Print

ပန်းနာရင်ကျပ်

  25-Feb-2017
Preview Image

၁။ လူနာကို သက်သောင့်သက်သာရှိသော အနေအထားတွင် ထားရန်နှင့် သုံးစွဲနေကျ ပန်းနာရင်ကျပ် သုံးရှူဆေး (Inhaler) သုံးစွဲနိုင်ရန် ကူညီပါ။
ရုတ်တရက်ပန်းနာထပါက အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းလာပြီး အသက်ရှူရ ခက်ခဲ လာမည်ဖြစ်သည်။ ပန်းနာရင်ကျပ်ရှူဆေး (Inhaler) ကို အသုံးပြုခြင်းဖြင့် ပြွန်လမ်းကြောင်း ကြွက် သားများကို ပြေလျော့စေလျက် အသက်ရှူလမ်းကြောင်းကို ကျယ်သွား၍ လွယ်ကူစွာအသက်ရှူနို်င် အောင် လုပ်ဆောင်ပေးနိုင်သည်။

၂။ လူနာကိုအားပေးစကားပြောကြားပါ။ ပန်းနာထခြင်း ပြင်းထန်ပါက နီးစပ်ရာကျန်းမာရေးဆေးရုံ၊ ဆေးပေးခန်းသို့ပို့ပါ။
ပန်းနာထခြင်းအပျော့စားဖြစ်ပါက မိနစ်အနည်းအတွင်း သက်သာသွားပါလိမ့်မည်။ မသက်သာ ပါက (သို့) ပန်းနာရင်ကြပ်သုံးရှူဆေး (Inhaler) သုံး၍မထိရောက်ပါက အနီးဆုံးဆေးရုံ၊ ဆေးပေးခန်း သို့ ပို့ဆောင်ပါ။

ပန်းနာရင်ကျပ်ရောဂါဟူသည် အဘယ်နည်း။
ပန်းနာရင်ကျပ်ရောဂါဟူသည်မှာ အသက်ရှူလမ်းကြောင်းလေပြွန်များတွင် ဖြစ်ပေါ်သော အခြေအနေတစ်ရပ်ဖြစ်သည်။ ပန်းနာထပါက ယင်းအသက်ရှူလမ်းကြောင်း လေပြွန်များတွင် ယောင် ယမ်းကျဉ်းမြောင်းလာပြီး အသက်ရှူရခက်ခဲခြင်းကို ဖြစ်စေပါသည်။

တစ်စုံတစ်ယောက် ပန်းနာထပါက မည်သို့သိရှိကူညီနိုင်မည်နည်း။
ပန်းနာရောဂါ ခံစားနေရသူများသည် မိမိတို့အခြေအနေကို ကိုယ်တိုင်ဖြေရှင်းလေ့ရှိကြပြီး ရောဂါထပါက ပြုစုသူအားလည်း အသိပေးသင့်ပါသည်။ အသက်ရှူရခက်ခဲလာပြီး စကားပြောရခက် လာမည်။ချောင်းဆိုးလျှင် လေချွန်သကဲ့သို့ကြားနိုင်သည်။ ရောဂါထနေသူသည် အသက်ရှူရခက်ခဲခြင်း ကြောင့် နှုတ်ခမ်း၊ နားရွက်၊ လက်သည်းအရင်းပိုင်းများတွင် တစ်ခါတစ်ရံ ပြာနှမ်းနေတတ်သည်။ 

အသက်ရှူရပ်သွားပါက မည်သို့ကူညီရမည်နည်း။
တစ်စုံတစ်ယောက် သတိလစ်၍ အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းဖြစ်ပါက ကူညီနိုင်မည့် နည်းလမ်းများကို ဆက်စပ်ရှေါ်ဦးပြုစုနည်းများကဏ္ဍတွင် ဆက်စပ်ရှာဖွေဖတ်ရှုနိုင်ပါသည်။

ပန်းနာရင်ကြပ်သုံးရှူဆေးမရှိပါက မည်သို့ဆောင်ရွက်ရမယ်နည်း။
နီးစပ်ရာကျန်းမာရေးဆေးရုံ၊ ဆေးပေးခန်းများသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူသင့်ပါသည်။

မည်သည့်အချိန်တွင် နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းများသို့ သွားရောက်ပြသသင့်သနည်း။
“အောက်ပါတို့ဖြစ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းများသို့ သွားရောက်ပြသသင့်ပါတယ်။ 
- ပထမဆုံးအကြိမ် ပန်းနာထခြင်းဖြစ်လျှင် 
- အသက်ရှူရပ်သွားလျှင် 
- စကားပြောရခက်ခဲလာလျှင် 
- အားအင်ကုန်ခန်းလာလျှင်
- ကုသထားသောဆေး မထိရောက်လျှင်
- ကုသရန်ဆေးလက်ဝယ်မရှိလျှင်”

Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း
21.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18