Print

လေမဖြတ်ရအောင် ကြိုတင်ကာကွယ်နည်း

  24-Feb-2017
Preview Image

လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းကိုမကြာခဏတောင်းဆိုလာကြတဲ့ မိဘပြည်သူများအတွက် လေ့လာမိသမျှ သဘာဝဆေးနည်းများကို ပြန်လည်မျှဝေ 
လိုက်ပါတယ်။ 
ရှောက်ရွက်ဟာလေမဖြတ်အောင်ကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာအချို့ကသိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကိုမကြာခဏ မှီဝဲသုံးစွဲပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေးပါတယ်။ 

၁။ ရှောက်ရွက် (၇) ရွက်ခန့်ကိုရေစင်အောင်ဆေးပြီးမတ်ခွက်ထဲကိုထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကိုလောင်းထည့်၊ အဖုံးအုပ်ထားပြီးအေးသွားလျှင် သောက်
ပေးနိုင်ပါတယ်။တစ်ခါစိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိရေထပ်ထည့်ပြီး အခါးဓါတ်
မကုန်မချင်းသောက်ပေးနိုင်ပါတယ်။ (အရမ်းခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကိုအနည်းငယ် ခပ်ပြီးသောက်နိုင်ပါတယ်)

၂။ ရှောက်ရွက်ကိုပါးပါးလှီးပြီး ဟင်းရည်ထဲထည့်သောက်နိုင်ပါတယ်။ 

၃။ အသုပ်မျိုးစုံတို့ကိုလည်း ထည့်ပြီးစားနိုင်ပါတယ်။ 

၄။ ရှောက်ရွက်ကိုအစိမ်းစားလျှင် ပိုမိုထိရောက်သည့်အတွက် ရေစိမ်သောက်တဲ့နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲထည့်စားခြင်းသည် ပို၍ကောင်းမွန်းပါသည်။

Ref: wunna
Posted 5th June 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18