Print

ကုပ် ကျီးပေါင်းတက်ခြင်း

  25-Feb-2017
Preview Image

မွေးကင်းစ ကလေး တစ်ယောက်မှာ အရိုးပေါင်း ၂ရဝ လောက် ရှိပါတယ်။ အသက်
အရွယ် တဖြည်းဖြည်း ရလာတော့ အရိုးတွေ တစ်ခုနဲ့ တစ်ခု ပေါင်းစပ်လာပြီး နောက်ဆုံး
မှာ ၂ဝ၆ ရိုး လောက်ပဲ ကျန်တော့ တယ်။ ဒီထဲမှာမှ လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထောက်ပံ့ ထားတဲ့ အဓိက အရိုးကတော့ ကျောရိုးဆစ် မကြီး ( Spinal Column ) ဖြစ်ပါတယ်။
ကျောရိုးဆစ် ဆိုတာ အရိုးဆစ် ပေါင်း ၃၃ ခုနဲ့ တွယ်ဆက် ထားပြီး ကုပ်ကနေ
မြီးညောင်းရိုးထိ ၂၈ လက်မ လောက် ရှည်တယ်။ ခန္ဓာကိုယ် လှုပ်ရှား မှုအတွက်
အရေးကြီးတဲ့ အရိုးဖြစ် သလို ဒုက္ခ အပေးနိုင်ဆုံး အရိုးလဲ ဖြစ်တယ်။ ခန္ဓာဗေဒကို
လေ့လာ ကြည့်ရင် အရိုးတွေဟာ အုတ်ခဲတွေ စီထားသလို တစ်ခုနဲ့ တစ်ခု ထပ်နေတယ်။ ကြားထဲမှာ အင်္ဂတေလိုမျိုး ကြားခံ Intervertebral Disc ဆိုတာက ခံပေးထား ရတယ်။ ကူရှင် သဘော ဖိအားကို အလိုက်သင့် ထိန်းပေးဖို့ ဖြစ်ပါတယ်။ အရိုးတွေကို တည်ငြိမ် နေအောင်၊ မြဲမြံနေအောင် တွယ်ဆက် ပေးရတာက အရွတ်တွေ ဖြစ်ပါတယ်။ အဆစ်ကတော့ လှုပ်ရှား နိုင်အောင် ပြုလုပ်ပေး သလို လှုပ်ရှားမှု ကိုလဲ ကန့်သတ် ပေး
တယ်။ ကြွက်သား တွေကတော့ အရိုးအဆစ် တွေရဲ့ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။
ကျောရိုးဆစ် တွေရဲ့ အလယ်မှာ Spinal Cord ခေါ်တဲ့ အာရုံ ကြောမကြီး တစ်ချောင်း
က ဖြတ်သွားတယ်။ အဲဒီ ကျောရိုးမရဲ့ တစ်ဖက် တစ်ချက်စီက ထွက်လာတဲ့ အာရုံကြော
သေးသေးလေး တွေက ခံစားမှုနဲ့ လှုပ်ရှားမှုကို ဖြစ်စေတယ်။ အသက်အရွယ်ကြီးရင့်
လာတဲ့အခါ အရိုးတွေ ကြားမှာရှိတဲ့ Intervertebral Disc ကြားခံလွှာကကြွပ်ဆတ်လာ
တယ်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံ ထားရ တာကြောင့် ကြားခံလွှာက ပြားချပ် လာပါ
တယ်။ ရလဒ် ကတော့ အဆစ်တွေ ကျွံပြီး အထဲမှာရှိတဲ့ ကျောရိုးမ (သို့မဟုတ်)ကျောရိုး
က ထွက်လာတဲ့ အာရုံကြော တွေကို သွားဖိပြီး ကျီးပေါင်းရဲ့ လက္ခဏာတွေ ခံစားလာ
ရတယ်။

ကုပ်မှာဖြစ်ရင် ကုပ်ကျီးပေါင်း ( Cervicalspondylosis ) လို့ ခေါ်ပါတယ်။ ကျီးပေါင်းကြောင့် လက်ပြင ်အောင့်သလို တင်းပြီး နာကျင် နေတတ်တယ်။ ပခုံးကနေ လက်ချောင်းတွေ ထိ အပ်နဲ့ ထိုးသလို တဆစ်ဆစ် ထုံကျင် နေတာလဲ ရှိတယ်။ဘယ်ဘက်
လက်မှာ ဖြစ်ရင် နှလုံးရောဂါနဲ့ မှားတတ်တယ်။ ကုပ်ကျီးပေါင်း ကနေ အာရုံကြောမ Spinal Cord ကို သွားထိရင် Cervical Myelopathy ဆိုတာ ဖြစ်လာတယ်။ ရောဂါက ပိုဆိုး လာတယ်။ ကျောရိုး အထက် အာရုံကြော အရင်းပိုင်းကို ထိခိုက်လို့ ခန္ဓာကိုယ်
အောက်ပိုင်းမှာ အားနည်း လာတယ်။ အထူးသဖြင့် ကျောရိုးက ထောက်ပံ့တဲ့
ခြေထောက်ရဲ့ လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုကို ထိခိုက် စေတယ်။ ခြေထောက် အားယုတ် လာသလို ဖြစ်ပြီး အကြောတွေ တောင့်တင်း လေးလံလာတယ်။ လမ်းလျှောက်ပုံ မမှန်ဘဲယိမ်းယိုင် နေတယ်။ ဖြစ်တဲ့ ပုံစံက ဒူး အဆစ်ရောင် တာနဲ့လဲ မှားတတ်တယ်။ ညဘက် ဆီး မကြာခဏ သွားတာ ကျောမှာ ရှိတဲ့ အာရုံကြောမ ကြီးပေါ် သက်ရောက်မှု
ကြောင့် ဖြစ်ပါတယ်။ မကုဘဲ ထားရင် နောက်ပိုင်းမှာ ဆီး၊ ဝမ်း မထိန်းနိုင် တာမျိုးထိ
ဖြစ်လာ တတ်တယ်။ ကုသနည်းတွေက ရောဂါ လက္ခဏာ ပေါ်မူတည်ပြီး ကွဲပြားသွား
တယ်။ အများစု က ရောဂါပိုဆိုး မလာအောင် နဲ့ ဝေဒနာကို ယာယီ သက်သာစေဖို့
သာ ဖြစ်ပါတယ်။ ဒီအတွက် ဘာလုပ် ကြသလဲ။ လေ့ကျင့်ခန်း လုပ်ခိုင်းတယ်။ အလွယ်
တကူ အိမ်မှာတင် ဇက် လေ့ကျင့်ခန်း လုပ်ပေး နိုင်ပါတယ်။ခေါင်းလှည့် လေ့ကျင့်ခန်း
တစ်နေ့ သုံးကြိမ် (၅) မိနစ်စာ လောက် လုပ်ပါ။ တင်းနေတဲ့ ကုပ်ကို ရေနွေးအိတ် သုံးပြီး အပူကပ် ပေးနိုင်တယ်။ ဆရာဝန် ဆီသွားရင် အကိုက်အခဲ ပျောက်ဆေး၊ အကြောလျှော့ ဆေးမျိုး ပေးတတ် တယ်။ သိပ်မဆိုးရင် Cervial Collar လည်ထောက်
ကို နေ့တစ်ဝက် လောက် တပ်ခိုင်းပြီး သက်သာလာ စေတယ်။ ဒါမှ မသက်သာ သေးရင် Physiotherapist တွေဆီသွားပြီး လေ့ကျင့်ခန်း လုပ်တာ၊ အပူပေးပြီး နှိပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။

အဆစ်ထဲကို စတီးရွိုက် ထိုးပြီး ကုသတဲ့ နည်းလဲ ရှိတယ်။ ဘေးထွက် ဆိုးကျိုးတော့ များတယ်။ ဝေဒနာကို ယာယီ သက်သာ စေရုံသာ ဖြစ်မယ်။ ရောဂါတော့ အရှင်းမပျောက်
ကင်း စေနိုင်ပါ။ မသက်သာ သေးရင် နောက်ဆုံး နည်းက အရိုးအဆစ် ခွဲစိတ် ပြုပြင်
နည်း ဖြစ်တယ်။ ခွဲစိတ်နည်း အမျိုးမျိုး ရှိတယ်။ အဆစ် နေရာကို ခွဲစိတ်ပြီး ပျက်စီး နေတဲ့ အပိုင်းတွေကို ရှင်းလင်း ဖြတ်တောက် ရတယ်။ ပျက်စီးတဲ့ အရိုး နေရာမှာ ကြားခံ Bome Implant တစ်ခုနဲ့ အစားထိုး ထည့်ထား ရပါတယ်။ တချို့က မလှုပ် နိုင်အောင် Metallic Plate သတ္တုပြား တစ်ခုနဲ့ အုပ်ပြီး ချန်ထား ခဲ့တယ်။ အများစုဟာ ခွဲစိတ်ပြီး ၆ လမှ ၉ လ အတွင်း အလုပ်တွေ ပြန်လုပ်နိုင် ကြတယ်။ ကျီးပေါင်းဆိုတာ အရိုးအဆစ်တွေ
တဖြည်းဖြည်း ပျက်စီး ယိုယွင်း လာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ပျက်စီးမှုက နှေးတာနဲ့ မြန်
တာပဲ ကွာခြားတယ်။ ပျက်စီးနေတဲ့ အဆစ် အမြစ်က အာရုံခံကြော တွေကို ဖိမိတဲ့ အခါ ကျီးပေါင်း လက္ခဏာတွေ စတင် ခံစားလာ ရတယ်။ ဘယ်အချိန်မှ စတင် ခံစားရလဲ တစ်ယောက် နဲ့ တစ်ယောက် မတူနိုင်ဘူး။ အသက်အရွယ်၊ အလုပ်အကိုင်၊ အနေ
အထိုင် ပေါ်လဲ မူတည်တယ်။ တချို့က သိပ်မဆိုး ပေမယ့် တချို့ကတော့ မခံနိုင် အောင် နာကျင် တတ်တယ်။ တူညီတာက တစ်ချိန်ချိန်မှာ ရောဂါပိုဆိုး လာတာပဲ ဖြစ်တယ်။ ဒီအတွက် ဘာတွေ ကြိုတင် ပြင်ဆင်သင့်လဲ။ အနေအထိုင် ဆင်ခြင်ပါ။ ထိုင်တဲ့ပုံစံ၊ အိပ်တဲ့ပုံစံ မှန်ကန်ဖို့ လိုအပ်တယ်။ ဥပမာ ထိုင်တဲ့အခါ ခါးမတ်မတ်ထား၊ ရှေ့တည့်တည့် ရှုပြီးထိုုင်ပါ။ အိပ်တဲ့အခါ ခေါင်းအုံး တစ်လုံးထက် မပိုသင့်ဘူး။ ကျီးပေါင်း အတွက် သီးသန့်လာတဲ့ (အလယ်က အချိုင့်ပါတဲ့) ခေါင်းအုံးမျိုး နဲ့ အိပ်သင့်တယ်။ ဖြစ်နိုင်ရင် ဇက် လေ့ကျင့်ခန်း သာမက ခါး လေ့ကျင့်ခန်း ပါ လုပ်ကြည့်ပါ။ ရေကူးသလို ခြေ၊လက်
လေ့ကျင့်ခန်း မျိုးလဲ ကောင်းတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကို အလွန်အကျွံ ဖြစ်အောင် မလုပ်သင့်ဘူး။ နှေးနှေးနဲ့ မှန်မှန်သာ လုပ်ပါ။ ကိုယ် အလေးချိန်ကို တတ်နိုင်သမျှ ထိန်းပါ။ ဒေါက်မြင့်ဖိနပ်၊ ခွာမြင့်ဖိနပ် မစီးသင့်ဘူး။ ကျီးပေါင်းထတဲ့ အချိန်မှာ မျက်စိ အာရုံစိုက် ရတဲ့အလုပ် တွေ တတ်နိုင် သမျှ ရှောင်ထား သင့်တယ်။ တီဗွီ၊ ကွန်ပျူတာ၊ စာအုပ် မဖတ်ပါနဲ့။ ရေအေး မကိုင်ပါနဲ့။ ပန်းကန်ဆေး၊ အဝတ်လျှော်၊ မီးပူတိုက် အလုပ်တွေ မလုပ်ပါနဲ့။ အဲကွန်း၊ ပန်ကာလေ က ပိုဆိုး တတ်တယ်။ ရေချိုးတဲ့အခါ
ရေပူကိုသာ သုံးပါ။ ယောဂကျင့် တာလဲ လေ့ကျင့်ခန်း တစ်မျိုးဖြစ်လို့ ကျီးပေါင်း အတွက် ကောင်းတယ်။ တရုတ် အပ်စိုက် ကုထုံးကလဲ အကျိုးရှိ နိုင်တယ်။ ဗမာဆေး ဆိုတာတွေလဲ စမ်းလို့ ရပါတယ်။ ဆေးပညာက အသိအမှတ် မပြုပေမယ့် ကောင်းတဲ့ နည်းတွေလဲ ရှိနိုင်တယ်။ ရောဂါပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်မှုတွေ တော့ ကွာခြား နိုင်ပါတယ်။

Healthcare.com.mm

Ref:
ဒေါက်တာ အေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18