Print

"ဆေးလိပ်ဘယ်လိုဖြတ်မလဲ"

  25-Feb-2017
Preview Image

၁။ ပထမတစ်ရက်မှာ Nicotine ချို့တဲ့မှုဟာ ခံရခက်ပါတယ်။ အချိန်ခိုးတဲ့ အနေနှင့် မအိပ်ခင် ဆေးလိပ်မသောက်ပဲ အိပ်ရာဝင်အိပ်စက်ပါ။ သင်နိုးလာတဲ့အချိန်မှာ သင်ဆေးလိပ်ပြတ်သွားတာ အနဲဆုံး ဆယ်နာရီကျော်ကြာသွားပါပြီ။

၂။ ရေများများသောက်ပါ။

၃။ ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရင် လမ်းထလျှောက်ပါ။ ဒါမှမဟုတ် ဂိမ်းတစ်ခုခုဆော့တာပဲဖြစ်ဖြစ် လုပ်ပါ။ ဆေးလိပ်သောက်ချင်စိတ်ဟာ ၅မိနစ်ကြာပဲ ခံပါတယ်။ ခဏကြာရင် သင်ဆေးလိပ်သောက်ချင်တာ မေ့သွားပါလိမ့်မယ်။

၄။ ဘာလို့ဖြတ်ချင်တာလဲကို သတိရပါ။ အသက်ရှူလိုက်တိုင်း တဖြည်းဖြည်းပိုပေါ့ပါးလာပြီး သင့်ခံတွင်းလဲ ပိုလိုက်လာတာကို သတိပြုပါ။ ကောင်းကျိုးတွေကို ခံစားခြင်းဖြင့် ဆေးလိပ်ပြန်သောက်ပါက ရလာမည့်ဆိုးကျိုးများကို စဉ်းစားပြီး စိတ်ဓာတ်ကို ခိုင်မာလာအောင်မွေးပါ။

၅။ သင့်အတွက် အရမ်းခံရခက်လျှင် ဆရာဝန်နှင့်ပြပါ။ သူတို့တွေဆီမှ Nicotine patch ကိုသုံး၍ လက်မှာကပ်ထားနိုင်ပါသည်။
ဆေးလိပ်ဖြတ်စဉ် ကတုန်ကယင် ခန္ဓာကိုယ်က ဖြစ်တာ မကြာပါဘူး။ ၇၂ နာရီ (၃ ရက်) အကြာမှာ သင့်ခန္ဓာကိုယ်ထဲမှာ Nicotine လက်ကျန်လုံးဝမရှိတော့ပါဘူး။ စဉ်းစားကြည့်ရင် ၃ရက်ဆိုတာ သင်ရရှိမယ့် ရောဂါတွေနဲ့ အသေစောရမှာအတွက်ဆို ခဏလေးပါ။ သုံးရက်ပြီးသွားတာနဲ့ ဒီ Nicotine ဇယားတစ်ခန်းရပ်ပါပြီ။

Nicotine ပျက်ပြီဆိုတော့ ပြီးပြီပေါ့ဗျာ လို့ သင်တွေးချင်တွေးပါမယ်။ အဲလောက်မလွယ်ပါဘူး။
ဆေးလိပ်စွဲတယ်ဆိုတာ Nicotine တစ်ခုထဲ စွဲတာမဟုတ်ပဲ၊ လုပ်နေကျ အမူအကျင့်ကိုလဲ စွဲပါတယ်။ ဆေးလိပ်ဖျက်တာကြာပြီဆိုရင်တောင် ဒီလို အလုပ် ၁ဝမိနစ် နားချိန်လေး၊ ထမင်းစားပြီးချိန် လေး၊ အိပ်ရာနိုး မနက်ခင်း ကော်ဖီချိန်လေး စတဲ့ အချိန်တွေက အကျင့်လေးတွေကို သတိရနေအုန်းမှာ ပါပဲ။ နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ အကျင့်က ခဏလေးမေ့ဖို့ မလွယ်ပါဘူး။ ဒီလို စိတ်အမူအကျင့်တွေကို ဖြေးဖြေးချင်း ဖျောက်ပါ။ သင် လုပ်နိုင်ပါတယ်။
ကဲဗျာ.. ဒါဆိုဒီတစ်ခါတော့ တစ်ကယ်ပြီးပြီပေါ့။ စိတ်မလောပါနဲ့ဦး မိတ်ဆွေ။ အဲလောက်လွယ်ရင် ဒီစာကိုတောင် မရေးတော့ပါဘူး။ ဆေးလိပ်ဖြတ်ပြီးတဲ့ လူဆယ်ယောက်မှာ ခုနှစ်ယောက်က ပြန်လည် သောက်ဖြစ်ပါတယ်တဲ့။ ဆေးလိပ်ဖျက်ပြီး တစ်ပတ် နှစ်ပတ်အကြာမှာ သင့်ကိုသင် ယုံကြည်မှုတက်လာပါလိမ့်မယ်။ အဲဒါကပဲ
ငါထိန်းနိုင်ပါတယ်၊ တစ်လိပ်က ပြသနာမရှိပါဘူး ဆိုပြီး သင်တွေးပြီး သောက်မိတတ်ပါတယ်။ တစ်လိပ်ကုန်သွားပြီဆိုတာနဲ့ သင့်ရှုံးနိမ့်မှုအတွက် စိတ်ညစ်ပြီး ပိုပိုသောက်မိမှာ ကျိန်းသေပါပဲ။
တစ်လိပ်လောက် မထိန်းနိုင်ပဲ ပြန်သောက်မိတဲ့အခါ တစ်လိပ်မှာရပ်ပါ။ အပြစ်ရှိတယ်လို့ မခံစားပဲ ဒါလေးရပ်လိုက်ပြီး မနှောင်းခင် ပြန်စပါ။ သုတေသန အဆိုအရ ဆေးလိပ်ပြတ်သွားသူအများစုဟာ ငါးခေါက်မျှ ကြိုးစားခဲ့ရကြောင်းဆိုပါတယ်။ ပြန်မသောက်မိအောင် သင်ထိန်းနိုင်ပါက အောင်မြင်ပါပြီ။

Healthcare.com.mm

Ref:
Myanmar Health Tips



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18