခင် ဆေးရုံတွေမှာ ခိုတွေကို မြင်တွေ ့ရဖို ့ရှိပါတယ်။ ခိုလေးတွေဟာ အမျိုးသမီး
တွေရဲ့ရင်သားကို X-ray သုံးပြီးစစ်ထားတဲ့ ဓာတ်မှန်တွေနဲ ့ကင်ဆာစစ်တဲ့အသားမျှင် နမူနာဆလိုက်တွေက ကင်ဆာတစ်သျှူးတွေကို သင်ပေးပြီး ရှာလို ့ရနိုင်ကြောင်းကို အမေရိကန်နိုင်ငံက သိပ္ပံပညာရှင်တွေ သိရှိခဲ့ရပြီးနောက် အံ့အားသင့်ခဲ့ရတယ်လို ့
သိရပါတယ်။နှစ်ပေါင်းများစွာဆေးပညာကိုလေ့လာဆည်းပူးလားတဲ့ ဆရာဝန်တွေ
တောင် တစ်ခါတစ်လေ ဒီစစ်ဆေးမှုရဲ့ အချက်အလက်တွေကို ဖော်နိုင်ဖို ့အတွက် ခက်ခဲရပေမယ့် ခိုတွေကတော့ ရက်သတ္တပတ်နှစ်ပတ်အတွင်း လူနာတွေရဲ့ ၈၅ ရာခိုင်နှုန်းကို မှန်ကန်စွာ ဖော်ထုတ်ပေးနိုင်တယ်လို ့ဆိုပါတယ်။ “ အစာကျွေး၊
သင်ကြားပေးရုံနဲ့၊ ခိုတွေဟာ လူသားတွေနီးပါး ခန် ့မှန်းနိုင်ပါတယ်” လို ့ပရော်ဖက်ဆာ Richard Levenson က ပြောပြခဲ့ပါတယ်။“ ခိုတွေဟာ ရင်သားကင်ဆာစစ်ဆေးတဲ့
ဆလိုက်တွေမှာ ကင်ဆာဖြစ်နိုင်လား၊မဖြစ်နိုင်ဘူးလားဆိုတာကို ခွဲခြားရာမှာ
တော်တော်ကျွမ်းကျင်ပါတယ်။ပထမဦးဆုံးတစ်ရက်မှာ ၅၀ ရာခိုင်နှုန်းမှန်အောင် ခန် ့မှန်း နိုင်ခဲ့ပြီး ၁၃ရက် ၁၅ ရက်အကြာမှာတော့ ၈၀ ရာခိုင်နှုန်းတိကျမှုရှိပါတယ်” စမ်းသပ်မှုမှာ ငှက်ရှစ်ကောင်ပါဝင်ခဲ့ပြီး ကင်ဆာမဖြစ်နိုင်တဲ့ တစ်သျူးပုံရပ်အတွက် အပြာရောင်ခလုတ်နဲ ့ ကင်ဆာဖြစ်နိုင်တဲ့တစ်သျူးအတွက် အဝါရောင် ခလုတ်ကို နှုတ်သီးနဲ ့တောက်ပြဖို ့သင်ကြားပေးခဲ့တာ ဖြစ်ပြီး မှန်အောင်ခန် ့မှန်းနိုင်ရင်၊ ဆုအဖြစ် အစာကျွေးခဲ့တာဖြစ်ပါတယ်။ခိုတွေဟာ ရင်သားကင်ဆာစစ်ဆေးမှု
ဓာတ်မှန်တွေက မိုက်ခရိုစကုပ်နဲ ့ကြည့်မှမြင်နိုင်ပြီး၊ ကင်ဆာရဲ့ ကနဦးလက္ခဏာဖြစ်တဲ့ ထုံးဓာတ်အကွက်တွေဖြစ်ပေါ်မှုကိုလည်း သိရှိနိုင်တယ်လို ့သိရပါတယ်။ ခိုတွေမှာ လူ ့လက်ညှိုးထိပ် ထက် မကြီးတဲ့ ဦးနှောက်ကလေးတွေသာ ရှိပေမယ့် လူတွေလိုပဲ အာရုံကြောလမ်းကြောင်း ကလေးတွေရှိပါတယ်။ဒီ့အပြင် ခိုတွေဟာ စာလုံးအက္ခရာတွေကိုလည်း ခွဲခြားသိရှိနိုင်ပြီး ပန်းချီဆရာအမျိုးမျိုးရဲ့ ပန်းချီကားတွေကို ခွဲပြ နိုင်ကြောင်း လေ့လာတွေ ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

Healthcare.com.mm

Source : Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18