Print

ပြုံးပြုံးရွှင်ရွှင် ကျန်းကျန်းမာမာ

  15-May-2019
Preview Image

အကယ်၍ သင်ဟာ ရယ်မောပြုံးရွှင်တဲ့ဘက်မှာ အားနည်းနေမယ်ဆိုရင် ရယ်မောပြုံးရွှင်ခြင်းရဲ့ နောက်ကွယ်မှာရှိတဲ့ ကျန်းမာရေးအကျိုးအာနိသင်တွေကို ရရှိတော့မှာ မဟုတ်ပါဘူး။ ရင်မောပြုံးရွင်ခြင်းရဲ့ နောက်ကွယ်မှာ ကျန်းမာရေးအတွက် အကျိုးအာနိသင်တွေ ဖြစ်စေနိုင်တဲ့ အချက်တွေ ရှိပါတယ်။


၁။ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်

          ဘယ်အရာတွေက သင့်ကို စိတ်ဖိစီးမှုပေးစေပါသလဲ။ ခေါင်းရှုပ်တဲ့အလုပ်တွေ၊ ဘာတွေက သင့်ကို စိတ်ဖိစီးမှုတွေ အများကြီးပေးနေတယ်ဆိုတာ သင်သိမှာပါ။ အဲဒီလို စိတ်ဖိစီးမှုတွေ အားလုံးကို ဖြေလျော့စေတဲ့ နည်းလမ်းတစ်ခုကတော့ ရယ်မောပြုံးရွှင်ခြင်းပါပဲ။ ရယ်မောပြုံးရွှင်ခြင်းဟာ သင့်ကို အချိန်မကုန်၊ အလုပ်မရှုပ်၊ ငွေမကုန်စေဘဲ သင့်ရဲ့ စိတ်ဖိစီးမှုကို ဖြေလျော့ပေးစွမ်းနိုင်ပါတယ်။ ထို့ပြင် ရယ်မောပြုံးရွှင်ခြင်းဟာ သင့်ရဲ့စိတ်ကို ပျော်ရွှင်စေရုံသာမက သင့်ရဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျင်လျင်မြန်မြန် ပြေလျော့စေပါတယ်။


၂။ သွေးဖိအားကို ကျစေတယ်

          ပြုံးရွှင်ရယ်မောခြင်း နောက်ကွယ်မှာရှိတဲ့ နောက်ထပ် ကျန်းမာရေးအကျိုးအာနိသင်ကတော့ သွေးဖိအား (Blood Pressure) ကို ကျစေတာပါပဲ။ အကယ်၍ သင့်မှာ သွေးတိုးပြဿနာ၊ ရုတ်တရက် သွေးဖိအားမြင့်တက်နေတဲ့ ပြဿနာတွေ ရှိနေမယ်ဆိုရင် ဆေးစား၊ ဆေးသောက်ခြင်းအပြင် သင့်ရဲ့ တစ်နေ့တာမှာ ပြုံးရွှင်ရယ်မောခြင်းပါ ထည့်ပေါင်းပြုလုပ်မယ်ဆိုရင် သွေးဖိအားကျဆင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ သုတေသနပြုချက်တွေအရ တစ်ကြိမ်ပြုံးရယ်လိုက်တိုင်း သွေးပေါင်ချိန် ပမာဏ အတော်အသင့် ကျဆင်းစေကြောင်းသိရပါတယ်။


၃။ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေတယ်

          သင့်ရဲ့ ကိုယ်ခံစွမ်းအားစနစ်တွေ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ အလွယ်လေးပါ။ ပြုံးရွှင်ရယ်မောဖို့ပါပဲ။ သုတေသနပြုချက်တွေအရ ပြုံးရွှင်ရယ်မောခြင်းဟာ ခန္ဓာကိုယ်ရော၊ စိတ်ကိုပါ ပြေလျော့စေတဲ့အပြင် အထူးသဖြင့် အအေးမိ၊ နှာစေး၊ တုပ်ကွေးစတဲ့ ရောဂါတွေကို တိုက်ဖျက်ခုခံနိုင်တဲ့ စွမ်းအားကို ဖြင့်တက်စေတယ်လို့ သိရပါတယ်။


၄။ သင့်ရဲ့ရုပ်ကို နုပျိုစေတယ်

          သင်ဟာ အရေးအကြောင်းတွေ၊ အသားအရေတွန့်ခြင်း၊ ပါးရေတွန့်ခြင်း တွေကို လျော့နည်းကင်းစေလိုပါသလား။ အရေးအကြောင်းတွေ ကင်းရှင်းပြီး လှပ တင်းရင်းချောမွေ့တဲ့ မျက်နှာပိုင်ရှင်ဖြစ်ချင်တယ်ဆိုရင် မကြာခဏ ပြုံးရွှင်ရယ်မောဖို့ မမေ့ပါနဲ့။ ပြုံးရွှင်ရယ်မောခြင်းဟာ အချိန်မကုန်၊ အလုပ်မရှုပ်၊ ငွေမကုန်စေဘဲ သင့်မျက်နှာကို သဘာဝအတိုင်း လှပတင်းရင်းစေတဲ့ နည်းလမ်းတစ်ခု ဖြစ်စေရုံသာမက ရေရှည်မှာ ရုပ်ကို နုပျိုစေပါတယ်။ စိတ်ပျို ကိုယ်နုဆိုတဲ့ စကားအတိုင်းပါပဲ။


၅။ နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်

          သုတေသနပညာရှင်တွေကတော့ ရယ်မောပြုံးရွှင်ခြင်းဟာ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ ဆေးတစ်လက်ဖြစ်ကြောင်း ညွှန်းဆိုကြပါတယ်။ Endorphins ဆိုတဲ့ ဓာတ်ပစ္စည်းများဟာ သင့်ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်လို့ သိရပါတယ်။ ပြုံးရွှင်ရယ်မောခြင်းဟာ အဲဒီဓာတ်ပစ္စည်းတွေကို ထုတ်လွှတ်ပေးတယ်လို့ သုတေသီတို့က ဆိုပါတယ်။

ဒါကြောင့်မို့ ရယ်မောပြုံးရွှင်ခြင်းကို သဘာဝအကိုက်အခဲ ပျောက်ဆေး သို့မဟုတ် နာကျင်မှုသက်သာဆေး တစ်ခုအဖြစ် လုပ်ဆောင်ပြုမူလို့ရပါတယ်။

Credit : နေရည်ချို 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18