Print

သွေးအားနည်းရောဂါ( Anemia )

  30-Dec-1899
Preview Image

အနီးမီးယားဆိုတာဘာလည်း
---------------------------------

အနီးမီးယားဆိုတာဟာ သွေးထဲမှာပုံမှန်ရှိရမယ့် သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသောအရာ သံဓါတ်ပါသောအရာ Hemoglobin ပမာဏ(သို့မဟုတ် ပုံမှန် ပမမာဏထက် လျော့နည်းနေခြင်းကို ဆိုလိုပါတယ်။ တခါတလေမှာတော့ သွေးပမာဏBlood volumeလျော့နည်းနေခြင်း Hypovolemia ကိုလည်း အနီးမီးယားဖြစိနိုင်ပါသေးတယ် ။

ဒါပေမယ့် hemoglobin ပမာဏကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြားအချက်တွေလည်း ရှိပါသေးတယ် ။ အဲဒါတွေကတော့
ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်းအန်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ပုံမှန်သွေးပမာဏလူတွေမှာဘယ်လောက်ရှိရမလည်း
---------------------------------------------------------
ပုံမှန်ရှိရမည့် ဟေမိုဂလိုဘင်ပမာဏ
ယောက်ျား .....................13.0 - 18.0 g/dl
မိန်းမ............................11.5 - 16.5 g/dl

အနီးမီးယားကို ဘာတွေက ဖြစ်ပေါ်စေသလဲ
------------------------------------------------
အသိများတဲ့ ထင်ရှားတဲ့အနီးမီးယားဖြစ်ပေါ်စေတဲ့ အချက်တွေကတော့
သွေးထွက်များခြင်းကြောင့် အနီးမီးယားဖြစ်ခြင်း၊ ရာသီလာတဲ့သွေးပမာဏဟာ
အလွန်အမင်းများပြားနေခြင်း၊ သွေးထွက်များသောအနာများ၊ အစာအိမ်
နင့်အှူလမ်းကြောင်းတွင် အနာများဖြစ်ပေါ်ခြင်း၊ ကင်ဆာများ အထူးသဖြင့် အူမကြီးကင်ဆာ စသည်တို့မှာ သွေးကိုတဖြည်းဖြည်းခြင်း စိမ့်ထွက်စေတဲ့့အတွက်
ကြောင့် အနီးမီးယားကို ဖြစ်ပေါ်စေပါတယ်။ Iron သံဓါတ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော အနီးမီးယားရိုးတွင်းခြင်ဆီဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် အိုင်းယွန်းကို
လိုအပ်ပါတယ်။ အိုင်းယွန်းဟာ Hemoglobin-moleculesတွေဖြစ်ပေါ်ဖို ့ပုံစံအတွက်
အရေးကြီးတဲ့ နေရာကနေ ပါဝင်ဆောင်ရွက်ပေးပါတယ်။ အကယ်၍အိုင်းယွန်းရရှိမှုဟာ
ကန့်သတ်ထားတယ် ဒါမှမဟုတ် အစားအသောက်မှာ သံဓါတ်အလုံအလောက်
မပါဝင်ဘူးဆိုရင်အကျိုးဆက်အနေနဲ့ အနီမီးယားဖြစ်နိုင်ပါတယ်။ ဒါကိုတော့Iron-deficency-anemiaလို့ခေါ်ပါတယ်။

နာတာရှည်ရောဂါများကြောင့် ဖြစ်ပေါ်သောအနီးမီးယား
-------------------------------------------------------------

မည်သည့်နာတာရှည်ရောဂါမဆို အနီးမီးယားကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နာတာရှည်ရောဂါတွေနဲ့ ပိုးဝင်ခြင်း(သို့မဟုတ်) ကင်ဆာရောဂါတွေဟာ ဒီလိုမျိုးအနီးမီးယားကို ဖြစ်ပေါ်စေပါတယ်။ ကျောက်ကပ်ရောဂါနှင့် ဆက်နွယ်သော အနီးမီးယားကျောက်ကပ်ဟာ erythropoietinလို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ထုတ်လုပ်ပေးပါတယ်။ အဲဒီကောင်က ရိုးတွင်းခြင်ဆီတွေ သွေးနီဥဆဲလ်တွေ
ထုတ်လုပ်တဲ့နေရာမှာ ကူညီပေးပါတယ်။ နာတာရှည်ကျောက်ရှိတဲ့လူတွေမှာ
ဒီဟော်မုန်းထုတ်လုပ်မှုဟာ လျော့နည်းသွားပါတယ်။ တဆက်တည်းမှာပဲ 
သွးနီဥဆဲလ်တွေ ထုတ်လုပ်မှုဟာလည်း လျော့နည်းသွားပါတယ်။ ဒီလိုမျိုးကိုတော့ anemia related to chronic kidney diseases လို့ခေါ်ပါတယ်။

အာဟာရချို့တဲ့မှုကြောင့်ဖြစ်ပေါ်သောအနီးမီးယား
-----------------------------------------------------

ဗီတာမင် နဲ ့သတ္တုဓါတ်တွေဟာ သွေးနီဥဆဲလ်ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ အိုင်းယွန်းအပြင် B12 နဲ့ folate ကလည်း hemoglobin ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ ဒီအထဲက ဘယ်အရာပဲဖြစ်ဖြစ် ချို့ယွင်းသွားမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ထုတ်လုပ်တာကို လျော့နည်းသွားစေတဲ့အတွက်
အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။ အာဟာရချို့တဲ့မှုဟာလည်း folate နဲ့ B12 ပမာဏ
လျော့နည်းခြင်းကို ဖြစ်ပေါ်စေတဲ့ အရေးကြီးတဲ့အချက်ပါပဲ ။ ဒါကြောင့် အသီးအရွက်ပဲစားသုံးသူတွေ ဗီတာမင်ကို လုံလုံလောက်လောက်မစားသုံးသူတွေ၊ အသားမစားသူတွေဟာ B12 deficiency ဖြစ်ဖို့ အခွင့်အလမ်းများတဲ့ သူတွေဖြစ်ပါတယ် ။

Pernicious Anemia
----------------------- 

အစာအိမ်တွင် ပြသနာတခုခုရှိနေခြင်း(သို့မဟုတ်) အူတွေက ဗီတာမင်ဘီတွဲကို စုပ်ယူမှုနည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီလိုမျိုး B12 deficiency ကြောင့်ဖြစ်ပေါ်တဲ့ အနီးမီးယားကို pernicious anemia လို့ခေါ်ပါတယ် ။

Sickle cell anemia
----------------------

အချို့လူတွေမှာပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေထုတ်လုပ်တဲ့
ပြသနာရှိတတ်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် hemoglobin ဟာ ပမာဏရော လုပ်ငန်းဆောင်ရွက်မှုမှာပါ ပြဿနာရှိလာပါတယ် ။ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေကသွေးနီဥပုံစံတွေကို မှုမမှန်ဖြစ်စေပြီး Crescent shaped ( sickle cells ) တံစဉ်ပုံစံလိုမျိုး ဖြစ်ပေါ်စေပါတယ် ။ သူ့ရဲ့ ပြင်းထန်မှုအဆင့်ပေါ်မှုတည်ပြီး Sickle cell anemia ကိုအမျိုးအစားများစွာခွဲခြားနိုင်ပါတယ်။
ဒါဟာမျိုးရိုးလိုက်ပြီး African , Eastern နဲ့ Mediterranean တွေမှာ
ဖြစ်လေ့ရှိပါတယ် ။

Thalassaemia 
------------------

ဟေမိုဂလိုဘင်နဲ့ဆက်နွယ်ပြီး အနီးမီးယားကို ဖြစ်ပေါ်စေတဲ့ အခြားအုပ်စုတစ်ခု ဖြစ်ပါတယ်။Thalassaemiaအုပ်စုများစွာ ရှိပါတယ်။ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီး ကွဲသွားလေ့ရှိပါတယ် ။ မျိုးရိုးလိုက်လေ့ရှိပါတယ် ။

Alcoholism
-------------

အရက်သောက်သုံးသူတွေမှာအာဟာရချို့တဲ့မှု ဗီတာမင်နဲ့သတ္တု ဓါတ်တွေ နည်းပါးမှုဟာဆက်နွယ်နေပါတယ် ။ အယ်ကိုဟောဟာ သူ့ဘာသာရိုးတွင်းခြင်ဆီကို
အဆိပ်အတောက်ဖြစ်စေပါတယ်။ သွေးနီဥတွေထုတ်လုပ်မှုကိုလည်း လျော့နည်းစေပါ
တယ်။

ရိုးတွင်းခြင်ဆီနှင့် ဆက်နွယ်နေသောအနီးမီးယား
-----------------------------------------------------

အချို့သောသွေးကင်ဆာသို့မဟုတ် Lymphomas တွေဟာ
သွေးနီဥထုတ်လုပ်မှုနှုန်းကို ပြောင်းလဲစေပြီး သွေးဆဲလ်တွေအားလုံး ထုတ်လုပ်မှုကို နည်းစေပါတယ် ။

Hemolytic anemia
----------------------

ပုံမှန်သွေးနီဥရဲ့့ ပုံစံဟာ သူ့လုပ်ငန်းဆောင်ရွက်မှုအတွက် အလွန်အရေးကြီးပါတယ် ။ ဒီမှာဆိုရင်တော့ သွေးနီဥဟာပေါက်ကွဲပြီး ဒါကို hemolysis လို့ခေါ်ပါတယ် ။ ြ့ပီးတော့ သူဟာလုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့ပါဘူး ။ အခြားရှားပါးတဲ့အချက်တွေကတော့ ကင်ဆာတွေ၊ အသဲရောဂါတွေ၊ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ၊ ခဲအဆိပ်သင့်ခြင်း၊ AIDS နဲ့ သွေးယိုတဲ့ရောဂါတွေပဲ ဖြစ်ပါတယ် ။

သွေးအားနည်းရင်ဘာလက္ခဏာတွေ ဖြစ်တတ်သလည်း
------------------------------------------------------------ 

လက္ခဏာတွေကတော့- 

-ဦးခေါင်းပိုင်းမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းမှုးခြင်း၊ သတိလစ်ခြင်း

-မျက်လုံးမှာ ၀ါလာခြင်း

-အရေပြားမှာ ဖျော့တော့လာခြင်း၊ အေးလာခြင်း၊ ၀ါလာခြင်း

-သွေးကြောမှာသွေးပေါင်ချိန်ကျလာခြင်း

-အသက်ရှုလမ်းကြောင်းမှာ အသက်ရှုမြန်ခြင်း၊ တနည်းနှေးခြင်း

-နှလုံးမှာရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း 

-(angina)နှလုံးတိုက်ခိုက်ခံရခြင်း

-ကြွက်သားမှာအားနည်းလာခြင်း

-အူလမ်းကြောင်းမှာ မစင်အရောင်ပြောင်းလာခြင်း

-သရက်ရွက် (spleen)မှာ ကြီးမားလာခြင်း

အနီပြထားသောအရာများမှာ အလွန်ပြင်းထန်သော သွေးအားနည်းရောဂါမှာ
တွေ့ရလေ့ ရှိပါတယ် ။

သွေးအားနည်းရောဂါ ဘယ်လိုကုသမလည်း
-----------------------------------------------

ဆေးကုသမှုလိုပါတယ် ။ ဥပမာအနီးမီးယားကအစာအိမ်အနာကြောင့် ဖြစ်တယ်ဆိုရင် aspirin , ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးတွေကို
ရှောင်သင့်ပါတယ်။ ဒါမှမဟုတ်လည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ရပါ
မယ် ။ ဆေးရုံမှာဆိုရင် - သိပ်မပြင်းထန်ဘူးဆိုရင် သွေးအားကောင်းစေတဲ့ဆေး Folic acid , B12 , Vit C , Iron ပါတဲ့ဆေးတွေပေးလေ့ရှိပါတယ် ။ ဒါမမဟုတ် Tot'hemaလို
ဆေးလည်းပေးပါတယ် ။ ပြင်းထန်တယ်ဆိုရင်တော့ သွေးသွင်းကုသပါတယ် ။

ဘယ်လိုကာကွယ်မလည်း 
---------------------------
အများစုကတော့ ပုံမှန်အာဟာရပြည့်တဲ့အစားအစာနဲ့ အရက်ကိုထိန်းချုပ်ခြင်းဖြင့် ကာကွယ်ပါတယ် ။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ပြသပြီး ဇစ်မြစ်ကို
ရှာဖွေသင့်ပါတယ် ။ သွေးအားကောင်းတဲ့အစားအစာတွေ၊ အသား၊ ပဲအမျိုးမျိုး။ အသည်း၊ အမြစ်၊ အရွက်များ၊ ငါးသေးသေးလေးများ စသည်တို့ကို စားပေးပါ။

Ref:
သက်တန့်ချို
Anaemia, Blood
Public Health In Myanmar
Tuesday, November 10, 2009
Source:emedicine health, wikipedia



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18