Print

လည်ပင်းကျီးပေါင်းရောဂါကို သဘာဝကျကျကုသနည်း

  25-Feb-2017
Preview Image

လည်ပင်းကျီးပေါင်းရောဂါ ဖြစ်ပွားသူများအတွက် သဘာဝကျကျကုသနည်းအား ဖော်ပြလိုက်ပါသည်။
စက်ဘီးစီးခြင်း၊ ရေကူးခြင်း သည်ကျောရိုးမကြီးအတွက် မရှိ မဖြစ် လိုအပ်သောအာဟာရကိုပေး စွမ်းပြီး၊ အရိုးများယိုယွင်းမှုကို နှောင့် နှေးစေသည်။ 
ကြက်သွန်ဖြူကို တစ်နေ့လျှင် ၂-၃မွှာစားပေးပါ (သို့) ကြက်သွန်ဖြူ (၁၀)မွှာ(၆ဝဂရမ်)ကို ကြော်ပါ။ အအေးခံပြီး နာကျဉ်ကိုက်ခဲသော နေရာတစ်ဝိုက်ကိုလိမ်းပေးပြီး (၃)နာရီခန့်ထားပါ။ ထို့နောက် ရေနွေး ဖြင့်ရေချိုးပါ။ အနည်းဆုံး (၁၅) ရက် လုပ်ပါ။ လည်ပင်းကျီးပေါင်းခံစားရသူများ တစ်နေ့လျှင် (၄)ကြိမ်စားပါ။
ပေါင်မုန့်၊ ဟင်းရွက်ပြုတ်၊ နို့၊ အသုတ်စသည်တို့ကို နည်းနည်းချင်း သာစားပါ။ များများစားလျှင် ရင်မ ချောင်ခြင်း၊ ပျို့အန်လိုခြင်း ဖြစ်တတ် ပါသည်။ ကယ်စီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင် စီ၊ ဖော့စ်ဖရပ်နှင့် ပရိုတိန်း ပါဝင်သော အစာများကိုစားပါ။
ယောဂလေ့ကျင့်ခန်းများကို တစ်နေ့လျှင် (၂)ကြိမ် (၅)မိနစ်မှ (၁၀)မိနစ်ခန့်ပြုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျီးပေါင်းအတွက် အဓိကဆေးတစ်လက်ဖြစ်သည်။ သံပရာရည်ကို ဆားနှင့်ရော၍ တစ်နေ့လျှင် (၂)(၃)ကြိမ်သောက်ပါ။ Margosa သို့ neem tree များ၏ အရွက်၊ အသီးများကို နေ့စဉ် စားသုံးသည့်အလေ့အကျင့်ကို ပြု လုပ်ပေးပါ။ ရောဂါကို သက်သာ စေမည်။
ဆေးရွက်ကြီး၊ စီးကရက်၊ ဆေး လိပ်သောက်ခြင်းကို ရှောင်ပါ။ကဖင်းဓာတ်ကြွယ်ဝသော ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာများ လုံးဝမသောက်ပါနှင့်။သကြားလုံးစားခြင်း၊ ချဉ်သော အစားအစာများ၊ အငန်ကဲသော အစားအစာများကို မစားပါနှင့်။လတ်ဆတ်သော သစ်သီးများ၊ ကော်ဖီ၊ ခရမ်းချဉ်၊ ဆလတ်၊ မုန်လာဥဖြူ၊ သခွာသီးအစရှိသည့် ဟင်းသီး ဟင်းရွက်များစားပါ။နေ့စဉ်ရေပူနှင့် ရေချိုးသော အလေ့အကျင့်ကိုလုပ်ပါ။ လည်ပင်း ကျီးပေါင်း ကော်လာဝတ်ဆင်ရသူ များအတွက် ရေပူနှင့်ရေချိုးခြင်းက အထောက်အကူဖြစ်စေသည်။ ခါးသော၊ လက်သော ဟင်းသီး ဟင်းရွက်များ၊ ဥပမာ ဒန့်သလွန်၊ ကြက်ဟင်းခါးသီး တို့ကို စားပေးပါ။ ထမင်းအစား၊ ဂျုံစေ့ဆန်ကို အစားထိုးစားပါ။ 
သို့သော် ဂျုံမှုန့်၊ ရွှေချီမှုန့်တို့ကို စားသုံးခြင်းရှောင်ပါ။ ေ
ရအေးနှင့်ရေချိုးခြင်း၊ အအေး ခံခြင်းတို့ကိုရှောင်ပါ။ စာရေးစာဖတ် ရာတွင် အနေအထားမမှန်ခြင်း၊ ပြင်း ထန်သောလည်ပင်း လေ့ကျင့်ခန်းများ ကို သတိထားရှောင်ရှားပါ။ အိမ်ပြင်ထွက်သည့်အခါတိုင်း လည်ပင်းကို လည်စည်း၍သွားပါ။

Ref : Health Updates Journal
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
October 25



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18