Print

အယ်ဇိုင်းမားရောဂါ

  27-Feb-2019
Preview Image

     အယ်ဇိုင်းမားရောဂါဆိုသည်မှာ ဦးနှောက်ပိုင်းတွင် ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ပိုင်းမှ မှတ်ထားသော မှတ်ဉာဏ်များ တဖြည်းဖြည်း လျော့ကျသွားခြင်းဖြစ်သည်။ သတိမေ့လျော့ခြင်း ဖြစ်ပေါ်လာသော ရောဂါဟုလည်း ဆိုနိုင်သည်။


ရောဂါလက္ခဏာ

          အယ်ဇိုင်းမားရောဂါ လက္ခဏာများမှာ စိတ်မငြိမ်ခြင်း၊ ရှေ့ဆက်စဉ်းစား၍ မရခြင်း၊ တစ်ရက်နှစ်ရက်အတွင်း ဖြစ်ခဲ့သောကိစ္စများပါ မေ့နေတတ်ခြင်း၊ နေ့စဉ် သုံးနေကျ ပစ္စည်းများ မည်သည့်နေရာတွင် ထားမိမှန်းမသိတော့ခြင်း၊ ထားနေကျနေရာတွင် မထားမိဘဲ ပစ္စည်းများ အထားမှားလာခြင်း၊ အလုပ်လုပ်နိုင်စွမ်းရည် ကျဆင်းလာခြင်း၊ အပြုအမူများအားလုံး ပြောင်းလဲလာခြင်း၊ ရောဂါဆိုးရွားလာပါက မိမိပြောနေသော စကားလုံးများပါ ပုံမှန် မဟုတ်တော့ခြင်းတို့ ဖြစ်တတ်သည်။


ဆရာဝန်ညွှန်ကြားချက်

          အယ်ဇိုင်းမားရောဂါ ရှိသူများသည် ဗီတာမင်အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ဗီတာမင် အီး များသည် ဖြည့်စွက်ရန် လိုအပ်ပါသည်။အယ်ဇိုင်းမားရောဂါ ရှိသူများသည် ဦးနှောက်ပိုင်းစွမ်းရည် ကျဆင်းလာခြင်းကို ကြိုတင် ကာကွယ်ရန်အတွက် ငါးအမျိုးမျိုး စားပေးသင့်ပါသည်။ ငါးထဲတွင် ပါဝင်သော ဓာတ်များသည် ဦးနှောက်ဆဲလ်များ၏ လုပ်ဆောင်စွမ်းအားများကို ပိုတိုးပွားစေသည်။

   

       အယ်ဇိုင်းမားရောဂါ ရှိသူများသည် ဆေးလိပ်၊ ကော်ဖီ၊ အရက်သောက်ခြင်းများကို ရှောင်ပါ။ ကာလကြာရှည်စွာ အရက်သောက်ခြင်းသည် ဦးနှောက်ပိုင်းရှိ ဆဲလ်များကို သေစေရန် ပိုလွယ်ကူစေနိုင်ပါသည်။အယ်ဇိုင်းမား ရောဂါရှိသူများသည် ပုံမှန် အားကစား လုပ်ပေးသင့်ပါသည်။ အားကစားလုပ်ခြင်းကြောင့် ဦးနှောက်အာရုံကြောနှင့် နှလုံးစွမ်းအားများကို ပို၍ကျန်းမာစေပြီး အလုပ်လုပ်စေနိုင်သည်။

 

         နေ့စဉ် မိနစ် ၃၀ ခန့် လမ်းသွက်သွက် လျှောက်ပေးပါ။ ဦးနှောက် မှတ်ဉာဏ်အားကို ပိုကောင်းမွန်၍ မေ့နေသည်များကို ပြန်လည် အမှတ်ရလာစေရန် စာများများဖတ်ပါ။ ပဟေဠိများကို များများ ဖြေကြည့်ပါ။ သီချင်းနားထောင်ပါ။ ဂိမ်းကစားပါ။ နေ့စဉ် အိပ်ရေးဝစွာ အိပ်နိုင်စေရန် ကြိုးစားပါ။ အိပ်ရေးပျက်ခြင်းသည် မှတ်ဉာဏ်အားကို ပို၍ ကျဆင်းစေနိုင်သည်။ စိတ်ကို ဖိအားဖြစ်စေမည့် အကြောင်းအရာများ ခေါင်းထဲ ဝင်ရောက်လာပါက ချက်ချင်းထုတ်ပစ်လိုက်ပါ။အယ်ဇိုင်းမားရောဂါသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသော အသက်ကြီးသူများတွင် အဖြစ်များကြောင်း တွေ့ရှိရပါသည်။


လိုအပ်သော ဓာတ်များ

          အယ်ဇိုင်းမားရောဂါ ရှိသူများသည် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင် အီးနှင့် ဗီတာမင် B1 ၊ B2 ၊ B6 ၊ B12 ၊ EPA ၊ DHA ၊ ဥအကာဓာတ် ၊ Omega -3 တို့ စားပေးရန် လိုအပ်သည်။


စားသင့်သော အစာများ

          အယ်ဇိုင်းမားရောဂါ ရှိသူများသည် ဝက်သား၊ အမဲသား၊ ကြက်သား၊ ဆော်လမွန်ငါး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ ပန်းပွင့်စိမ်း၊ ကန်စွန်းဥ၊ ဂေါ်ဖီ၊ အာလူး၊ မျှစ်၊ ဟင်းနုနယ်၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ မှို၊ ကြွက်နားရွက်မှို၊ သရက်သီး၊ သစ်တော်သီး၊ ကီဝီသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ စပျစ်သီး၊ ပန်းသီး၊ သံလွင်သီး၊ တည်သီး၊ ဖရဲသီး၊ ပဲဝါ၊ ပဲပြား၊ နွားနို့၊ ကြက်ဥ၊ ဒိန်ခဲ၊ ကောက်ညှင်း၊ နှမ်း ၊ မြေပဲ၊ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ဗာဒံစေ့တို့ စားသင့်ပါသည်။


မစားသင့်သော အစာများ

          အယ်ဇိုင်းမားရောဂါ ရှိသူများသည် အသားကင်၊ ကြက်ကင်၊ အဆီပါအသား၊ တိရစ္ဆာန်အသည်းကလီစာ၊ အရေခွံများ၊ ကြက်ကြော်၊ အာလူးကြော်၊ ကြပ်တိုက်အသား၊ တိရစ္ဆာန်တို့မှရသော ဆီတို့ မစားသင့်ပါ။


Credit : ယမုံအေး (စမ်းချောင်း)

 

 

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18