Print

ဘာလို့များ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ရသလဲ ညီမငယ်

  18-Jul-2019
Preview Image

          တရုတ်ပြည်က အမျိုးသမီးတစ်ယောက်က လက်ထ ပ်ပွဲဝတ်စုံကြီးနဲ့ ခုနစ်လွှာမြင့်တဲ့ တိုက်အပေါ်မှ ပြတင်းပေါက်ကနေ ခုန်ချဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူနဲ့လက်ထပ်ပွဲလုပ်မယ့် အမျိုးသားက လက်ထပ်ပွဲကို ရုတ်တရက် ဖျက်သိမ်းခဲ့တဲ့အတွက် ဖြစ်ပါတယ်တဲ့။


          ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဆိုတာ ကိုယ်ကြုံတွေ့နေရတဲ့ အရှုံးပေါင်းများစွာစီကနေ ရင်မဆိုင်နိုင်လို့ ရှောင်တိမ်းခြင်းသာဖြစ်တယ်။ ယောကျာ်းတစ်ယောက်နဲ့ လက်မထပ်လိုက်ရလို့ အဆိုးရွားဆုံးခံစားမှု ဆိုပါတော့။

၁။ အရှက်တကွဲ အကျိုးနည်းဖြစ်ခြင်း

၂။ အသိုင်းအဝိုင်းအလယ် မျက်နှာမဖော်လိုခြင်း

၃။ ယူကျုံးမရဖြစ်ခြင်း

၄။ ပူလောင်သောကများခြင်း

၅။ စိတ်ဓာတ်ကျခြင်း


          အဲဒီ ငါးချက်ကို ရင်မဆိုင်နိုင်လို့၊ ရင်မဆိုင်ရဲလို့ အသက်တစ်ချောင်း ချုပ်ငြိမ်းအောင်ကြိုးစားကာ သူရဲဘောကြောင်သူတို့ လုပ်ရပ်သာ ဖြစ်တယ် ညီမငယ်။

သဝရဲ့ တန်ဖိုး၊ ဘဝရဲ့ အဆုံးသတ်ဆိုတာ သေခြင်းတရားလို့ ပြောတာဟာ ခပ်ညံ့ညံ့လူတွေရဲ့ အတွေးအခေါ်ဖြစ်တယ်။ ဘဝရဲ့တန်ဖိုးဆိုတာ ကိုယ့်ဘဝတစ်လျှောက်လုံး ဘယ်လောက်ထိတန်ဖိုးရှိရှိနေလာသလဲ၊ ဘယ်လောက်ထိတောင် လူ့လောကအကျိုး သယ်ပိုးလို့ လူပီသစွာ နေနိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး တိုင်းတာတယ်။ ဘဝရဲ့အဆုံးသတ်ဆိုတာ သေခြင်းတရားဆိုတာထက် ပိုနက်ရှိုင်းပါတယ်။


          သေသွားရုံနဲ့ မင်းဘဝ ငြိမ်းချမ်းသွားမယ်လို့ မင်းအာမခံနိုင်ပါသလား။ မင်းမှာ ဆက်လျှောက်ရမယ့် သံသရာ ခရီးရှည်ကြီး ရှိသေးတယ်။ ဖြတ်သန်းရမယ့် ဘဝပေါင်းများစွာ ရှိသေးတယ်။ ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေရှိသေးတယ်။


          သာသနာနဲ့ ကြုံတွေ့ရချိန် လူ့ဘဝမှာ တန်ဖိုးရှိတဲ့ အနှစ်သာရနဲ့ တရားဓမ္မကို မယူဆောင်နိုင်ရင် လူဖြစ်ရှုံးကြီး ရှုံးသူသာ ဖြစ်တယ်။ ငယ်ငယ်တုန်းက ကဗျာ စာကြောင်းလေးတွေ ရွတ်ပြချင်တယ်။ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက် နင့်ပြင်ရှိသေးရဲ့လား” ဆိုသလိုပေါ့။ လူ့ဘဝဆိုတာ မြင့်မြတ်တဲ့ လူသားများ စိတ်ခံစားမှုတစ်ခု၊ အချစ်အမုန်းပူလောင်သောကတွေနဲ့ အချိန်ကုန်ခံပြီး ဘဝရဲ့ အနှစ်သာရကို မေ့လျော့နေရသလဲ။

 

         သေခြင်းတရားဆိုတာ အဆုံးသတ်တစ်ခု မဟုတ်သလို ငြိမ်းအေးရာလည်း မဟုတ်ဘူး။ ဘဝမှာနေထိုင်ဖို့ အချိန်စေ့လို့ တို့တွေ သံသရာမှာ နောက်ဘဝတစ်ခုကို ကူးပြောင်းဖို့ တံခါးဝတစ်ခုသာ ဖြစ်ပါတယ်။ ဒီဘဝမှာ ဘာတွေကို ယူသွားနိုင်လို့ နောက်ဘဝကို ကူးမယ့် တံခါးကို သွားချင်ရသလဲ။


          ကုသိုလ်တရားနဲ့ အကုသိုလ် တရားဟာ ကိုယ်သွားမယ့် သံသရာ တစ်လျှောက် နောက်ကနေ အမြဲကပ်လိုက်ပါမယ့် အရိပ်တွေသာ ဖြစ်တယ်။ အကုသိုလ်တွေများရင် ငရဲရောက်မယ်။ ကုသိုလ်တွေများရင် ကောင်းတဲ့ဘုံရောက်မယ်။

  

        အခုအချိန်ထိ ဘာတွေများ လုပ်နေခဲ့သလဲ ပြန်ဆန်းစစ်ကြည့်ပါ။

Credit : သက်တန့်ချို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18