Print

သွေးတိုးရောဂါ ဖြစ်ရခြင်း အကြောင်းရင်းများ

  25-Feb-2017
Preview Image

သွေးတိုး ရောဂါသည် အမျိုးသား များတွင် အဖြစ် များသော်လည်း ထိုအကြောင်းရင်း တစ်ခု တည်းကြောင့် မဟုတ်ပါ။ အောက်ပါ အချက်များကြောင့် လည်း ဖြစ်တတ်ပါသည်။

(၁) ကိုယ် အလေးချိန်များ နေခြင်း
(၂) အရက်အလွန် အကျွံ သောက်ခြင်း
(၃) စိတ်ဖိစီး မှုများသော လူနေမှု စရိုက်ရှိ ခြင်း
(၄) ဆား၊ အငန်စား သုံးမှု များခြင်း
(၅) ကိုယ်ကာယ လှုပ်ရှားမှု နည်းပါး ခြင်း
(၆) ကျောက်ကပ် ရောဂါဖြစ်ခြင်း စသည်တို ့ဖြစ်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ တွင် ဖြစ်ပေါ်လာ လေ့ရှိသော သွေး ဖိအားမြင့် တက်မှုသည် အသက် အန ္တရာယ်ဖြစ်စေ နိုင်သည့် ကိုယ်ဝန် ဆိပ် တက်ခြင်း၊ ကိုယ်ဝန်ဆိပ် မတက်မီ အကြိုအခြေ အနေ ခံစား ရခြင်းတို့ ဖြစ်ရန် အလားအလာ များသည်။ ကလေး မွေးပြီး သော အခါ မြင့် တက်နေ သော သွေး ဖိအား ပုံမှန်ပြန် ဖြစ်သွား လေ့ရှိသည်။

ဘာလုပ်သင့်သလဲ
--------------------

(၁) သွေးဖိအား မြင့်တက် နေသည် ကို သိရှိရန် အရေးကြီး သောကြောင့် အသက် ၃ဝ ကျော်သူတိုင်း အနည်း ဆုံး နှစ်နှစ်တစ်ကြိမ် သွေးဖိအား တိုင်း ခြင်း ကို ပုံမှန်ပြု လုပ်သင့်သည်။
(၂) သင်၏ သွေးဖိအား သည် ၁၄ဝ/၉ဝ mmHg ထက် များနေပါက သင်၏ ဆရာဝန်က ရက်သတ္တပတ် အနည်းငယ် အတွင်း သူ့ထံပြန် လာပြီး သွေး ဖိအား ပြန်တိုင်း ကြည့်ရန် ညွှန် ကြားပါ လိမ့်မည်။
(၃) ၃ ကြိမ်ခွဲ၍ တိုင်းသော အခါ ရရှိ သည့်မြင့် တက်နေသော သွေးဖိ အားမ ဟုတ်လျှင် သွေးတိုး ရောဂါရှိသည်ဟု များသော အားဖြင့် သတ်မှတ် လေ့ မရှိပါ။

သင်၏ ဆရာဝန်က အောက်ပါ စမ်းသပ်မှု များ ပြုလုပ်ရန် စီစဉ်ပါ လိမ့်မည်။

(၁) နှလုံးစမ်း သပ်မှုများ (နှလုံးစမ်း သပ်စက် နဃွ ရိုက်ခြင်း အပါအဝင်)
(၂) ပျက်စီး နေသော သွေးကြော များ ရှိ၊ မရှိ ရှာဖွေရန် မျက်စိစမ်းသပ် မှုများ
(၃)သွေးဖိ အားမြင့်တက် စေသည့် အကြောင်း ရင်းကို ဖော်ထုတ် နိုင်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း (ဆီး စစ်ခြင်း၊ ကျောက်ကပ် ရောဂါရှိ၊ မရှိသိ ရန် အာလ်ထရာ ဆောင်းရိုက်ခြင်း သို့မဟုတ် ဟော် မုန်းချို့ယွင်းမှု ပြဿနာ ရှိ၊ မရှိ စမ်းသပ်ခြင်း)

နောက် ဆက်တွဲ ရှုပ်ထွေး မှုများ ရှိပါ သလား
-------------------------------------------------

အကယ်၍ အလွန်ဆိုးဝါးသော သွေးတိုးရောဂါအား ကုသမှု မပေးခဲ့လျှင်
သွေးလွှတ် ကြောများ၊ နှလုံးနှင့် ကျောက်ကပ်များ ကိုထိခိုက်နိုင်သော အခွင့်အလမ်း များပါသည်။ ထိခိုက် ပျက်စီး သွားသော သွေးလွှတ်ကြော များသည် သွေးကြောမာ 
ခဲကျဉ်း မြောင်းခြင်း (Atherosclerosis) ဖြစ် ရန် အခွင့်အလမ်း များပါသည်။ ဤ သို့ဖြစ်ရခြင်းမှာ သွေးကြော နံရံများ အတွင်း အဆီခဲများ စုပုံလာပြီး ကျဉ်းမြောင်း လာကာ သွေးစီးဆင်းမှု နည်းပါး သွားခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီး
နောက် ကျောက်ကပ် အတွင်းရှိ သွေးလွှတ် ကြောများ ထိခိုက်သွားပြီး နာတာရှည်
ကျောက်ကပ်စွမ်း ရည်ကျဆင်းသည့်ရောဂါ ဖြစ်စေနိုင်ပါသည်။ မျက်စိ အတွင်းရှိ အမြင် အာရုံခံ လွှာသည်လည်း သွေးတိုးရောဂါကြောင့် ပျက်စီးနိုင်ပါသည်။

Ref: ဖိုးသူတော် (www.phothutaww.com)
Credit: ံHealth Digest
ကျန်းမာရေး, ဗဟုသုတ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18