Print

အဆုတ်ကင်ဆာ အကြောင်း သိကောင်းစရာများ

  25-Feb-2017
Preview Image

အဆုတ်ကင်ဆာရောဂါဟာ အမျိုးသားတွေရော ၊အမျိုးသမီးတွေပါ ဒုတိယ မြောက် အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာ ဖြစ်နိုင်တဲ့ လက္ခဏာတွေရှိလာရင်ပေါ့နေလို့ မဖြစ်တော့ပါဘူး။ အဆုတ်ကင်ဆာဆိုတာဟာ
aဆးလိပ်သောက်ခြင်း တစ်မျိုးတည်းကမဟုတ်ပဲ လေထုညစ်ညမ်းမှု နဲ့ အစာခြေစနစ်တွေ
ကနေလည်း ဖြစ်တတ်ပါတယ်။ အဆုတ်ကင်ဆာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့

၁။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်ဖို့များတယ်
---------------------------------------------------------------------

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါ ဖြစ်ကြတာများပါတယ်။
ဆေးလိပ်သောက်တတ်သူတွေဟာ အဆုတ်ကင်ဆာ ဖြစ်ဖို့ ၈၇ ရာခိုင်နှုန်းသေချာနေ
ပါတယ်။ ဒါကို သိထားဖို့ လိုအပ်ပါတယ်။

၂။ ဆေးလိပ်မသောက်တတ်ရင်လညး် အဆုတ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်
---------------------------------------------------------------------------------

ဆေးလိပ်သောက်တတ်သူတွေမှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ကိုပဲ ထိုင်ရှုနေရ
သူတွေမှာလည်း အဆုတ်ကင်ဆာ ရောဂါ ဖြစ်ဖို့ ၁၅ ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိနေပါတယ်။

၃။ အဆုတ်ကင်ဆာ ၂ မျိုးရှိတယ်
-----------------------------------

၈၀ ရာခိုင်နှုန်းခန့် အဖြစ်များတဲ့ အဆုတ်ကင်ဆာ ကတော့ Non-Small Cell Type ပါ။ ဒီအခြေအနေကတော့ ရောဂါ ကြီးထွားမှု နှေးသလို ပျံ့နှံ့ ခြငး်လည်းမရှိပါဘူး။
နောက်တစ်မျိုးကတော့ Small Cell Carcinoma ပါ။ ဒီရောဂါကတော့ တစ်ကိုယ်လုံးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လျင်မြန်စွာ ပျံ့နှံ့ သွားစေနိုင်ပါတယ်။

၄။ အဆုတ်ကင်ဆာ ရဲ့ လက္ခဏာများ
---------------------------------------

အမျိူးသားတွေရော အမျိုးသမီးတွေရော အဆုတ်ကင်ဆာ ရောဂါရဲ့ လက္ခဏာတွေကို သိထားဖို့လိုအပ်ပါတယ်။ အသိသားဆုံး လက္ခဏာ ကတော့
ပုံမှန် ချောင်းဆိုးတာပါ။ ပြီးရင် အသက်ရှု မဝတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ကိုယ်အလေးချိန်ကျသွားတယ်ဆိုရင် လည်း အန္တရာယ်ရှိပါတယ်။ ချောင်းဆိုးရင်
သွေးပါနေပြီဆိုရင်တော့ ဆေးရုံမှာ အထူးကုဆရာဝန် တစ်ယောက်ယောက် ရဲ့ လမ်းညွှန်မှု ကို အမြန်ဆုံးရ ယူဖို့ လိုပါလိမ့်မယ်။

Ref:Mario
thithtoolwin 
Sunday.October18.2015
Source : 
MenXp



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18