Print

ကျေနပ်ပျော်ရွှင်ဝမ်းမြောက်မှု အနုပညာ

  24-Jul-2019
Preview Image

မိမိကိုယ်ကို ကျေနပ်ပျော်ရွှင် ဝမ်းမြောက်စေဖို့ . . .

-       သူတစ်ပါးအပေါ် မိမိအသက်နှင့် ထပ်တူ မေတ္တာတရားထားရှိပါ။

-       လူ့ဘဝပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထွေးပိုက်၍ အံ့သြဖွယ်ရာများနှင့် စကြဝဠာ၏ ကောင်းကွက်များတည်းဟူသော အလှအပအားလုံးကို သင် အနီးကပ်ဆွဲယူထားပါ။

-       ဘဝခရီးမှာ သင်၏ အပေါင်းအဖော်များ အားလုံးအတွက် အေးတိအေးစက်မနိုင်ဘဲ လှုပ်ရှားတက်ကြွ နွေးထွေးသည့်နှလုံး ထားရှိပါ။

-       ရယ်စရာဟာသနှင့် မျက်ရည်စရော သွားသည့်အခါလည်းရှိသည်။ ဆိုလိုရင်းမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သော ပျော်ရွင်ကြည်နူးစရာများသည် နှစ်တွေကြာလာသည်နှင့်အမျှ မှုန်ဝါးဝါးဖြစ်ကာ ရေးတေးတေး ပြန်လည် သတိရသည့်အခါ လှိုက်လှဲဝမ်းသာရသလို ဝမ်းနည်းတသ ခံစားရခြင်းမျိုးဖြစ်တတ်သည်။

-       သင်၏ ပျော်ရွှင်ဝမ်းမြောက်မှုကို မျှဝေပေးပါ။

-       မိမိ၏ တန်ဖိုးအစွမ်းအစရှိသမျှကို ဖော်ထုတ်ပြသပါ။ စိတ်ကူးဉာဏ် ကွန့်မြူးမှုကလည်း ထူးကဲဒီရေအလား ပြည့်လျှံသွားသလို ဖန်တီးမှု၏ ဂုဏ်ကျက်သရေလည်း ဖြစ်သည်။ ပျော်ရွှင်ဝမ်းမြောက်စွာ အလုပ်လုပ်သည် နှင့်အမျှ မိမိအလုပ်ခွင်မှာ ပျော်ရွှင် ဝမ်းမြောက်စရာတွေ တွေ့ရပါမည်။

-       သေးငယ်မှေးမှိန်သော ဌာနများမှာ ပျော်စရာဖွေရှာပါ။

-       လက်ဝယ်ရှိတာကို ပျော်ရွှင်ခံစား၍ စိတ်ကျေနပ်ရောင့်ရဲအောင်ကြိုးစားပါ။

-       တစ်နေ့စီ၊ တစ်နေ့စီကို အံ့သြစရာ အကောင်းဆုံးဖြစ်အောင် စီမံလုပ်ဆောင်ပါ။

Credit : မောင်ကျေးဇူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18