Print

အူကျရောဂါဆိုင်ရာ အချက်အလက်များ

  25-Feb-2017
Preview Image

ဆက်စပ်တစ်သျှူး (သို့မဟုတ်) ဝန်းရံထားသည့် ကြွက်သားများ ရှိ အားပျော့သော
နေရာကို ကိုယ်တွင်းအင်္ဂါတစ်ခု (သို့မဟုတ်) အဆီတစ်သျှူးတစ်ခုက ညှစ်ထွက်သည့်
အခြေအနေကိုအူကျသည်ဟု ခေါ်သည်။ အဖြစ်အများဆုံး အူကျရောဂါအမျိုးအစားမှာ
ပေါင်ခြံအတွင်း ပိုင်းအူကျရောဂါ၊ ချက်ကြောဆိုင်ရာအူကျွံခြင်း၊ ခွဲစိတ်ကုသမှုနှင့် ဆိုင်သော အူကျရောဂါ၊ ပေါင်ခြံအပြင်ဘက်တွင် အူကျခြင်းနှင့် ဝမ်းဗိုက်အပေါ်ပိုင်းတွင် အူကျွံခြင်းတို့ဖြစ်သည်။ အူသိမ်(သို့မဟုတ်) ဆီးအိမ်က ဝမ်းဗိုက်နံရံ (သို့မဟုတ်)
ပေါင်ခြံအပေါ်ပိုင်းနေရာကို ထိုးထွက်သောအခါ ပေါင်ခြံအတွင်းပိုင်း အူကျခြင်းဖြစ်ပေါ်
သည်။ ပေါင်ခြံတွင်းအူကျခြင်းအားလုံး၏ ၉၆ ရာခိုင်နှုန်းမှာ ပေါင်ခြံအတွင်းပိုင်း
အူကျခြင်းဖြစ်ပြီး ယင်းနေရာတွင် သဘာဝအလျောက်အားနည်းခြင်းကြောင့် အမျိုးသား
များ၌ အဖြစ်များသည်။ ခွဲစိတ်ကုသမှုနှင့်ဆိုင်သော အူကျရောဂါမှာ ယခင်ခွဲစိတ်
ကုသထားသော နေရာ၌ ဝမ်းဗိုက်ပိုင်းနံရံကို အူသိမ်က တွန်းထွက်ခြင်း ဖြစ်သည်။ ယင်းအူကျရောဂါအမျိုးအစားကို ဝမ်းဗိုက်ပိုင်းခွဲစိတ်ကု သမှု ခံယူပြီးနောက် ကိုယ်လက်
လှုပ်ရှားမှုမရှိသည့် သက်ကြီးရွယ်အို များ (သို့မဟုတ်) ကိုယ်အလေးချိန် ပိုများလာ
သူများတွင် အဖြစ်များသည်။ ပေါင်ခြံအပြင်ဘက် အူကျရောဂါမှာ အူသိမ်က ပေါင်ခြံသွေး
ကြောမ ပေါင်အပေါ်ပိုင်း ဝင်ရောက်ရာနေရာသို့ ထိုးဖောက်ဝင် ရောက်ခြင်းဖြစ်သည်။ ယင်းအူကျရောဂါအမျိုးအစားကို အဝလွန် (သို့မဟုတ်) ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြုံတွေ့ရမှုများသည်။ ချက်အနီး ဝမ်းဗိုက်ပိုင်းနံရံကို အူသိမ်အူမွှားက ထိုးထွက်ခြင်း အခြေအနေကို ချက်ကြောဆိုင်ရာ အူကျရောဂါဟု ခေါ်သည်။ ယင်း အခြေအနေမျိုး
ကို မွေးကင်းစကလေးငယ်များနှင့် ကလေးအများကြီးမွေးထားသော အမျိုးသမီးများ (သို့မဟုတ်) အဝလွန်သော အမျိုး သမီးများ ကြုံတွေ့ရတတ်သည်။အစာအိမ်
အပေါ်ပိုင်းနေရာက အစာပြွန်ဖြတ်သန်းရာ ကြွက် သားရှိ ပွင့်နေသော နေရာကို ဖြတ်၍ ထိုးထွက်ခြင်းကို ဝမ်းဗိုက် အပေါ်ပိုင်း အူကျွံခြင်းဟု ခေါ်သည်။ 

Healthcare.com.mm

Ref:
ဖိုးသူတော် 
Credit : 7Day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18