Print

သွေးတိုးကျစေရန် ပြုလုပ်သင့်သော ကိုယ်လက်လှုပ်ရှားမှုများ

  24-Feb-2017
Preview Image

သွေးတိုးရောဂါကို အသံတိတ် လူသတ်သမား လို့ခေါ်ဝေါ် ကြတာကြောင့် သွေးတိုးရောဂါရှိပြီးသူတွေ သွေးတိုးကျဖို့အတွက်ရော၊
သွေးတိုးရောဂါ မရှိသေးသူတွေအနေနဲ့ သွေးတိုးရောဂါ ဖြစ်မလာဖို့ အတွက်ပါ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်သင့်ပါတယ်။

ပေါ့ပေါ့ပါးပါး လှုပ်ရှားမှု

နေ့စဉ်အိမ်မှုကိစ္စ ပြုလုပ်ခြင်း၊ဥယျာဉ်စိုက်ပျိုးခြင်း ပြတွင်းပေါက်
မှန်တွေ ဆေးကြောခြင်း၊ လှေကားတက်ခြင်း၊လမ်းလျှောက်ကာ
စျေးဝယ်ခြင်း၊ကလေးနဲ့အတူ ပြေးလွှားဆော့ကစား ခြင်းစတဲ့ ပေါ့ပါးတဲ့လှုပ်ရှားမှုတွေဟာ နှလုံးကိုကျန်းမာစေပါတယ်။

အားကစားခန်းမမှာ လှုပ်ရှားမှု

သင့်ကိုယ်သင် ပိုပြီး တက်ကြွလန်းဆန်း လိုပါသလား။ အားကစားခန်းမမှာ အသင်းဝင်ပြီး နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်ပါ။ တစ်ပတ်မှာ နှစ်ကြိမ်သုံးကြိမ်ခန့်ကိရိယာနဲ့ လေ့ကျင့်တာဟာ နှလုံးကျန်းမာ
ရေးကောင်းပြီး သွေးဖိအားကျစေပါတယ်။ နည်းပြဆရာနဲ့ လေ့ကျင့်တာကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီတွေ ကျသွားတဲ့အပြင် အားကစားကြောင့် ထိခိုက်နာကျင်မှု ကိုလည်း မခံစားရ နိုင်တော့ပါဘူး။

ရေထဲမှာ လှုပ်ရှားမှု

ရေကူးကန်မှာ မိနစ်၃၀ ကြာ ရေကူးတာဟာ ခန္ဓာကိုယ်ထဲ လှည့်ပတ်နေတဲ့အင်ဒရီနယ်လင် ဟော်မုန်းပမာဏ လျော့ကျကာ
သွေးကြောတွေကို အနားရစေပါတယ်။ ရေကူးတာဟာ သွေးခုန်နှုန်းနဲ့ 
သွေးဖိအားကိုပါ ထိန်းညှိပေးပါတယ်။

သွေးပူလေ့ကျင့်ခန်း

အမေရိကန်နှလုံးကျန်းမာရေး အဖွဲ့အစည်းရဲ့ အဆိုအရ အားကစား မလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်တာနဲ့ အားကစားလုပ်ပြီးဖြေလျှော့
လေ့ကျင့်ခန်းလုပ်တာဟာ သွေးတိုးရောဂါရှိသူတွေအတွက် အရေးပါတယ်လို့ သိရပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ နှလုံးခုန်နှုန်းကို တဖြည်းဖြည်းချင်း တိုးမြင့်စေ၊
လျော့ကျသွားစေတာကြောင့်ပါ။ အားကစား မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ၁၀ မိနစ်လောက်လမ်းလျှောက်ပေးတာဟာ ကောင်းမွန်တဲ့ သွေးပူလေ့ကျင့်ခန်းနဲ့ 
ဖြေလျှော့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။

နှလုံးခုန်နှုန်းနှင့် ဆေးဝါးကုသမှု

Beta- blocker ဆေး၊ Calcium channel blocker
ဆေးစတဲ့ နှလုံးဆေးတချို့ဟာ နှလုံးခုန်နှုန်း နှေးစေနိုင်ပါတယ်။ ဒီဆေးတွေ သောက်နေရင်း အားကစား လုပ်လို့ရ၊ မရ၊ ဆရာဝန်ကိုမေးပါ။ ဒီဆေးတွေ သောက်နေရင်း အားကစား လုပ်တဲ့အခါ နှလုံးခုန်နှုန်းဟာ ဘယ်လောက် အတိုင်းအတာ ရှိသင့်သလဲ ဆိုတာကိုပါ ဆရာဝန်ကိုမေးထားပါ။

သတိထားသင့်သော အချက်

ဘာအားကစားပဲ လုပ်လုပ်၊ ကိုယ်လုပ်ရမယ့် အတိုင်းအတာကို သိပါ။ အားကစား လှုပ်ရှားမှုကြောင့် မသက်မသာ ခံစားရရင်ဆက်မလုပ်ပါနဲ့တော့။ 
အားကစားလုပ်ငန်း မူးနောက်လာရင်၊ ရင်ဘတ်၊ လက်မောင်း၊ လည်ချောင်းတွေမှာ မသက်မသာခံစားရရင် ဆက်မလုပ်ပါနဲ့တော့။ ပူအို်က်တဲ့နေ့တွေမှာ အားကစား လုပ်ချိန်လျှော့ချပေးပါ။ ဒါမှမဟုတ် မပြင်းထန်တဲ့ လှုပ်ရှားမှုမျိုးကို လုပ်ပါ။

စားသင့်သော အစားအသောက်

ကိုယ်လက်လှုပ်ရှားမှု လုပ်ပေမယ့် အစားအသောက်ကို စားချင်ရာ စားနေရင်တော့ အဆင်မပြေ နိုင်ပါဘူး။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံးနဲ့ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းစတာတွေကိုများများစားပါ။အသက်၅၀ ကျော်လာတဲ့အခါ အပေါ်သွေးဖိအား(SystolicBloodPressure)ဟာ၁၄ဝထက်ပိုရင်နှလုံးရောဂါ ဖြစ်နိုင်ခြေ
ပိုများပါတယ်။ဒီအစားအသောက်တွေကိုသာ ရွေးစားပေးရင်တော့ အပေါ်သွေးဖိအားကို
၈- ၁၄ point လျော့ကျ စေနိုင်ပါတယ်။

လျှော့ချသင့်သော ကိုယ်အလေးချိန်

ပုံမှန်ထက် ကိုယ်အလေးချိန် များနေရင် ၁၀ ပေါင် လျှော့ချလိုက်ပါ။ ဒါဆိုရင် သွေးတိုးရောဂါမဖြစ်အောင်ကာကွယ်နိုင်သလို ရောဂါရှိနေရင်
လည်း နောက်ဆက်တွဲ ပြဿနာတွေ မရရှိအောင် ကာကွယ်နိုင်ပါတယ်။ အစားအသောက်စားတဲ့အခါ ဆားပါဝင်မှုများတဲ့ အသားနဲ့ စည်သွတ်ဘူးတွေကို တက်နိုင်သမျှ ရှောင်ပေးပါ။ 

Ref:
Mg Mandalay
Tuesday, December 30, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18