Print

ပတ်ဝန်းကျင်ဆူညံသံနှင့် နှလုံးရောဂါ

  24-Jan-2017
Preview Image

သုတေသီများကတော့ ပတ်ဝန်းကျင်ဆူညံသံများနှင့် နှလုံးရောဂါဖြစ်ပွားမှုနှုန်းဟာ ဆက်နွယ်မှုရှိနိုင်ကြောင်း ရှာဖွေတွေ့ရှိထားကြပါတယ်။ နေ့စဉ်လှုပ်ရှားရတဲ့ လူမှုဘဝ
ထဲမှာ ပတ်ဝန်းကျင် ဆူညံသံများအပါအဝင် ယေဘုယျ သာမန်အသံများကို အမြဲတစေ
ကြားနေရခြင်းဟာ နှလုံးရဲ့လုပ်ငန်းဆောင်ရွက်ချက်များမှာ တစ်နည်းတစ်ဖုံ ရေတိုအကျိုး
သက်ရောက်နိုင်ကြောင်း သုတေသီတို့က ဆိုပါတယ်။ နှလုံးခုန်တိုင်းတာတဲ့ ကိရိယာ
တပ်ဆင်ထားတဲ့ လူကြီးလူငယ် အယောက် ၁၁၀ ဖြင့် လေ့လာသုတေသန ပြုလုပ်ခဲ့ကြ
ရာမှာ ပတ်ဝန်းကျင်မှ အသံများ ကြားယောင်မှုများလာချိန်မှာ နှလုံးခုန်နှုန်းများဟာ လှုပ်ရှားယိမ်းယိုင်လာကြောင်း တွေ့ရှိထားကြပါတယ်။

ထို့ပြင် နောက်ထပ်တွေ့ရှိမှုအရ အသံနှုန်းထား ယူနစ် ၆၅ အောက်ရှိတဲ့ ပတ်ဝန်းကျင် အသံများကြားရချိန် အတိုင်းအတာမှာပင် ထိုကဲ့သို့ နှလုံးခုန်နှုန်းများ လှုပ်ရှားယိမ်းယိုင် သွားနိုင်ကြောင်း အ့ံသြဖွယ်ရာ ရှာဖွေတွေ့ရှိထားကြပါတယ်။
သာမန်စကားပြောခြင်း၊ ရယ်မောခြင်း စတဲ့ သာမန်အသံများတို့ရဲ့ အသံနှုန်းဟာ ၆၅ ယူနစ်အောက်သာရှိကြောင်း သုတေသန ပညာရှင်က ဆိုပါတယ်။

ထို့ကြောင့် ပတ်ဝန်းကျင် ဆူညံသံများသာမက သာမန်အသံများသည်လည်း လူတို့ရဲ့ နှလုံးခုန်နှုန်း ပြောင်းလဲမှုကို မကောင်းတဲ့ လက္ခဏာအဖြစ် သက်ရောက်မှု
ဖြစ်စေနိုင်ကြောင်း သုတေသီတို့က ဆိုပါတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့
ပတ်ဝန်းကျင် ဆူညံသံများ သာမက သာမန် အသံနှုန်းများလည်း နှလုံးခုန်နှုန်း အချက်တိုင်း ကြားအတိုင်းအတာတစ်ခုအထိ ပြောင်းလဲစေနိုင်တယ်လို့ ဆိုပါတယ်။
လူတစ်ဦးအနေဖြင့် ငြိမ်သက်စွာ အနားယူ အပန်းဖြေနေချိန်တွင် နှလုံးခုန်နှုန်း တိုတောင်းတတ်ပြီး အသံတို့ကြောင့် ယင်းဖြစ်စဉ်မှာ အပြောင်းအလဲဖြစ်စေနိုင်သည်ဟု သုတေသီတို့က ညွန်းဆိုမှတ်ချက်ပြု ထားကြပါတယ်။

ထိုကဲ့သို့ဆိုလျှင် နှလုံးကို ကာကွယ်ဖို့အတွက် နားကြပ်ကို တပ်ဆင်ထားဖို့ 
လိုအပ်သလားလို့ မေးလာခဲ့မယ်ဆိုလျှင် မလိုအပ်ကြောင်း သုတေသီပညာရှင် အချို့က ဆိုပါတယ်။ နေ့စဉ် ပတ်ဝန်းကျင်ရှိ သာမန်အသံများ၊ ဆူညံသံများကို ကြာနေရခြင်းက
နှလုံးအပေါ် သက်ရောက်မှုမှာ သေးငယ်တဲ့ ရလဒ်သာရှိကြောင်း၊ သို့သော် ပတ်ဝန်းကျင် အသံဆူညံ ကျယ်လောင်တဲ့ စက်ရုံအလုပ်ရုံများရဲ့ ဆူညံကျယ်လောင်သော အသံများ
ကတော့ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို မြင့်မားစေနိုင်တဲ့ ဆက်နွယ်မှုရှိသည်ကို
သုတေသနပြုလုပ်ရာမှာ တစ်သမတ်တည်း တွေ့ရှိရကြောင်း သုတေသီများက အကြံပြု
ပြောကြားခဲ့ကြပါတယ််။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ရင့်ရင့်မွေး
Health for all magazine, July 2016, No.114



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18