Print

သွေးတိုးရောဂါ

  25-Feb-2017
Preview Image

လူတစ်ယောက်ကို သွေးတိုးရှိတယ်လို့ ပြောနိုင်တဲ့ အနေအထားမှာ သွေးပေါင်ချိန်
တစ်ခုကို သတ်မှတ်ပြီး ဒီထက်ပိုရင် သွေးတိုး၊ သတ်မှတ်တဲ့အတိုင်းရှိရင် ပုံမှန်စသဖြင့် သတ်မှတ်၍မရနိုင်ပါ။ အသက်အရွယ်၊ ကျား၊ မ၊ လူဖြူ၊ လူမည်း၊ စားသောက်ပုံ၊ ဆေးလိပ်
သောက်ခြင်း၊ မိသားစုရာဇဝင်၊ သွေးအဆီဓာတ် ပါဝင်မှု၊ ဆီးချိုနှင့် မူလကရှိနေသော
သွေးကြောဆိုင်ရာ ရောဂါများ စသည်တို့ဖြင့် ယှဉ်တွဲပြီး ပြောရလိမ့်မယ်။ အကြမ်းဖျင်း
တော့ ၁၂၀/၈၀ (သို့) ၁၃၀/၉၀ ဆိုရင် မဆိုးပါဘူး။ အသက်အရွယ်ကိုလိုက်ပြီး သွေးပေါင်
တက်နိုင်ခြေ ရှိပါတယ်။ ဦးနှောက်သွေးကြောပေါက်တာ၊ ပိတ်တာတွေ၊ နှလုံးသွေးကြော ကျဉ်းတာတွေဟာ ပုံမှန်သွေးပေါင်ချိန်ရှိတဲ့ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။
သွေးတိုးမှမဟုတ်ဘဲ သာမန် သွေးပေါင်ချိန်နှင့်တောင် ဖြစ်တတ်ပါတယ်။ သွေးတိုးရှိရင်
ခေါင်းကိုက်တယ်ဆိုတာ တချို့ကတော့ ဟုတ်တယ်။ တော်တော်များများ သွေးတိုးသမား
တွေက လက္ခဏာ မပြတတ်ကြပါဘူး။ တချို့က ပျို့ချင်တယ်၊ အန်ချင်တယ်၊ ဇက်ကြော
တက်တယ်။ ရောဂါဖြစ်နေတာကို သတိမထားမိတော့ သွေးပေါင်ချိန်တအားလည်း
ဆောင့်တက်ရော လေဖြတ်တာ၊ ရုတ်တရက် သေဆုံးတာတွေ ဖြစ်ကြတော့တာပဲ
သွေးပေါင်တက်သူတွေ သွေးပေါင်ချိန်မှန်မှန် ချိန်သင့်ပါ။ မှန်မှန်ချိန်တော့ တိတိကျကျ
သွေးပေါင်ချိန်သိမယ်။ ဘာကြောင့် သွေးတိုးဖြစ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းတရား
တွေ သိမယ်။

နှလုံးသွေးကြောရောဂါတွေကို ဖြစ်မဖြစ်၊ ရှိမရှိ ဒါတွေကိုရှာဖွေဖို့ လိုပါတယ်။
သွေးတိုးရောဂါ ၂ မျိုးရှိပါသည်။ လူနာတွေရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကျော်ဟာ ဘာကြောင့်
သွေးတိုးဖြစ်ရတယ်ဆိုတာ မသိကြတဲ့ ESSENTIAL HYPERTENSION ဖြစ်ပါတယ်။
ကျောက်ကပ်၊ သွေးကြောနံရံများ၏တင်းအားနှင့် ဒေါသထွက်တာ၊ စိတ်လှုပ်ရှားတာ စတာတွေကို လှုံ့ဆော်ပေးတဲ့ အာရုံစနစ် စတာတွေကြောင့်လို့ ထင်မြင်ယူဆရပါတယ်။ တချို့ဟာ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အခြေအနေနှင့် အငန်စားသောက်မှုများတာ၊
အရက်အလွန် အကျွံသောက်တာ၊ အဝလွန်ခြင်း၊ မွေးရာပါ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းကြောင့်
လို့ ယူဆကြပါသည်။ကျန်တဲ့ ၅ ရာခိုင်နှုန်းသော လူနာဟာ ရောဂါ (သို့) ပုံမှန်မဟုတ်တာ တစ်ခုခုကြောင့်ဖြစ်ရတဲ့ အခြေခံ အကြောင်းတရာ တစ်ခုခုရှိတဲ့ သွေးတိုးရောဂါ (ESSENTIAL HYPERTENSION)ဆိုပြီး ရှိပါတယ်။ အဲဒီလို သွေးတိုးရောဂါ ဖြစ်ရ
တာက (၁) အရက်၊ (၂) ကိုယ်ဝန်အဆိပ်တက်ခြင်း၊ (၃) ကျောက်ကပ်ရောဂါ၊
(၄) ဟော်မုန်းနှင့်ဆိုင်သောရောဂါ (လည်ပင်းကျိတ် အလုပ်လုပ်လွန်းတဲ့ရောဂါနှင့် အလုပ်မလုပ်တဲ့ရောဂါ၊ CUSHINGS ရောဂါ အစရှိသဖြင့် (၅) ဆေးဝါး (အီစတိုဂျင်
ဟာ်မုန်းပါသော သန္ဓေတာဆေး၊ စတီးရွိုက်ဆေးဝါး၊ စိတ်လှုပ်ရှား တက်ကြွစေ
သော ဆေးဝါးများ)၊ (၆) နှလုံးသွေးလွှတ်ကြောမ ကျဉ်းသောရောဂါ (COARCTATION AORTA) စတာတွေကြောင့် သွေးတိုးရောဂါ ဖြစ်ရပါတယ်။ လူနာရဲ့ လက္ခဏာနဲ့
သွေးစစ်အဖြေကို ကြည့်၍လည်းကောင်း၊ အသက် ၃၀ ထက်ငယ်နေမယ်။သွေးပေါင်
ရုတ်တရက်တက်နေတာ၊ သွေးပေါင်ချဖို့ခက်တဲ့ လူနာဆိုရင် ဒုတိယအမျိုး
အစားဖြစ်တဲ့ ESSENTIAL HYPERTENSION လို့ ယူဆနိုင်ပါတယ်။ သွေးတိုးရဲ့
နောက်ဆက်တွဲ ဆိုးကျိုးတွေက သွေးတိုးတဲ့အတွက်ကြောင့် သွေးလွှတ်ကြော၊
အာရုံခံကြော၊ မျက်လုံးနှစ်လုံး၊ ကျောက်ကပ် စတဲ့အရေးကြီးတဲ့ အင်္ဂါတွေကို ထိခိုက်ပါတယ်။

သွေးလွှတ်ကြောအချင်း 1mmထက်ကြီးတဲ့ သွေးလွှတ်ကြောတွေမှာဆိုရင်
သွေးကြောကျယ်မယ်။ မြွေလိမ်မြွေကောက်လိုဖြစ်မယ်၊ သေးတဲ့သွေးလွှတ်ကြောဆိုရင် ကျဉ်းမယ်၊ နံရံတွေ ဖောင်းကားမယ်၊ သွေးကြောပိတ်ဆို့တာတွေအပြင် သွေးတိုးကို ပိုတက်စေပါတယ်။ အာရုံကြောစနစ် ထိခိုက်တဲ့အတွက်ဦးနှောက်သွေးယိုစီးမယ်၊သွေးမ
လျှောက်ဖြစ်ပြီး လေဖြတ်တာတို့ ဖြစ်နိုင်ပါသည်။မျက်လုံးမှာဆိုရင် သွေးတိုးကြောင့်
နှလုံးသွေးကြောတွေကို ထိခိုက်ပါတယ်။ နှလုံးဘယ်ဘက်ခန်းကြီးတာ၊ ဒါမှမဟုတ်
နှလုံးသွေးကြောရောဂါကြောင့် နှလုံးခုန်နှုန်းတွေ မြန်လွန်းတာ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်မှာဆိုရင် ကျောက်ကပ်ရဲ့ သွေးကြောတွေကို ထိခိုက်ပြီး သွေးတိုးရောဂါ ကြာရှည်
လာလျှင် ဆီးသွားရင် အနည်တွေကျကျလာမယ်။ ဒီနောက်ကျောက်ကပ် အလုပ်မလုပ်
တဲ့ရောဂါ ဖြစ်လာတတ်ပါတယ်။အရက်သောက်တတ်ရင် လျှော့သောက်ပါ။ သွေးတိုးနေ
ရင်ဝနေတာကို ၀ိက်ချရပါမယ်။ အစားအသောက်မှာ အငန်ဓာတ်လျှော့ပါ၊ အဆီ
အဆိမ့်တွေတတ်နိုင်ရင် ရှောင်ရပါမယ်၊ ဆေးလိပ်ကြောင့် သွေးတိုး၊ နှလုံးထိခိုက်တတ်
တာမို့ ဆေးလိပ်လုံးဝဖြတ်လိုက်ပါ။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။၊ ဒေါသ၊ လောဘ၊ မောဟစိတ်တွေလျှော့လိုက်ပါ။ တရားထိုင်ရမယ် လို့လည်းပြောကြပါတယ်။အဲဒီလိုလုပ်လည်း
သွေးပေါင်ကျဆေးသောက်တာကိုစွန့်လွှတ်လိုက်တော့မရပါဘူး။ ဆေးတော့လက်ကိုင်
ထားရပါလိမ့်မယ်။

Ref:
အေးကမ္ဘာဒေါက်တာချစ်
( ကျန်းမာရေးလိုတိုရှင်းစာအုပ်မှ ကောက်နှုတ်ထားပါသည်။ )

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18