Print

အသည်းကင်ဆာ

  25-Feb-2017
Preview Image

အသည်းသည် လူ့ခန္ဓာကိုယ်တွင် ညာဘတ်နံရိုးအောက်ပိုင်းနှင့် ဝမ်းဗိုက်အပေါ်ပိုင်း
တွင် တည်ရှိပြီး၊ ညာဘက်ခြမ်းနှင့် ဘယ်ဘက်ခြမ်းဟူ၍ ဆက်လျက်ရှိကာ ညာဘက်ခြမ်း
ကပိုကြီးသည်။ အလေးချိန် ၁၅၀၀ ဂရမ် ခန့်ရှိသည်။ အသည်းသည် ရိုးတွင်ခြင်ဆီက
သွေးနီဥများ ထုတ်လုပ်ရေးတွင် လိုအပ်သည့် ဗီတာမင်ဘီတွဲ၊ ဖောလစ်အက်ဆစ်၊ သံဓာတ်တို့ကို ခေတ္တသိုလှောင်ပေးသည်။ အသည်းသည် သက်တမ်းကုန်သည့် သွေးနီ
ဥများကို ဖျက်ဆီးပေးသည်။ အသည်းသည် သွေးထဲတွင်ရှိသည့် သွေးရည်ကြည်ပရိုတင်း (Plasmaprotein) ကို ထုတ်လုပ်ပေးသည်။ ယင်းတို့သည် ဇီဝဖြစ်စဉ်အတွက်လိုအပ်သည့်
ပစ္စည်းဖြစ်သည်။ ထို့အပြင် သွေးခဲပစ္စည်း (Clotting factors) များကိုလည်း
တည်ဆောက်ပေးသည်။ အသည်းသည် သွေးများကို ယာယီသိုလှောင်ထားနိုင်ပြီး အရေးပေါ်သုံးစွဲနိုင်သည်။ ခန္ဓာကိုယ်၏ ခုခံအားစနစ်အတွက် အဓိကကျသောအင်္ဂါ
တစ်ခုဖြစ်သည်။ အသည်းရှိ Kupffer ဆဲလ်များသည် ခန္ဓာကိုယ်တွင်း ဝင်လာသည့်
ပိုးများကို ဖျက်စီးနိုင်သည်။ အသည်းမှထုတ်ပေးသည့် သည်းခြေရည်သည် အစားအစာ
တွင်ပါသည့် အဆီဓာတ်ကို ချေဖျက်စုပ်ယူနိုင်ပြီး အဆီတွင်ပျော်ဝင်သည့်ဗီတာမင်များဖြစ်
သည့် A, D, E, K တို့ကို စုပ်ယူနိုင်သည်။ ထို့အပြင် အစာလမ်းကြောင်းမှစုပ်ယူပေးပို့သည်
အစာအာဟာရတို့ကို သိုလှောင်ခြင်း၊ ဖြိုခွဲခြင်း၊ အသွင်ပြောင်းခြင်းတို့ကို ဆောင်ရွက်
သည်။ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် အန္တရာယ်ရှိအဆိပ်အတောက်များ၊
ဆေးဝါးများကို အသည်းကဖယ်ရှားပေးသည်။ ပိုလျှံနေသည့် ပစ္စည်းများကိုလည်း အသွင်ပြောင်း၍ ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်ရန် ဆောင်ရွက်ပေးသည်။ အသည်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ထုတ်ပေးသည်။ အသည်းသည် ခန္ဓာကိုယ်
အတွင်းရှိ အင်္ဂါများအနက် အပူဓာတ်ကို ထုတ်လွှတ်သော အဓိကအင်္ဂါဖြစ်သည်။
ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးသည်။ 

ဖြစ်ပွားရသည့် အကြောင်းအရင်း
-----------------------------------

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးတို့သည် အသည်းကင်ဆာကို ဖြစ်စေသည်။ သို့သော် ထိုပိုးများရှိတိုင်း အသည်းကင်ဆာဖြစ်မည် မဟုတ်ချေ။ အသည်းရောင်
ဘီပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းသည် ဝေဒနာမခံစားရဘဲ။ သက်တမ်းစေ့နေနိုင်သည်။ ကျန် ၁၅ ရာခိုင်နှုန်းသည် အသည်းကင်ဆာအပါအဝင် နာတာရှည်အသည်း
ရောဂါများ ဖြစ်နိုင်သည်။ အသည်းရောင်စီပိုး စွဲကပ်ပြီး ၁၀ နှစ်မှ ၂၀ နှစ်ကြာမှသာ အသည်းကင်ဆာဖြစ်နိုင်သည်။ အသည်းရောင်ဘီပိုးရှိသည့် မိခင်မှမွေးလာသော ကလေး
ငယ်သည် အသက်ကြီးလာသည့်အခါ အသည်းရောင်ကင်ဆာဖြစ်နိုင်ခြေ သာမန်
လူများထက် အဆ ၁၀၀ ပိုသည်။ ယမ်းစိမ်းပါသည့် အစားအစာများ၊ ကျပ်တင်းထား
သည့် အစားအစာများကြောင့် အသည်းကင်ဆာဖြစ်နိုင်သည်။ မြေပဲ၊ ငရုတ်သီး၊ကြက်သွန်
တို့တွင် တွေ့ရသည့် မှိုတက်ခြင်းသည် အသည်းကင်ဆာအတွက် အဓိကအန္တရာယ်ဖြစ်
သည်။ ယင်းမှိုတွင်ပါရှိသည့် aflatoxin ခေါ် ဓာတုပစ္စည်းသည် အသည်းကိုထိခိုက်စေ
သော အဆိပ်ဖြစ်သည်။ မှိုတက်သည့်အစားအစာများကို မကြာခဏစားလျှင် အသည်း
ကင်ဆာဖြစ်သည်။ အစားအသောက်တွင်ပါရှိသော ဓာတုပစ္စည်းများကြောင့်လည်း အသည်းကင်ဆာဖြစ်သည်။ အစားအသောက်တွင် ခွင့်မပြုသည့် ချည်ထည်ဆိုးဆေး
များကြောင့် အသည်းကင်ဆာဖြစ်နိုင်သည်။ ပလတ်စတစ်သုံး ပစ္စည်းများတွင် ပါသည့် Vinyl Chloride အား မတော်မဆမျိုမိလျှင် အန္တရာယ်ရှိနိုင်သည်။ ယင်းသည် အသည်းကင်ဆာဖြစ်နိုင်သည့် ဓာတုပစ္စည်းဖြစ်သည်။ အရက်ကို ကြာရှည်သောက်
သူတို့တွင် အသည်းခြောက်ရောဂါဖြစ်ပြီး အသည်းကင်ဆာအထိ ဖြစ်နိုင်သည်။ အသည်း
ကင်ဆာလူနာ ၈၀ ရာခိုင်နှုန်းကျော်တွင် အသည်းခြောက်ရောဂါရှိသည်ကို တွေ့ရသည်။
မွေးကင်းစကလေးငယ်များအား အသည်းရောင်ဘီပိုး ကာကွယ်ဆေးကို မွေးဖွားပြီး ၁၂ နာရီအတွင်း ထိုးပေးပါက အကောင်းဆုံးဖြစ်သည်။ အသည်းရောင်စီပိုး ကာကွယ်ဆေး
မှာမူ မရှိသေးချေ။ သွေးမှတစ်ဆင့် ဘီပိုး၊ စီပိုး မကူးစက်နိုင်ရန် လိုအပ်မှသာ သွေးသွင်း
ခြင်း၊ သွေးနှင့်မထိမိရန် ဂရုပြုခြင်း၊ သွေးသွင်းခြင်းကို ဘီပိုး၊ စီပိုး စစ်ဆေးပြီးမှ
ဆောင်ရွက်ခြင်း ပြုသင့်သည်။

ရောဂါလက္ခဏာများ
----------------------

အသည်းကင်ဆာဖြစ်လျှင် စောစောပိုင်းတွင် ရောဂါလက္ခဏာများ သိသာထင်ရှား
စွာမရှိချေ။ ရောဂါရင့်လာမှ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊
မောပန်းနွမ်းနယ်ခြင်း၊ အားမရှိသကဲ့သို့ ခံစားရခြင်းတို့ဖြစ်သည်။ ထို့အပြင် ဗိုက်အောင့်ခြင်း၊ ဗိုက်ထဲတွင် အလုံးစမ်းမိခြင်း၊ ဖျားခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း၊ ဗိုက်တွင်ရေဖျဉ်းစွဲခြင်းတို့ကို ခံစားရသည်။

ရောဂါရှာဖွေခြင်း
-------------------

အသည်းကင်ဆာကို ရှာဖွေရန် အဓိကအားဖြင့် အာထရာဆောင်းရိုက်သည်။
အာထရာ ဆောင်းရိုက်ခြင်းဖြင့် ၂ စင်တီမီတာထက် သေးငယ်သည့် ကင်ဆာအလုံးလေး
များအထိ ရှာဖွေတွေ့ရှိနိုင်သည်။ ကင်ဆာတည်နေရာ၊ အလုံးအရေအတွက်၊ သွေးကြော (Portal Vein) အတွင်း ပျံ့နှံ့မှု ရှိမရှိတို့ကိုတွေ့နိုင်သည်။ အာထရာဆောင်းဖြင့် မပြတ်
သားက ကွန်ပြုတာဓာတ်မှန်ရိုက်ခြင်း (CT scan ) ကို ဆက်လက်လုပ်ဆောင်နိုင်သည်။
သွေးထဲရှိ alpha-fetoprotein (AFP) ခေါ် ပရိုတင်းဓာတ်တစ်မျိုးကို စစ်ဆေးနိုင်သည်။ ယင်းမှာ သန္ဓေသားဘဝတွင် အသည်းကထုတ်လုပ်သည့် ပရိုတင်းဓာတ်တစ်မျိုးဖြစ်သည်။
အသက်အရွယ်ရလာသည်နှင့်အမျှ AFP ကို ပမာဏနည်းသွားသည်။ သို့သော် အသည်း
ကင်ဆာဆဲလ်များက AFP ကို ထုတ်လုပ်ပေးသည့်အတွက် အသည်းကင်ဆာလူနာတွင် AFP များလာသည်ကိုတွေ့ရသည်။ အသည်းကင်ဆာအပြင် အသည်းရောင်ရောဂါ၊ အသည်းခြောက်ရောဂါတို့ကို AFP အနည်းငယ်များနိုင်သည်။ AFP ၂၅၀၀ ng/ ml ထက်များပါက အသည်းကင်ဆာဖြစ်သည်ဟု ဆိုနိုင်သည်။ သေးငယ်သည့် ကင်ဆာအလုံး
များသည် AFP အလွန်မတက်ဘဲ ပုံမှန်အတိုင်း ရှိနေတတ်သည်။ သို့ဖြစ်၍ အာထရာ
ဆောင်းရိုက်ခြင်းနှင့် AFP စစ်ဆေးခြင်းကို အတူပူးတွဲပြုလုပ်သင့်သည်။

ကုသခြင်း
------------

အသည်းကင်ဆာသည် ကုသရခက်ခဲ၍ ရောဂါပျောက်ကင်းနှုန်း နည်းသည်။ အသည်း ကင်ဆာရောဂါဖြစ်နှုန်း သိသိချင်း အလုံးမကြီးမီ အသည်းအလုံးကို ခွဲစိတ်
ကုသနိုင်သည်။ ထို့အပြင် အသည်းအစားထိုးကုသနိုင်သည်။ အခြားကုသနည်းများတွင် ကင်ဆာအလုံးအတွင်းသို့ ၁၀၀ ရာခိုင်နှုန်း ethanol ထိုးခြင်း၊ radiafrequency လှိုင်းများဖြင့် ဖျက်စီးခြင်းတို့သည် ရောဂါသေချာပျောက်ကင်းမည်ဟု အာမ မခံချေ။
ကင်ဆာအလုံးသေးသွားရန်နှင့် အသည်းကင်ဆာဆဲလ်များ မပွားနိုင်ရန် အသည်း
သွေးကြောကို ပိတ်ဆို့ခြင်း၊ ကင်ဆာအလုံးနေရာကို ဆေးထိုးခြင်းတို့ကို ပြုလုပ်နိုင်သည်။
ယင်းနည်းများက ကင်ဆာကို လုံးဝ မပျောက်ကင်းစေသော်လည်း ရောဂါကိုထိန်းထား
သည့် အခြေအနေရှိသည်။ အသည်းကင်ဆာလူနာ ၁၀ ရာခိုင်နှုန်းသာ ခွဲစိတ်ကုသရန် သင့်လျော်ကြောင်း တွေ့ရလေ့ရှိသည်။ အများစုမှာ ရောဂါဖြစ်မှန်းသိချိန်သည်
နောက်ကျနေသဖြင့် အသည်းအစားထိုးကုသမှု ပြုလုပ်ရန် မလွယ်ကူချေ။

ကာကွယ်ရေး
---------------- 

အသည်းကင်ဆာဖြစ်ပွားမှုကို ကာကွယ်ရန် ယမ်းစိမ်း ( ပိုတက်စီယမ် နိုက်ထရိတ်) ပ်သည့် ဝက်အူချောင်း၊ ကြက်အူချောင်း စသည့်အစားအစာများ၊ ကျပ်တင်းထားသော အစားအစာများ၊ ဓာတုပစ္စည်းများပါသော အစားအစာများအား ရှောင်ကြဉ်ရမည်ဖြစ်
သည်။ ငရုတ်သီး၊ ကြက်သွန်များ မှိုတက်နေပါက ရေဆေးပစ်သော်လည်း မှိုများလုံးဝ
ကင်းစင်ရန် မလွယ်ကူသဖြင့် မှိုတက်ပြီးဆိုလျှင် လွှင့်ပစ်ရန်သာဖြစ်ပါသည်။ နှမြောပြီး စားပါက ရောဂါကို ဝယ်ယူသကဲ့သို့ သာဖြစ်မည်။ အသည်းရောင်အသားဝါ ဘီပိုးကြောင့်
အသည်းကင်ဆာဖြစ်နိုင်သဖြင့် ဘီပိုး ကာကွယ်ဆေးကို မပျက်မကွက်ထိုးသင့်သည်။ ဦးစွာမိမိတွင် ဘီပိုးရှိမရှိ သွေးထဲရှိ HBsAg ကို စစ်ဆေးရမည်ဖြစ်သည်။ ဘီပိုးမတွေ့လျှင် ဘီပိုးကာကွယ်ဆေးကို ထိုးနိုင်သည်။ ပထမအကြိမ် စထိုး၍ တစ်လအကြာတွင် ဒုတိယ
အကြိမ်၊ ပထမအကြိမ်ထိုးပြီး ၆ လအကြာတွင် တတိယအကြိမ် ထိုးရန်ဖြစ်သည်။
ကာကွယ်ဆေးကို လက်မောင်းရင်းတွင် အသားထဲသို့ ထိုးသည်။ စုစုပေါင်း ၃ ကြိမ်ပြည့်
အောင် ထိုးမှသာ ၅ နှစ် ကာကွယ်မှုရမည်ဖြစ်သည်။ အရက်သောက်လျှင် အသည်း
ခြောက်ခြင်းမှတစ်ဆင့် အသည်းကင်ဆာ ဖြစ်နိုင်သဖြင့်အရက်သောက်ခြင်းကို
ရှောင်ကြဉ်သင့်သည်။ အသည်းရောင်အသားဝါဘီပိုး စွဲကပ်တိုင်း အသည်းကင်ဆာမဖြစ်
လာ နိုင်သော်လည်း ယင်းပိုးများ ကြာရှည်စွဲကပ်ခံရလျှင် အသည်းကင်ဆာဖြစ်နိုင်ခြေ
ပိုများသည်။ 

Ref: 
ဒေါက်တာအောင်သန်း
အဖြစ်များသော ကင်ဆာရောဂါများ

Healthcare.com.mm
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18