Print

ဂေါက် (အဆစ်ရောင်ရောဂါ)

  24-Feb-2017
Preview Image

ဂေါက် (Gout) လို့ခေါ်တဲ့ အဆစ်ရောင်ရောဂါဟာ သက်ကြီးပိုင်း
အမျိုးသားတွေမှာ အတွေ့များတဲ့ အဆစ်အမျက်ကိုက်ခဲခြင်း ရောဂါတစ်မျိုးဖြစ်ပါတယ်။
ခြေမတစ်ခုတည်း ကိုက်ခဲတတ်တာ ရှိသလို ခြေဆစ်၊ လက်ဆစ် အားလုံး ကိုက်ခဲတတ်တာ
လည်းတွေ့ရ တတ်ပါတယ်။ ဂေါက်ရောဂါ ဖြစ်တာဟာ သွေးထဲမှာ ယူရစ်အက်စစ် (uricacid) များလို့ တွေ့ရတဲ့အတွက် ယူရီးယားဟာ တရားခံပဲလိို့ ဆိုရပါမယ်။ ယူရီးယား (urea) ဟာ ခန္ဓာကိုယ်ကထွက်ရှိတဲ့ နိုက်ထရိုဂျင် အညစ်အကြေး ဖြစ်ပါတယ်။

အသားဓာတ်ခေါ် ပရိုတိန်း (Protein) ရဲ့ ဇီဝဓာတု ဖြစ်စဉ်ကြောင့် ထွက်ရှိလာတဲ့ အမိုးနီးယား (Amonia) ကိုအသည်းကယူရီးယားအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ အဲဒီနောက် ယူရီးယားကိုဆီးကတစ်ဆင့် စွန့်ပစ်ပေး ပြန်ပါတယ်။ယူရီးယားဟာသွေးထဲမှာ
၂ ဒသမ ၅ မီလီမိုးမှ ၆ ဒသမ ၆ မီလီမိုးပါဝင်မယ့် သွေးထဲမှာယူရီးယား ပါဝင်မှု
များရင်တော့ အန္တရာယ်ရှိပါတယ်။ အလွန်အကျွံ များလာပြီဆိုရင် သတိလစ် မေ့မြောခြင်းမှ
သေဆုံးခြင်းအထိ ဖြစ်တတ်ပါတယ်။သွေးထဲတွင် ယူရီးယားများခြင်းဟာ-

(၁) ပရိုတိန်းစားသုံးမှု များလွန်းခြင်းကြောင့် ဖြစ်တယ်။ အသီးအရွက် အစားများသူထက် ပရိုတိန်း (အသားဓာတ်) ပိုစားသုံးသူများမှာ ယူရီးယား နှိုင်းယှဉ်ကြည့်လျှင် ပရိုတိန်း (အသားဓာတ်) စားသုံးသူများမှာ ယူရီးယား ပိုများတာတွေ့ ရမှာ ဖြစ်တယ်။

(၂) အသက်အရွယ် ကြီးသူများဟာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ
ယုတ်လျော့လာလို့ ယူရီးယားစွန့်ပစ်စွမ်းအား ကျဆင်းကာ သွေးမှာယူရီးယားတက်လာရ
ပါတယ်။

(၃) အမျိုးသားများဟာ အမျိုးသမီးများနဲ့ နှိုင်းယှဉ်ပါက ယူရီးယားပမာဏ အနည်းငယ် ပိုများတတ်ပါတယ်။

(၄) ကျောက်ကပ်ရောဂါရှိသူများဟာ ယူရီးယားစွန့်ပစ်နိုင်စွမ်းမရှိခဲ့ရင်
သွေးထဲမှာ ယူရီးယားပမာဏများမှာ ဖြစ်ပါတယ်။

(၅) အကြောင်းတစ်ခုခုကြောင့် ဆီးလမ်းကြောင်းပိတ်ဆို့ရင် သွေးထဲမှာ ယူရီးယားတက်ပြီး (ဆီးကျောက် တည်ခြင်း၊ ဆီးကျိတ် ကြီးခြင်း၊ ကင်ဆာ ဖြစ်ခြင်းကြောင့် ပိတ်ဆို့ရင်) (Post Renal Cause) ကျောက်ကပ် အလွန် ချို့ယွင်းချက်လို့ ခေါ်ပါတယ်။

(၆) ယူရီးယားသယ်ဆောင်မှု မကောင်းတာဟာအသည်းမှ တစ်ဆင့် ကျောက်ကပ်သွားတဲ့ လမ်းကြောင်းမကောင်းလျှင် သွေးမှာ ယူရီးယားများလာမယ်။ ဆေးပညာမှာ (Post Renal Cause) ကျောက်ကပ် အလွန် ချို့ယွင်းချက် လို့ ခေါ်တယ်။ အဲဒီယူရီးယားများတဲ့ 
အချက်ပေါင်းခြောက်ချက် အနက် ပထမသုံးချက်မှာ အနည်းငယ်မျှသာ ပိုများခြင်း
ဖြစ်ပြီးကျန် အချက်သုံးချက်ကြောင့် ဖြစ်ရင် ရောဂါများ ဖြစ်ပွား နိုင်တာကြောင့် အန္တရာယ် ရှိတယ်။ သေဆုံးနိုင်တယ်။ ပြီးအမျိုးသားများမှာဟော်မုန်းကြောင့် (Androgen) ကြောင့် ယူရီးယားများနေတတ်ပြီးသဘာဝအရဂေါက်ရောဂါ ဖြစ်ရင် အမျိုးသားမှာအဖြစ်များတယ်။ ဒါကြောင့် မိန်းမမှာမီးယပ်၊ ယောကျ်ားမှာဒူလာ (ဂေါက်)လို့ အလွယ် ခေါ် ဆိုခြင်း ဖြစ်တယ်။ ကုသဖို့ကချင်ခိုနားအယ်ကာလွိုက် ဖြစ်တဲ့ မိုးမခပင်ကထုတ်တဲ့ ကိုချီသင်း (Cochiare) နဲ့ အကိုက်အခဲဆေးအလူပီရီရော (Zoloric acid Allupurind) တစ်လုံးစီကို နံနက် တစ်ကြိမ်၊ ည တစ်ကြိမ် သို့မဟုတ် တစ်နေ့ တစ်ကြိမ်တစ်လသောက်။
ဖြစ်လာရင် ထပ်သောက်လို့ ရနိုင်တယ်။ အရက် ဘီယာရှောင်ပါ။ ကာကွယ်ဖို့က
ယူရစ်အက်စစ် များတဲ့ မြေပေါ် ခြောက်လက်မ၊ မြေအောက် ခြောက်လက်မရှိတဲ့ ဥတွေ၊ အမြစ်နဲ့ ပင်စည်တွေ (ဂျူးမြစ်၊ မြေပဲဆန်၊ အာဒါလွတ်ဥ၊ မျောက်ဥ၊ ပိန်းဥ၊ ကန်စွန်းဥ၊ မှို) တို့ မစားရဘူးရှောင်ရပါမယ်။

Ref:
ဒေါက်တာလွင်သန့် (ဆေး-၂)
Thursday, Jul 18 2013



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18