| ဆေးအမည် | Raltrox iml (ရဲထရော့စ်) |
| ပါဝင်ပစ္စည်း | ထိုးဆေးရည် (1ml) တွင် Nalbuphine Hydrochloride … 10 mg (or) 20 mg. |
| ဆေးအမျိုးအစား | ကိုက်ခဲနာကျင်မှုပျောက်ဆေး။ |
| အသုံးပြုနိုင်သောရောဂါများ | အသင့်အတင့်မှ ပြင်းထန်သော နာကျင်ကိုက်ခဲမှု အမျိုးမျိုးတွင် အသုံးပြုနိုင်သည်။ |
| ဆေး၏ပုံသဏ္ဍာန် | အသားတွင်းထိုးဆေးရည်။ |
| ဆေးအချိန်အဆ | လူနာ၏ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး 10-20mg/ 70 kg ဖြင့် အသားတွင်း ထိုးနိုင်သည်။ ကလေးများတွင် 0.3 mg/ kg ဖြင့် တွက်၍ထိုးနိုင်သည်။ |
| ဘေးထွက်ဆိုးကျိုးများ | ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းသည်။ အိပ်ငိုက်ခြင်း၊ ပျို့ခြင်း၊ အာခြောက် ခြင်းများ ရှားပါးစွာဖြစ်နိုင်သည်။ |
| ဆရာ၀န်ညွှန်ကြားချက် | လို။ |
| ကြိုတင်သတိပြုရန်အချက်များ | အသက်ရှူလမ်းကြောင်းပြဿနာရှိသူများ၊ ကျောက်ကပ်နှင့် အသည်းမကောင်းသူ များ၊ သည်းခြေလမ်းကြောင်းတွင် ရောဂါရှိသူများတွင် သတိပြုသုံးသင့်သည်။ |
| ထုတ်လုပ်သည့် Company | Opsonin Phama Ltd. (ဘင်္ဂလားဒေ့ရှ်) |
| တင်သွင်းသည့် Company | Modle Pharma Co., Ltd. |