Print

သွေးအားနည်းခြင်းရောဂါ (Anemia)

  25-Feb-2017
Preview Image

သွေးအားနည်းရခြင်းမှာ ခန္ဓာကိုယ်တွင် ပျက်စီးသွားသော သွေးနီဥများကို အလျင်မှီအောင် ပြန်လည် အစားမထိုးနိုင်သောကြောင့် ဖြစ်သည်၊ အမျိုးသမီးများသည် ဓမ္မတာလာနေချိန်တွင် သွေးဆုံးရှုံးသောကြောင့် သွေးအားနည်းရောဂါကိုအပျိုဖော်ဝင်ချိန်နှင့် သွေးဆုံးချိန်ကြား ကာလအတွင်းတွေ့နိုင်ပါသည်။ ကမ္ဘာပေါ်ရှိ
ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ တစ်ဝက်တွင် သွေးအားနည်း ရောဂါရှိတတ်သည်။ အကြောင်းမှာ ကြီးထွား နေသော ရင်သွေးအတွက် သွေးပိုမိုလိုအပ်ခြင်းကြောင့်ဖြစ်သည်။
သွေးအားနည်းခြင်းသည် အရေးကြီးသော နာမကျန်းမဖြစ်သည်။ ၄င်းကြောင့် အမျိုးသမီးတွင် အခြား ရောဂါများ ဖြစ်ပေါ်တတ်ပြီး သူမ၏ အလုပ်လုပ်နိုင်စွမ်းနှင့် လေ့လာသင်ယူနိုင်စွမ်း တို့ကိုထိခိုက်စေသည်။

လက္ခဏာများ
--------------
• နှုတ်ဖြူရော်သော မျက်ခွံအတွင်းဘက်၊ လက်သည်းများနှင့် နှုတ်ခမ်းအတွင်းဘက်။
• အားနည်းခြင်းနှင့် မောပန်းခြင်း။
• မူးဝေခြင်း၊ အထူးသဖြင့် ထိုင်နေရာမှ (သို့) အိပ်နေရာမှ ရုတ်တရက်ထသော အခါဖြစ်ခြင်း။
• အသက်ရှုကြပ်ခြင်း။
• ရင်ခုန်မှု မြန်ဆန်ခြင်း။

သွေးအားနည်းခြင်းအကြောင်းအရင်းများ
-------------------------------------------
အဓိကအကြောင်းအရင်းမှာ သံဓါတ်ပါရှိသော အစာများကို လုံလောက်စွာ
မရရှိခြင်းကြောင့်ဖြစ်သည်။ သံဓါတ်သည် သွေးနီဥများကို ပြုလုပ်ရန် လိုအပ်သည်။
အခြားအကြောင်းရင်းများမှာ-
ငှက်ဖျားရောဂါ (သွေးနီဥများကိုဖျက်ဆီးသည်)
သွေးထွက်ခြင်း အမျိုးမျိုး-
• ရာသီသွေးများစွာလာခြင်း (သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD)ကြောင့်လည်း ဖြစ်နိုင်သည်)။
• သားဖွားခြင်း။
• ဝမ်းကိုက်ခြင်း၊ ကပ်ပါးပိုးနှင့် သန်ကောင်များကြောင့် သွေးဝမ်းသွားခြင်း။
• အစာအိမ် အနာမှသွေးယိုခြင်း။
• သွေးထွက်များသောဒဏ်ရာ။

ကုုသခြင်းနှှင့့်် ကာကွယ်ခြင်း
------------------------------
• အကယ်၍ ငှက်ဖျားရောဂါ၊ ကပ်ပါးပိုးများ (သို့) သန်ကောင်များကြောင့် သွေးအားနည်းနေပါက ထိုရောဂါများ ကို ဦးစွာကုသရမည်။

• သံဓါတ်ကြွယ်ဝသော အစားအစာများကို ဗီတာမင် A နှင့် C ကြွယ်ဝသော အစားအစာများနှင့် တွဲစားသုံးခြင်း ဖြင့် ခန္ဓကိုယ်သည် သံဓာတ်များကို ပိုမိုစုပ်ယူနိုင်သည်၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီးစသော ရှောက်အမျိုး အနွယ် အသီးများနှင့် ခရမ်းချဉ်သီးများသည် ဗီတာမင် C ကြွယ်ဝသည်။ အဝါရောင်ရင့် ဟင်းသီးဟင်းရွက်များ နှင့် အစိမ်းရောင်ရင့် အရွက်များသည် ဗီတာမင် C ကြွယ်ဝကြသည်။

• ကော်ဖီ၊ လက်ဖက်ရည်နှင့် ဖွဲနုများကို အစားအစာနှင့် တွဲမစားသင့်ပါ၊ ဤအရာများသည် အစားအစာများထဲရှိ သံဓါတ်များကို ကိုယ်ခန္ဓမှ စုပ်မယူနိုင်အောင် တားဆီးပေးသည်။

• ရေသန့်ကို သောက်သုံးခြင်းဖြင့် ကပ်ပါးပိုးကို ကာကွယ်နိုင်သည်။

• အိမ်သာများကို အသုံးပြုခြင်းဖြင့် သန်ဥများသည် အစားအစာများနှင့် သောက်ရေ အရင်းအမြစ်သို့ မရောက်ရှိ နိုင်ပါ။

• အနည်းဆုံး ၂ နှစ်မျှ သားဆက်ခြားပေးပါ။ ထိုမှသာ ကိုယ်ဝန်တစ်ခုနှင့် တစ်ခုကြား ခန္ဓာကိုယ်အတွင်း သံဓါတ်အချို့ကို သိုလှောင်ထားနိုင်မည်။

Ref:WEAVE
29.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18