အမွှေးတိုင်ရဲ့ အခိုးအငွေ့တွေဟာ ဆေးလိပ်ထက်ပိုပြီး ကင်ဆာဖြစ်နိုင်ချေ မျာ...
25-Feb-2017
အာရှတိုက်အတွင်းမှာ ရှိတဲ့ ဘုံကျောင်းတွေ ၊ ဘုရားရှိခိုးကျောင်းတွေ နဲ့ အနောက်တိုင်းမှာ ရှိတဲ့ လမ်းသရဲ တစ်ချို့ကြောင့် အမွှေးတိုင်တွေဟာ တစ်ကမ္ဘာလုံးမှာ မွှန်ထူနေအောင် လောင်ကျွမ်းနေပါပြီ။
ဒါပေမယ့်လည်း အဲဒီလို အမွှေးတိုင်တွေက ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ စီးကရက်သောက်တာထက် ပိုမိုပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို အဆိပ်ဖြစ်စေနိုင်တယ်လို့ သုတေသန အသစ် တစ်ခုက သတိပေးလိုက်ပါတယ်။
ဒါ့အပြင် ထိုလေ့လာမှု ကတွေ့ရှိခဲ့တာတွေကတော့ အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာ စီးကရက် ကြောင့် ဖြစ်တဲ့ အခိုးအငွေ့တွေထက်ပိုပြီး အဆိပ်ဖြစ်မှု ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို အဆိပ်ဖြစ်မှု တွေဟာ မျိုးရိုးဗီဇ ဆိုင်ရာ သန္ဓေပြောင်းလဲ ခြင်းတွေနဲ့ DNA ဆဲလ်မှာ ပြောင်းလဲမှု တွေကို ဖြစ်ပေါ်စေပြီးတဲ့နောက် ကင်ဆာဆဲလ် တွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ လေ့လာမှု က ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် အဆုတ်နဲ့ ပတ်သက်ပြီး ရောဂါ အခံ ရှိသူတွေအနေနဲ့ အမွှေးတိုင်ကြောင့်ဖြစ်တဲ့ အခိုးအငွေ့ကို ရှောင်ရှားတာဟာ အကောင်းဆုံး ဖြစ်မှာပါ။ အမွှေးတိုင်ဆိုတာဟာ လွှစာ ပါဝင်တဲ့ ၀ါးချောင်းကို လိုအပ်တဲ့ အဆီတွေ သုတ်လိမ်းထားတာဖြစ်တဲ့အတွက် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းတဲ့အခါ ထိုပါဝင်ပစ္စည်းတွေအားလုံးဟာ လေထဲကို လွင့်ထွက်သွားပါတယ်။
ထို အခိုးအငွေ့တွေကို ရှုရှိုက်လိုက်မိတဲ့အခါမှာတော့ ထို ပါဝင်ပစ္စည်းအားလုံးဟာ အဆုတ်ထဲကို ဝင်ရောက်သွားပါတယ်။ ထို ဖြစ်စဉ်ကိုတော့ နှိုးဆွခြင်း တုံ့ပြန်မှု လို့ ခေါ်ပါတယ်။
ဒါကြောင့် အခုကစပြီး အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာ လေထု ညစ်ညမ်းမှု တစ်ခုတည်းကို ဖြစ်စေနိုင်တာမဟုတ်ပဲ ၊ အဆုတ်ကင်ဆာ ၊ လူကေးမီးယား နဲ့ ဦးနှောက် အသားပိုတွေကို လည်း ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာကို ထိုလေ့လာမှု က ပြသ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။
ထို လေ့လာမှုကိုတော့ တရုတ်နိုင်ငံက China Tobacco Guangdong Industrial Company က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ထို လေ့လာမှုကိုတော့ Environmental Chemistry Letters ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Healthcare.com.mm
Ref;
ကျန်းမာရေး, ဗဟုသုတ
ဖိုးသူတော်
Credit : FBHealthChat
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

