Print

ကင်ဆာ

  30-Dec-1899
Preview Image

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ
ဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောရရင်တော့ -

ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်
------------------------------------------------------

အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ဝယ်ဝယ် ၊ လက်ဖက်ရည်၊
ကော်ဖီ ၊ အသုပ်စုံတွေ ၊ ထုံချိုင်းတွေ ၊ အကြော်စုံတွေ ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်
စတစ်တွေ ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ် စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း ( Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ
ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနို်မာ ( Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ် ။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်း
ကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစား
အသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။ ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း ( Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေလုံးဝအသုံးမပြုဘဲ
တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့ ။

အချဉ်ရည်နဲ့ ကင်ဆာရောဂါ
-----------------------------

အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ် ၊ အစာအိမ် အူလမ်းကြောင်း ၊ ကင်ဆာ
ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း ( H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို
ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်
ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ ။ ရေရှည်စားသုံး
ရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

နှာခါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေ
တဲ့ ခြင်ဆေးခွေ
-----------------------------------------------------------------------------------------

ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေ
တစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်
များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။

အချိုရည်နှင့် ဂျယ်ရီများ
-----------------------

အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါ၀ါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါ၊
အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်
မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေး
ပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။

မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ
------------------------------------

ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။

တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ
-----------------------------------------------

တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း
သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

ကော်ဖီမစ်များ ( Coffeemix)
-------------------------------

ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။၄င်းရယ်ဒီမိတ်
ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊
နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်
ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို
ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား
အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ဝယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရော
ဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

အရောင်ချွတ်ထားသော အစားအသောက်များ
------------------------------------------------

နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ၀ါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံး
ဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများ
သည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်
ကြပါစို့။

ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ
-----------------------------------------------

တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အဝါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်
ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေ
သဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။

သတိထားသင့်သော အသီးအနှံများ
-------------------------------------

ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ်
ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။ ထို့အပြင် လူသေကောင်
မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်
မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။ အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့်
ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။ ပလတ်စတစ်
ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ် ဆိုက်ဇာ
ဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။

ပဲဆီ၊နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား
----------------------------------------------------

အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီ
ထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ဝယ်ထားတဲ့ ၂၅ဝကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။
ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီစျေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက စျေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ စျေးကွက်ထဲမှာ ၈၀% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွနု်ပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း

အချိုမှုန့်နှင့် ကြက်သားမှုန့်များ
------------------------------

အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြော
ထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်
ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့်
ရှောင်ကြဉ်သင့်ပါသည်။ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ ၊
ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။

Healthcare.com.mm

Ref:
Stop Cancer
Consumer Protection Association ( Myanmar )
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18