Print

ကင်ဆာရောဂါ သတိပေးလက္ခဏာများ

  29-Oct-2016
Preview Image

၁။ ဦးနှောက်အကျိတ်ကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ --------------------------------------------------------------------

လူတို့ဖန်တီးသည့် လျှပ်စစ်၊ သံလိုက်စက်ကွင်း အားသုံး စက်ကိရိယာများကို ရေရှည်ကိုင်တွယ် အသုံးပြုရခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဓာတုဖျော်ရည်၊ ပိုးသတ်ဆေး၊ စည်သွပ်ဘူး၊ ပြုပြင်စီရင်ထားသော အသားများထဲတွင် ပါလေ့ရှိသည့် နိုက်ထရိုဆိုအေမင်းန် စသည့် ဓာတုပစ္စည်းများနှင့် ထိတွေ့မှုရှိခြင်း။

သတိပေး လက္ခဏာများ **************************

ခေါင်းအပြင်းအထန် ကိုက်ခြင်း၊ နေ့စဉ်ရက်ဆက် aခါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နူံးညောင်းခြင်း၊ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ရပ်ရပ်အကြောင်းမဲ့ ချည့်နဲ့ခြင်း၊ အမြင်အာရုံ ဝေ၀ါးခြင်းအပါအဝင် အမြင်အာရုံ ပြဿသနာများရှိခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ တက်ခြင်း၊ စိတ်မမှန်ခြင်း၊ စကားပြောမမှန်ခြင်း၊ လေဖျန်းခြင်း၊ လေဖြတ်ခြင်း။

၂။ သွေးကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ ------------------------------------------------------

မျိုးရိုးဗီဇ၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ ပိုးသတ် ဆေးများ၊ ရေရှည်ဗိုင်းရပ်စ် ပိုးဝင်ရောဂါများဖြစ်ခြင်း၊ ဘဲန်ဇင်းန်၊ ကလိုရဲဖ်ဖင်နီကောလ် ပဋ္ဋီဇီဝဆေး။

သတိပေး လက္ခဏာများ **************************

ဖြူဖျော့သွေးအားနည်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ကိုယ်အလေးချိန်များခြင်း၊  ခဏခဏဖျားခြင်း၊ သွေးခြည်ဥလွယ်ခြင်း၊ အရိုးအဆစ်နာခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အခြားသွေးယို၊ သွေးထွက်ခြင်းအဖျားတက်ခြင်း၊ သွေးအားနည်းခြင်း၊ ဘေလုံး(သရက်ရွက် (သို့) အသည်း (သို့) ပန်ရည် အကျိတ်များကြီးခြင်း၊ ရောင်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ အရေအတွက် လျော့ကျလာခြင်း။

၃။ ရိုးတွင်းခြင်ဆီကင်ဆာအန္တရာယ်ဖြစ်စေသည့်အရာများ --------------------------------------------------------------

၉၀ ရာခိုင်နှုန်းကျော်သည့် အသက် ၄၀ ကျော် အမျိုးသားများတွင် အဖြစ်များခြင်း၊ ဓာတုပစ္စည်းများ (ဒိုင်အောက်ဆင်၊ ဓာတုပျော်ရည်၊ကြေးချွတ်သန့်စင် ဓာတုပစ္စည်း) နှင့်ထိတွေ့မှုရှိခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း။

သတိပေး လက္ခဏာများ **************************

ကျောဘက်အရိုးထဲက နာခြင်းသည် ပထမဆုံး လက္ခဏာကိုယ်အလေးချိန် ကျခြင်း၊ အားနည်းအားယုတ်သကဲ့သို့ ခံစားရခြင်း၊ မကြာမကြာပိုးဝင်၍ ဖျားခြင်း၊ သွေးအားနည်းခြင်း။

၄။ အရေပြားကင်ဆာ အန္တရယ်ဖြစ်စေသည့် အရာများ ----------------------------------------------------------

အရေပြား နေရောင်ကြာကြာခံခြင်း၊ အလားတူမီးလုံးများဖြင့် အသားညိုရန် ပြုလုပ်ခြင်း၊ အထူးသဖြင့် အသားဖြူ၊၊ အသားဝါများ၊ မှဲ့များသော ရာဇဝင်ရှိခြင်း၊ ခြေထောက်(သို့) အဝတ်အစားနှင့်အပွတ်အတိုက်များသော နေရာများတွင် မှဲ့ရှိခြင်း၊ နေလောင်အမာရွတ်များ ရှိခြင်း၊ အရေပြားကင်ဆာ ဖြစ်ဖူးသူ မိသားစုထဲမှာရှိခြင်း၊ မီးချောင်း၊ မိုက်ခရိုဝေ့ဖ်များနှင့် အထိအတွေ့များခြင်း၊ ခရမး်လွန်ရောင်ခြည် သင့်ခြင်း၊ အရက်များခြင်း၊ သန္ဒေတားဆေး တာရှည်သုံးခြင်း၊ (ငါးနှစ်ကျော်)သမင်ဖြူ၊ ခရုသင်းထွက်ခြင်း၊ ကိုယ်တွင်းခုခံအားကျခြင်း။

သတိပေးလက္ခဏာများ *************************

အရေပြားပေါ်တွင် ကြွက်နို့နှင့်တူသော အဖုအပိမ့်ထွက်ခြင်း၊ ကျက်ခဲသော အနာပေါက်ခြင်း၊ မှဲ့များရှိပါက အရွယ်အစား ကြီးလာခြင်း၊ အနာဖြစ်လာခြင်း အနာကျက် ခဲခြင်း၊ အနာရွတ်များမှ အနာဖြစ်လာခြင်း၊ မှဲ့များ၏ အနားဝိုင်း ပုံမှန်မဟုတ်ခြင်း၊ မှဲ့နက် ကြီးများပေါ်ခြင်း၊ မှဲ့မှသွေးထွက်ခြင်း။

၅။ လည်ချောင်းကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ --------------------------------------------------------------

အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း။

သတိပေး လက္ခဏာများ **************************

ချောင်းဆက် တိုက်ဆိုးခြင်း၊ အသံဝင်ခြင်း၊ မည်သို့ပင် ကုကုပျောက်ခဲသော  လည်ချောင်းရောဂါများဖြစ်ခြင်း။

၆။ ပါးစပ်၊ ခံတွင်းနှင့် လည်ချောင်းကင်ဆာ အန္တရယ်ဖြစ်စေသည့် အရာများ ---------------------------------------------------------------------------------

ခံတွင်းထဲတွင် သရိုးသရီဖြစ်ခြင်း၊ သွားကျိုးခြင်း၊ အံကပ်၊ သွားတုများ မတော်တော့ခြင်း၊ ပျက်စီးခြင်း၊အရက်များခြင်း၊ ဆေးလိပ်များခြင်း၊ ဆေးရွက်ကြီးငုံဝါးခြင်း။

သတိပေး လက္ခဏာများ **************************

ပါးစပ်၊ လည်ချောင်း၊ လျှာ၊ အနာဖြစ်ပါက ကျက်ခဲခြင်း၊ အသံဝင်ခြင်း။

၇။ အသည်းကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ ----------------------------------------------------------

မြေပဲ၊ မြေပဲထောပတ်၊ ပြောင်း၊ ဆန်တို့ပေါ်ရှိ မှိုပိုးမှ ထွက်သော အဖလာ (Aflatoxin) အဆိပ်ကို စားမိခြင်း၊ အရက်အသောက် များခြင်း၊ ပိုင်ရိုလစ်ဇစ်ဒင်းန် အယ်လ်ကလွိုက်များ၊ ပေါ်လီဗီနိုင်းလ်ကလိုရိုဒ်၊ တမော့က်စီဖဲန် စသည်တို့နှင့် အထိအတွေ့ရှိခြင်း၊ သောက်မိခြင်း၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုး၊ အသည်း  ခြောက်ခြင်း၊ သိုရီယမ်ဒိုင်အောက်ဆိုဒ်၊ သန္ဒေတားဆေးလုံး၊ အဲန်နာဘောလစ် စတီးရွိုက်အာဆင်းနစ်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ သံဓာတ်များခြင်း။

သတိပေး လက္ခဏာများ **************************

နောက်ဆုံးအဆင့်တွင် တွေ့ရသော လက္ခဏာများ။ ညာဘက်နံရိုးအောက် ဘက်တွင် နာခြင်း၊ အသည်းကြီးခြင်း၊ အသားဝါခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အားအင် ကုန်ခန်းခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ လေချုပ်ဝမ်းကယ်ခြင်း၊ သွေးအားနည်းခြင်း။

၈။ အဆုတ်ကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ ---------------------------------------------------------

ဆေးလိပ်၊ အက်စ်ဘက်စ်တော့စ်၊ မီးခံကျောက်ပြားပါကျောက်ဂွမ်းမျှင်၊ နစ်ကယ်လ်၊ကက်ဒ်မီယမ်(သို့) ရေဒီယိုသတ္တိကြွ ပစ္စည်းများ (ရေဒွန်ငွေ့) နာတာရှည် လေပြွန်ရောင်ခြင်း၊ တီဘီဖြစ်ဖူးခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့် ထိတွေ့မှုရှိခြင်း၊ ဘလီယိုမိုင်စင်၊ ဆိုက်ကလိုဖော့စ်မာမိုက်ဒ်စသည့် ကင်ဆာဆေးများ သွင်းရခြင်း။

သတိပေး လက္ခဏာများ **************************

ချောင်းဆိုးမပျောက်ခြင်း၊ ချောင်းဆိုးလျှင်သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ နုံးခြင်း၊ အသက်ရှုမဝခြင်း၊ ရင်ကျပ်ခြင်း၊ ရင်ညွန့်ရိုးအောင့် နာခြင်း၊ အသံပြောင်းခြင်း၊ အသံဝင်ခြင်း၊ အားနည်းခြင်း၊ ပိန်လာခြင်း။

၉။ ရင်သားကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ ---------------------------------------------------------

အသက် (၃၅) နှစ်ကျော်မှ သားဦးကိုယ်ဝန်ဆောင်ခြင်း၊ သားသမီး မထွန်းကားခြင်း။ ညီအကိုမောင်နှမ အရင်းအချာများထဲတွင် ရင်သားကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိခြင်း။ အသက်(၃၀)မကျော်မီက ဓာတ်ရောင်ခြည် ပိုးသတ်ဆေး စသည်တို့ဖြင့် ထိတွေ့ဖူးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နညး်ပါးခြင်း၊ ပိုးသတ်ဆေးများ အများအပြား ထိတွေ့ ကိုင်တွယ်ရခြင်း၊ဓမ္မတာနောက်ကျခြင်း(သို့) aစာစောလာခြင်း၊ သွေးဆုံးနောက်ကျခြင်း၊ ကော်ဖီ၊အရက်အလွန်အကျွံ သောက်သုံးခြင်း၊  အဆီအဆိမ့်၊ အချိုအစားများခြင်း ဆီးချိုရှိခြင်း၊ သန္ဒေတားဆေးစား၍ ကာလရှည်ကြာစွာ သန္ဒေတား၊ သားဆက်ခြားခြင်း၊ဟော်မုန်းအစားထိုး ကုသမှုခံယူခြင်း၊ ကိုယ်ခန္ဒာက  အီစထရိုဂျင်ဟော်မုန်း အထုတ်များခြင်း (သို့) အီစထရိုဂျင်ပါသော ဆေးများစားခြင်း၊ အဝလွန်ခြင်း။

သတိပေး လက္ခဏာများ **************************

အကျိတ်၊ အဖု၊ ရင်သားအရေပြား ထူအမ်းလာခြင်း၊ နို့သီးခေါင်း ချိုင့်ဝင်ခြင်း၊ နို့သီးခေါင်း ရောင်ရမ်းထူအမ်းလာခြင်း၊ နို့မတိုက်ပဲနှင့် နို့သီးခေါင်းယားခြင်း၊ နီရဲခြင်း(သို့) ယားယံနီရဲကာ အနာဖြစ်လာခြင်း၊ နို့သီးခေါင်းမှ သွေး၊ ပြည်၊ သနံရည် စသည့်နို့ရည် မဟုတ်သော အရည်များထွက်ခြင်း။

၁၀။ အစာအိမ်ကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ -------------------------------------------------------------

သွေးအားနည်းခြင်း၊ အစာခြေရည် အထွက်နည်းခြင်း၊ အသား၊ အဆီအစားများကာ အသီးအရွက် အစားနည်းခြင်း၊ အစာအိမ် အနာကြာကြာဖြစ်ခြင်း၊ အစာအိမ် ပေါလစ်ပ် (ညှာတံပါအကျိတ်) ထွက်ခြင်း၊ အပူအစပ် အစားများခြင်း၊ အသားချောင်း၊ အသားပြား အစားများသဖြင့် တာရှည်ခံရန်ထည့်သည့် ယမ်းစိမ်း (ဆိုဒီယမ်နိုက်ထရိတ်) နိုက်ထရိုဆိုအေမင်း စသည့် ဓာတုပစ္စည်းများဝမ်းထဲရောက်ခြင်း၊ အကင်စာ အစားများခြင်း၊ ငါးဆားနယ်၊ အသားဆားစိမ်အစားများခြင်း၊ အရက်၊ ဆေးလိပ်များခြင်း၊ အိပ်ချ်ပိုင်လိုရိုင်ပိုအစာအိမ်ထဲရောက်ခြင်း၊ အစာအိမ်အမြှေးပါးရောင်ခြင်း။

သတိပေး လက္ခဏာများ **************************

အစာမကြေခြငး်၊ အစာစားပြီး ဗိုက်နာခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ခံတွင်းပျက်ခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ ရင်ပြည့်ရင် ကယ်ခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ များသောအားဖြင့် လက္ခဏာ ထူးထူးခြားခြားမပြပါ။ နှောင်းမှ၊ လွန်မှသိကြရသည်။

၁၁။အစာရေမျိုကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ -------------------------------------------------------------

အသက် ၄၅ နှစ်နှင့် ၇၀ ကြား ဇရာ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်စွဲ၊ ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးအစားနည်းခြင်း။

သတိပေး လက္ခဏာများ **************************

အစာမျိုရခက်ခြင်း၊ ခံတွင်း၊ လည်ချောင်းထဲတွင် အစာနင်ခြင်း၊ ရင်ပြည့်ခြင်း၊ ရင်ဘတ်နာခြင်း၊ကိုယ်အလေးချိန်ကျခြင်း။

၁၂။.အူမကြီးနှင့် မစင်အိမ်ကင်ဆာ -------------------------------------

အန္တရာယ်ဖြစ်စေ သည့်အရာများ ***********************************

အမျှင်ဓာတ်၊ ထုံးဓာတ်ပါဝင်သော အစားအစာများ အစားနည်းခြင်း၊ အသီးအရွက် ထက်စာလျှင် အသားအစားများခြင်း။ ပေါလစ်ပ် အလုံးအကျိတ်ရှိခြင်း။ မိသားစုအတွင်း အူမကြီးကင်ဆာဖြစ်သူ ရှိဖူးသည့် ရာဇဝင်ရှိခြင်း။ ဝမ်းချုပ်လွန်းခြင်း(သို့) ဝမ်းပျက်လွယ်ခြင်း၊ အူထဲတွင် အဆိပ်အတောက်များ များနေခြင်း၊ အဆီအဆိမ့် အသားအစားများခြင်း။ အစားကြူးခြင်း၊ အရက်အသောက်များခြင်း၊ သည်းခြေရည် မထွက်ခြင်း (သို့) အထွက်များ ခြင်း၊နာတာရှည် အူရောင်ရောဂါဖြစ်သည့်  အူမကြီးတွင် အနာဖြစ်ရောင်ရမ်းသော ရောဂါဖြစ်ဖူးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ မွေးရာပါရောဂါရှိခြင်း၊ အသက် ၅၀ ကျော်တွင် အဖြစ်များခြင်း။

သတိပေး လက္ခဏာများ **************************

စအိုမှ သွေးယိုခြင်း၊ ဝမ်းထဲတွင် သွေးမည်းမည်းပါခြင်း၊ ဝမ်းထဲတွင် ချွဲ၊ သွေးများ ဝမ်းနှင့် အတူပါလာခြင်း (သို့) သီးခြားစီပါ လာတတ်ခြင်း၊ ဝမ်းသွားသည့် အလေ့အကျင့် ပြောင်းလာခြင်း၊ ဝမ်းပျက်ပျက်နေခြင်း၊ ဝမ်းဖောလိုက် ဝမ်းချုပ်လိုက်ဖြစ်လာ ခြင်း(သို့) ဝမ်းဆက် တိုက်ချုပ်နေခြင်း၊ ဝမ်းသွားချင်စိတ် ဖြစ်ပေါ်နေခြင်း၊ ဝမ်းသွားရသည့်အခါ  ဝမ်းကျန်သကဲ့သို ခံစားရခြင်း၊ အမြဲလိုလိုဗိုက်အောင့်၊ ဗိုက်နာနေခြင်း၊ ခံတွင်းပျက်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ လူပိန်လိုက်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်ရောင်လာခြင်း၊ ဗိုက်နာခြင်း(သို့) မအီမသာဖြစ်ခြင်း။

၁၃။သားအိမ်အတွင်းသား နှင့် သားအိမ်ကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ -----------------------------------------------------------------------------------------

တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးခြင်း၊ သွေးဆုံးပြီးချိန်နောက်ပိုင်းကာလသို့ ရောက်နေခြင်း၊ မိသားစုဝင်များထဲတွင် သားအိမ်ကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိခြင်း၊ ဆီးချို၊ သွေးချိုရှိခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ဓမ္မတာမမှန်ခြင်း၊  အဆီအသား အစားများခြင်း၊ သားမြုံ ခြင်း (သို့) သားသမီးမရခြင်း၊ တမောက်ဆီဖဲန် (ကင်ဆာဆေး) သောက်ရခြင်း၊ အီစထရိုဂျင်ဟော်မုန်း အစားထိုးကုထုံးဖြင့် တာရှည်ကုသနေရခြင်း၊ ပုံမှန်မဟုတ်သော ဟော်မုန်းပမာဏကြာရှည်နေခြင်း။

ကနဦး လက္ခဏာများ ***********************

ဓမ္မတာလာစဉ် မနာမကျင်ပဲ သွေးအဆင်းများခြင်း ၊ပုံမှန်မဟုတ်သော အရိအရွဲဆင်းခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း၊ ဓမ္မတာအဆင်းများ၊ ဓမ္မတာမမှန်ခြင်း၊သွေးသွန်ခြင်း၊ တင်ပါးဆုံတစ်ဝိုက် ကိုက်ခဲခြင်း၊ ပိန်လာခြင်း၊ ခံတွင်းပျက်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း။

နောက်ကျမှသိရသော လက္ခဏာများ ***************************************

ကြွက်တတ်ခြင်း၊ လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း လေးလံခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း။

၁၄။ သားအိမ်ခေါင်းကင်ဆာ အန္တရာယ်ဖြစ်စေသည့် အရာများ -------------------------------------------------------------------

ငါးကြိမ်ကျော် ကိုယ်ဝန်ဆောင် သားမွေးခြင်း ၊ငယ်ငယ်ရွယ်ရွယ်နှင့် လိင်ဆက်ဆံခြင်း၊ ဆီးပူညောင်းကျ (သို့) လိင်အင်္ဂါ ကြွက်နို့ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း၊ အိမ်ထောင်ဖက် (သို့) လိင်ဆက်ဆံဖက်များခြင်း၊ သားမြုံ ခြင်း၊ အီစထရိုဂျင်ဟော်မုန်းများ ကြာရှည်အသုံးပြု ခြင်း။ သန္ဒေ္ဒတားဆေး၊ ဆေးလိပ်အသောက်များခြင်း (သို့) ဆေးခြောက်ရှုခြင်း၊ သားအိမ်ခေါင်း ရေယုန်ဗိုင်းရပ်စ်ပိုးနှင့် သားအိမ်ခေါင်းတွင် တွယ်တတ်သောပက်ပစ်လိုးမား ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊အဆီအဆိမ့် အစားများခြင်းနှင့် အဝလွန်ခြင်း (သားအိမ်ကင်ဆာပါဖြစ်နိုင်)။

သတိပေး လက္ခဏာများ **************************

ကနဦးပိုင်း၊ လက္ခဏာမပြ။ ဓမ္မတာပေါ်စဉ် သွေးအဆင်းများခြင်း၊ အဖြူ၊ အနီမဟုတ်ပဲ သမားရိုးကျ မဟုတ်သည့် အရိအရွဲဆင်းခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း၊ သွေးများများဆင်းသည့် လများ များလာခြင်း၊ လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်း၊ ဆက်ဆံပြီးသည့်အခါ သွေးဆင်းခြင်း၊ ပတ်စမီးယား (ခေါ်) သားအိမ်ခေါင်းမှ အရိအရွဲများရယူကာ ဓာတ်ခွဲစမ်းသပ် ကြည့်သည့်အခါ ပုံမှန်မဟုတ်သော ဆဲလ်များတွေ့  ရခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ကယ်လေပွခြင်း။

Ref: ရွှေအိမ်စည်စာကြည့်တိုက် ကြေးမုံသတင်းစာ Thursday, April 30, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18