Print

Rheumatic Heart Disease (လေးဖက်နာရောဂါ)

  24-Feb-2017
Preview Image

လေးဖက်နာနှလုံးရောဂါသည် ကလေးနှင့်လူငယ်ပိုင်းတွင် အတွေ့များသော ကူးစက်နိုင်သောရောဂါ တစ်ခုဖြစ်ပေသည်။ ၎င်းရောဂါသည်Group A beta-haemolytic
streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်စေနိုင်ပြီး အများဆုံးမှာ အသက်(၅)နှစ်မှ
(၁၅)နှစ်အတွင်း ဖြစ်ပွားတတ်သည်။ ကလေးသူငယ်များ လည်ပင်းနာ၊ အာသီးရောင်
ဖြစ်သူများ၏ ၁၅% မှ ၃၀% သည် ဤရောဂါပိုးကြောင့်ဖြစ်စေပြီး ကျန် % မှာ Virus ပိုးးကြောင့်ဖြစ်ပါသည်။ Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော
လည်ပင်းနာ၊ အာသီးရောင်ခြင်းသည် လေးဖက်နာအဖျားနှင့်နှလုံးရောဂါ၏ မူလအစ ရင်းမြစ်ဖြစ်ပါသည်။ ထို့ကြောင့် ယင်းကဲ့သို့ရောဂါလက္ခဏာပြပါက ပေါ့ပေါ့တန်တန်
မထားဘဲ တတ်ကျွမ်းသောဆရာဝန်များနှင့် ကုသမှုခံယူမှသာ လေးဖက်နာအဖျားနှင့်
နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။Streptococcus ဘက်တီးရီးယားပိုး
ကြောင့်ဖြစ်သောလည်ပင်းနာ၊ အာသီးရောင်ခြင်းသည် ဖော်ပြပါ လက္ခဏာများနှင့်အတူ
ဖြစ်ပွားတတ်ပါသည်။ 

• လည်ပင်းနာခြင်းနှင့်အတူ ရုတ်တရက်ဖျားလာခြင်း၊

• ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊

• အာသီးတစ်ဝိုက်နီရဲရောင်ရမ်းခြင်း၊ 

လည်ပင်းအကျိတ်များထွက်လာခြင်းတို့ ဖြစ်နိုင်ပါသည်။ Virus ပိုးကြောင့်
ဖြစ်သော လည်ပင်းနာ၊ အာသီးရောင်ခြင်းသည် အဖျားမရှိဘဲ မျက်လုံးနာ၊ နှာစေး၊
ချောင်းဆိုး၊ ဝမ်းပျက်ခြင်းတို့နှင့်အတူတွဲရှိနိုင်ပါသည်။Streptococcus
ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောလည်ပင်းနာ၊အာသီးရောင်ခြင်း
ဖြစ်ပြီး၂ ပတ် မှ ၃ ပတ်အတွင်း လေးဖက်နာအဖျားနှင့်အဆစ်နာရောဂါ စတင်
ပေါ်ပေါက်လေ့ရှိပါသည်။

လေးဖက်နာရောဂါလက္ခဏာများမှာ

• ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ နုံးခွေနေခြင်း၊ 

• အဆစ်တစ်ခုထက်မကရောင်ရမ်းနာကျင်ခြင်း(polyarthritis)

• နှလုံးရောင်ခြင်း(pancarditis)ကြောင့် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊

• အရေပြားအောက်အကျိတ်ဖုထွက်ခြင်း(subcutaneous nodules)

• အရေပြားအနီကွက်ထွက်ခြင်း(erythema marginatum)

• ASO (Anti-Streptolysin O)မြင့်တက်ခြင်း

လေးဖက်နာရောဂါသည် အထက်ပါရောဂါလက္ခဏာအားလုံး ရှိရမည်ဟု မဆိုလိုပေ။ ဆရာဝန်မှသာ ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ရောဂါလက္ခဏာအကြောင်းကို သိထားရန်အတွက်သာဖော်ပြပေးခြင်း ဖြစ်ပါသည်။ လေးဖက်နာရောဂါဖြစ်ပွားပြီးပါက
နောက်ထပ်အဖန်တလဲလဲမဖြစ်ပွားအောင် ကာကွယ်ဆေးကို အနည်း
ဆုံး(၅)နှစ်ထိ ကုသမှုခံယူရမည်ဖြစ်ပါသည်။ Benzathine Penicillin 1.2 million unit ကို တစ်လ တစ်ကြိမ် ပုံမှန်ထိုးခြင်းဖြင့်၎င်း၊ Penicillin-V (250 mg)ဆေးပြားကို တစ်နေ့နှစ်ကြိမ်ပုံမှန်သောက်၍ ၎င်း ကာကွယ်ကုသရန် လိုအပ်ပေသည်။

Ref:
public health in Myanmar
Thursday, February 14, 2008



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18