ဒူးဆစ်ရောင်နာပျောက်လိုသော
29-Oct-2016
ဒူးဆစ်ရောင်ဝေဒနာသည် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတို့ကို ဒုက္ခပေးတတ်သော နာတာရှည်ရောင်ရမ်းနာ ဝေဒနာတစ်မျို း ဖြစ်ပါသည်။ ဝဖြိုးသည့် သက်ကြီးရွယ်အို အမျိုးသမီးတို့သည် ဒူးဆစ်ရောင် ဝေဒနာပို၍ စွဲကပ်တတ်ပါသည်။ အောက်ဖော်ပြပါ နှိပ်နယ်နည်းများမှာ ဒူးဆစ်ရောင်ဝေဒနာအား သက်သာစေနိုင်ပါသည်။
၁။ လက်ဖဝါးဖြင့် ခုံညင်းရိုးအား နှိပ်နယ်ပေးခြင်း ခုတင်ပေါ်တွင် ခြေဆန့်၍ ထိုင်ပြီး (သို့မဟုတ်) ထိုင်ခုံပေါ်ထိုင်ပြီး ခုံညင်းရိုး(ဒူးခေါင်းရိုး) ပေါ် လက်ဖဝါး ထားကာ လက်ယာရစ်၍ နှိပ်ပေးပါ။ နှစ်မိနစ်မှ သုံးမိနစ်ထိ တဖြည်းဖြည်းနှင့် အားစိုက်၍ နှိပ်ပေးပါ။
၂။ ဒူးဆစ်အနီးတစ်ဝိုက် အာရုံကြောအချက်အချာနေရာများအား နှိပ်နယ်ပေးခြင်း ထိုင်ခုံပေါ်တွင် ထိုင်၍ လက်မထိပ်ပိုင်းဖြင့် အပြင်ဘက် ဒူးဆစ်ချိုင့်ခွက်တို့ကို နှိပ်နယ်ပေးပါ။ ထို့ပြင် တံကျင်ရိုး (Fibula) ထိပ်ပိုင်းရှိ ချိုင့်ခွက်နှင့်ညို့သကျည်း ရိုးထိပ်ပိုင်းရှိ ချိုင့်ခွက်တို့ကိုလည်း နှိပ်နယ်ပေးပါ။ ဒူးခေါင်းရိုးနာကျင်သည့်နေရာကိုလည်း လက်မထိပ်ပိုင်းဖြင့် နှိပ်နယ်ပေးနိုင်ပါသည်။ အဆိုပါ အာရုံကြောအချက်အချာနေရာများကို တစ်မိနစ်စီ နှိပ်နယ်ပေးပါ။ တဖြည်းဖြည်းအားစိုက်၍ နှိပ်နယ်ပေးပါ။ ထုံလာ၊ ကျဉ်လာ၊ နာလာ၊ တောင့်တင်း လာသည်အထိ နှိပ်နယ်ပေးသွားပါ။ ဒူးဆစ်ရော ဝေဒနာ မုချပျောက်ကင်းသွားပါလိမ့်မည်။
Ref: Mg Mandalay Thursday, January 29, 2015
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

