Print

မိမိကိုယ်ကိုယ်မိမိ သတ်သေလိုသော အတွေးများနဲ့ အပြုအမှုများ အပိုင်း (၁)

  23-Feb-2019
Preview Image

သေကြောင်းကြံစည်ဖို့ ကြိုးစားတဲ့သူကို အားပေးကူညီလက်တွဲကူရာမှာ သင့်တော်တဲ့၊ ထိရောက်တဲ့ပညာရှင်တွေရဲ့ အကူအညီကို အမြန်ဆုံးယူပါလို့ သူ့ကိုအားပေးမယ်၊ ဒါမှမဟုတ်ရင်လည်း တခြားသင့်တော်တဲ့ ပညာရှင်တွေနဲ့တွေ့ဖို့ ကြိုးစားလိုက်ပါ ဆိုတာမျိုး သူ့ကို အားပေးရမယ်။

         

နောက်ပြီး စိတ်ကျန်းမာရေး ကုသပေးတဲ့ ဆေးရုံတွေ ၊ ဆေးခန်းတွေက ဘယ်နေရာမှာ ရှိတယ်။ နောက် ဒါမျိုးဖြစ်လို့ရှိရင် ကူညီပေးတဲ့ ရဲစခန်းတို့၊ မီးသတ်တို့၊ မိခင်နဲ့ ကလေးတို့၊ အမျိုးသမီးရေးရာတို့ စသဖြင့်ပေါ့လေ၊ သူကို ကူညီပေးမယ့်သူတွေ ကူညီပေးနိုင်တဲ့သူတွေ ဘယ်နေရာမှာရှိတယ်ဆိုတာမျိုး သတင်းအချက်အလက်တွေ ရှာပေးမယ်။ သက်သေဖို့ ကြိုးစားတာနဲ့ ပက်သက်ပြီးတော့ ကူညီပေးမယ့်သူတွေ ရှိတယ်၊ ဒေသန္တရအဖွဲ့အစည်းတွေက ဒီလိုမျိုး သတ်သေဖို့ ကြိုးစားနေတယ်ဆိုတဲ့သူကို ကူညီဖို့အတွက် အသင့်ရှိနေတော့ ကူညီနိုင်မယ့်သူတွေ၊ နာရေးကူညီမှု မဟုတ်ဘဲနဲ့ နေကောင်းအောင် ကျန်းမာရေးအကူအညီပေးတဲ့ အဖွဲ့အစည်းတွေနဲ့ အရေးပေါ်ကူညီပေးမယ့် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ နည်းလမ်းတွေ ကိုယ်က အကြောင်းအချက်တွေ ရှာဖွေပြီးတော့ ဆက်သွယ်ပေးရမယ်။

         

ဒီလိုမျိုး သတင်းအချက်တွေ ပံ့ပိုးပေးပြီးတော့ သေကြောင်းကြံစည်တဲ့သူနဲ့ ဒီအဖွဲ့အစည်းတွေနဲ့ ဒီလူတွေနဲ့ အကူအညီတွေကို ရနိုင်မလဲဆိုတာမျိုးတွေ သူနဲ့ဆွေးနွေးပေးမယ်။ ဆွေးနွေးပေးတဲ့အခါမှာ အဲဒီကူညီတဲ့သူတွေက မျက်နှာချင်းဆိုင် ပြောဖို့အတွက် အခက်အခဲရှိနေတယ်ဆိုရင်လည်း ဖုန်းလေးနဲ့ ဖြစ်ဖြစ်တော့ အကူအညီတောင်းတာမျိုးတွေ၊ စကားပြောတာမျိုးတွေ လုပ်နိုင်ဖို့ စီစဉ်ပေးရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ ဘာသွားတွေ့ရမလဲဆိုတော့ သေကြောင်းကြံစည်တဲ့သူက ကူညီမယ့်သူတွေမရှိဘဲနဲ့ ပြန်ကောင်းလာလိမ့်မယ်တော့ မျှော်လင့်လို့ မရဘူး။ သူတို့ကို ကိုယ်က လွှတ်ထားလိုက်တာနဲ့ သူ့ဘာသာသူ လိုအပ်တဲ့ အကူအညီကို သူ့ဘာသာသူ ရှာမှာပဲလို့တော့ သွားပြီးတော့ တွေးထင်ထားလို့တော့ မရပါဘူး။ သတ်သေဖို့ ကြံစည်ထားတဲ့သူ၊ ကြိုးစားထားတဲ့သူ၊ သတ်သေချင်စိတ်တွေ ပေါက်နေတယ်ဆိုတဲ့သူဟာ အကူအညီတောင်းဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူဘဝမှာ အမည်းစက်ကြီးထင်သွားမယ်၊ ရှက်စရာဆိုပြီးတော့ ဖြစ်မယ်၊ နောက်တစ်ခါ သူ သွားပြီးတော့ အကူအညီတောင်းလိုက်တော့မှ အကူအညီတောင်းတဲ့သူတွေက မကူညီကြဘူး၊ ကူမယ့်သူမဲ့၊ ကယ်မယ့်သူမဲ့ ဖြစ်နေတဲ့ အဖြစ်မျိုး ဖြစ်နေတယ်။ ဘယ်သူကမှလည်း သူ့ကို ကယ်သူညီကြမှာ မဟုတ်ဘူးလို့ တွေးထင်ထားတဲ့အတွက် သူ့ကို ဒီအတိုင်းပဲ ပစ်ထားလို့ကတော့  သူ့ဘာသာသူ ကောင်းသွားလိမ့်မယ်။ သူ့နည်းသူ့ဟန်နဲ့ အကူအညီတွေ တောင်းလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားဘူး။ တကယ်လို့ သေကြောင်းကြံစည်တဲ့သူက အကူအညီတောင်းဖို့ ဝန်လေးနေတယ်ဆိုခဲ့ရင် ဘာလုပ်ကြမလဲ၊ အဲဒီလို ဝန်လေးနေတယ်ဆိုရင် အားပေးမယ်၊ နှစ်သိမ့်မယ်၊ စိတ်ကျန်းမာရေးဆရာဝန်ကြီးတွေနဲ့ တွေ့ဖို့လိုမယ်၊ တွေ့ကြည့်ပါ ဒါမှမဟုတ်ရင်လည်း သေကြောင်း ကြံစည်ဖို့ကို ကာကွယ်ပေးမယ့် လိုင်းတွေနဲ့ ကူညီးပေးမယ့် အဖွဲ့အစည်းတွေ့နဲ့ ချိတ်ဆက်ပေးပါ။

         

အဲဒီချိတ်ဆက်ပေးတဲ့သူတွေကနေပြီးတော့ သူ့ကိုဘယ်လိုကူညီပေးလိမ့်ဆိုတဲ့အကြောင်း ပြောပြမယ်။ တကယ်လို့ သေကြောင်းကြံစည်တဲ့သူက စိတ်ကျန်းမာရေးဆရာဝန်ကြီးတွေနဲ့လည်း မတွေ့ချင်ဘူး၊ ဘယ်ဆရာဝန်နဲ့မှလည်း မတွေ့ချင်ဘူး၊ ဘယ်ဆေးရုံဆေးခန်းနဲ့မှလည်း မသွားချင်ဘူး။ ဘယ်သူရဲ့ အကူအညီမှလည်း မလိုချင်ဘူးဆိုပြီး ငြင်းဆန်လာတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ ငြင်းဆန်လာတယ်ဆိုတဲ့ အချိန်ကျရင်တော့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ဌာနတွေ ဒါမှမဟုတ်ရင် ပြဿနာတွေကို အကူအညီပေးမယ့် တယ်လီဖုန်းလိုင်းတွေ၊ ရဲစခန်းတွေ၊ မီးသတ် သို့မဟုတ် မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတို့၊ အမျိုးသမီးရေးရာတို့၊ လွှ့တ်တော်က ကူညီပေးမယ့်သူတွေ စသည်ဖြင့် အကူအညီပေးမယ့်သူတွေဆီ၊ အဖွဲ့အစည်းတစ်ခုခု အမြန်ဆုံး ဆက်သွယ်ပြီးတော့ ခေါ်ပြီးတော့ အကူအညီရဖို့ စီစဉ်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ သေကြောင်းကြံစည်တဲ့သူက လူငယ်၊ လူရွယ်၊ လူပျိုပေါက်၊ အပျိုပေါက် ဖြစ်နေတယ် ဆိုကြပါစို့ ဒါမျိုးဆိုရင် လမ်းညွှန်ပေးဖို့ နည်းလမ်းက ပိုပြီးတော့ လမ်းညွှန်တဲ့နည်းကို သုံးရမှာဖြစ်ပါတယ်။


လူပျိုပေါက်၊ အပျိုပေါက်၊ မြီးကောင်ပေါက်လေးဖြစ်နေတယ်ဆိုရင် သူတို့က အကူအညီယူဖို့အတွက်၊ အကူအညီတောင်းခံဖို့အတွက် နှောင့်နှေးတက်ပါတယ်၊ တွန့်ဆုတ်နေတက်ပါတယ်။ အဲ့တော့ သူတို့က သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့သူ တစ်ယောက်ယောက်နဲ့ သူတို့ရဲ့ မိသားစုဝင်သော်လည်းကောင်း၊ သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်း အရင်းအချာသော်လည်းကောင်း တစ်ယောက်ယောက်နဲ့ ချိတ်ဆက်ပြီးတော့ ကိုယ်က သေသေချာချာ စီစဉ်ကူညီပေးရမှာ ဖြစ်ပါတယ်။ မြီးကောင်ပေါက်ဖြစ်နေတယ်ဆိုလို့ရှိရင် စိတ်ကျန်းမာရေးဆရာဝန်ကြီးတွေဆီ သွားဖို့၊ စိတ်ကျန်းမာရေးဆေးခန်းတွေသွားဖို့၊ ဆေးရုံဆေးခန်းတွေ သွားဖို့၊ ရဲစခန်းမှာ အကူအညီတောင်းဖို့ စသဖြင့် ဒါတွေကို တွန့်ဆုတ်ပြီးတော့ ငြင်းဆိုတာမျိုးတွေ ရှိတက်ပါတယ်။ အဲဒါကြောင့်မို့လို့ မိသားစုဝင်တွေ၊ သူငယ်ချင်းအရင်းအချာတွေနဲ့ ဆက်သွယ်ပြီး အမြန်ဆုံး ကူညီပေးဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက အရမ်းကို အရေးကြီးနေတယ်။ သက်သေဖို့ကို ကြိုးစားနေပြီဆိုတာမျိုးဆိုလို့ ရှိရင်တော့  ပိုပြီး အရေကြီးတဲ့ ဆောင်ရွက်ချက်တွေ လုပ်ရမှာဖြစ်ပါတယ်၊ တကယ့်ပညာရှင်တွေနဲ့ အမြန် ဆက်သွယ် ပေးရမှာပါ။


တကယ်လို့ သေကြောင်းကြံစည်တဲ့သူက ဒီလိုဆက်သွယ်ပေးတာကိုပဲ သူကလုံခြုံအောင် မနေဘူး၊ မဖြစ်နိုင်ဘူးလို့ ကိုယ်က ယူဆတယ်ဆိုလို့ရှိရင် သူနဲ့ သူပြနေကျ ဆရာဝန် သို့မဟုတ်ရင်လည်း စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်ယောက်နဲ့ အမြန်ဆုံး ကိုယ်ကိုယ်တိုင်ကို ချိတ်ဆက် ဆက်သွယ်ပြီးတော့ အကူအညီ တောင်းခံပေးဖို့ ဖြစ်ပါတယ်။ ဖြစ်နိုင်လို့ရှိရင် ကျန်းမာရေးစောင့်ရှောက်မှုကိုပေးတဲ့ ပညာရှင်တွေနဲ့ ချိတ်ဆက်၊ သက်သေဖို့ ကြိုးစားတဲ့သူကို သိမယ်၊ ပြီးရင် သူယုံကြည်စိတ်ချရတဲ့သူတွေ ရှိမယ်ဆိုရင် ဒါက အဆင်ပြေသွားနိုင်ပါတယ်။ တကယ်လို့ ဒီသေကြောင်းကြံစည်ဖို့ ကြိုးစားတဲ့သူမှာ တိကျတဲ့ အစီအမံတွေ ဖြစ်တဲ့ ဘယ်လိုသတ်သေမယ်၊ ဘယ်နည်းနဲ့သတ်သေမယ်ဆိုတဲ့ နည်းလမ်းတွေရော ဘာတွေရော အားလုံးရှိနေပြီ၊ သူအစီအစဉ်တိုင်း တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားဖို့ စီစဉ်နေပြီဆိုရင်တော့ စိတ်ကျန်းမာရေးဆေးရုံ၊ ဆေးခန်း သို့မဟုတ်ရှိရင်လည်း အန္တရာယ် တစ်ခုခုဖြစ်လို့ ရဲစခန်း၊ မီးသတ်တို့ကို လှမ်းပြီးတော့ အကူအညီးတောင်းပြီးတော့ အမြန်ဆုံး အကြံဉာဏ်ပေးဖို့နဲ့ အခြေအနေကို ပြောပြပြီး အကူအညီပေးဖို့ပဲ ဖြစ်ပါတယ်။


တကယ်လို့ သတ်သေဖို့ ကြိုးစားတဲ့သူသည် သူလက်ထဲမှာ လက်နက်တစ်စုံတစ်ရာ ရှိနေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ လက်နက်တစ်စုံတစ်ရာ ရှိနေပြီဆိုရင်တော့ ရဲစခန်းနဲ့ အမြန်ဆုံး ဆက်သွယ်ဖို့ လိုမှာ ဖြစ်ပါတယ်။ ရဲစခန်းကို ဆက်သွယ်ပြီးတော့ ဒီတစ်ယောက်ကတော့ သူ့ကိုယ်သူသတ်သေဖို့ ကြိုးစားနေပါတယ်။ သူကို ကူညီဖို့အတွက် အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ဖို့လိုပါတယ်ဆိုပြီးတော့ ဆက်သွယ်မယ်။ ဒီနေရာမှာ ကိုယ်တိုင်လည် အန္တရာယ်ကင်းဖို့ လိုပါတယ်။ သတ်သေဖို့ ကြိုးစားတဲ့သူကို ကူညီရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်လည်း မဖြစ်အောင် သတိထားဖို့လိုပါတယ်။ သေကြောင်းကြံစည်ဖို့ ကြိုးစားတဲ့သူဟာ စိတ်တွေတိုလာမယ်၊ စိတ်တွေလေပြီးတော့ ကိုယ်က သူ့ကို သတ်မသေဖြစ်အောင် ကာကွယ်ပေးတယ်၊ ကြိုးစားတယ်၊ သူ့ကို ကူညီတာကို ဒါမှမဟုတ်ရင်လည်း ပြောရမယ်ဆိုရင် ပညာရှင်တွေနဲ့ ဆက်သွယ်ပြီးတော့ ကူညီဖို့ ကြိုးစားတာတွေကိုပဲ လာပြီးတော့ စိတ်လိုက်မာန်ပါနဲ့ ကိုယ့်ကို သူက အန္တရာယ်ပြုမှာမျိုးတွေလဲ ရှိတက်ပါတယ်။ အဲဒီတော့ အဲ့လိုမျိုး အန္တရာယ်ပြုဖို့ ကြိုးစားတယ်ဆိုလို့ရှိရင် ဒီသေကြောင်းကြံစည်ဖို့ ကြိုးစားတယ်ဆိုတဲ့သူကို ဒဏ်ရာအနာတရဖြစ်စေမယ့် ဆောင်ရွက်ချက်မျိုး ဒါမှမဟုတ်ရင်လည်း ထိခိုက်စေမယ့် စကားလုံးမျိုးတွေ မပြောမိစေဖို့ ကြိုးစားရမှာ၊ ဆင်ခြင်ရမှာ ဖြစ်ပါတယ်။


တကယ်လို့ သေကြောင်းကြံစည်သူက သူသတ်သေဖို့ ကြိုးစားတာ ဘယ်သူမှမပြောပါနဲ့လို ဆိုလာရင် ဘယ်လိုလုပ်ကြမလဲ

        အဲဒီလိုမျိုး မပြောပါနဲ့ ဆိုလာလို့ရှိရင် သတ်သေဖို့ စီစဉ်တယ်၊ သတ်သေဖို့ ကြိုးစားတယ်ဆိုတဲ့ဟာကို လှျှို့ဝှက်ချက်တစ်ခုအနေနဲ့ ဘယ်သူမှမပြောဘဲ ထားပါမယ်လို့ သဘောတူလို့ မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ တစ်ယောက်ယောက်က ဘယ်သူ့ကိုမှ မပြောဘူးဆိုလို့ရှိရင် အဲဒါကတော့ မပြောပါဘူးဆိုပြီး သွားပြောလို့မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဥပမာ သူ့ကိုအလေးအနက်ထားတဲ့ သဘောမျိုးရှိရမယ်၊ ပြီးလို့ရှိရင် သူ့ရဲ့ဆုံးဖြတ်ချက်တွေမှာ တခြားဘယ်သူတွေသိသင့်လဲ ဆိုတာကိုတော့ သူကို Respect  ပေးရမယ်၊ သွားပြီးတော့ ကတိပေးလို့ မရဘူး။ တကယ်လို့ အဲဒီလူက ဒီအဖြစ်အပျက်တွေကို ဘယ်သူမှ မပြောပါနဲ့လို့ ပြောတယ်ဆိုပါစို့၊ ငြင်းဆန်တယ်ဆိုပါစို့ သူရဲ့အတွေးတွေနဲ့ ပက်သက်ပြီး ဖျောက်ဖျက်သလို ဖြစ်ပြီးတော့ သူတို့ရဲ့ လုံခြုံမှုအတွက်ပေါ့ ဒီလိုလုပ်တဲ့နေရာမှာ ရိုးသားဖို့လိုတယ်။ ဘယ်သူတွေကတော့ ပြောကိုပြောမှ ဖြစ်မှာပဲဆိုပြီးတော့ သူကို အသိပေးဖို့လိုပါတယ်။ စိတ်ထဲမှာ သိထားရမှာက ဘာလဲဆိုတော့ သူရဲ့ သတ်သေချင်တဲ့ အတွေးတွေကို ကိုယ့်ကို ပြောပြလိုက်တဲ့အတွက် သူက ဒေါသတွေ ထွက်ပြီး သူ့ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ ကူညီရာမရောက်ပဲ သတ်သေတာကို တွန်းအားပေးရာ ရောက်မသွားဖို့က အရေးကြီးတယ်။ အဲဒါကြောင်မို့လို ရိုးရိုးသားသားပဲဟာ မဟုတ်ဘူး အဲလိုတော့ မလုပ်ပါနဲ့ကွာ ဒါကတော့ မင်းအဖေနဲ့ အမေကို ပြောမှ ဖြစ်မယ် စသဖြင့် ပွင့်ပွင့်လင်းလင်းပဲ ပြောပြီးတော့ လုပ်စရာရှိတာကို သူ့ကို ကူညီနိုင်ဖို့ဟာကို လုပ်မှပဲဖြစ်မယ်။ နောက်တစ်ခုက တကယ်လို့ သေကြောင်းကြံစည်တဲ့သူက သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်အောင် လုပ်ပြီးနေပြီဆိုလို့ရှိရင် ကိုယ်က ရှေးဦးသူနာပြုစနြည်းနဲ့ ကူညီပြုစုမယ်။ လုပ်ပြီးလို့ရှိရင် အရေးပေါ်ဌာနကို လှမ်းခေါ်ပြီးတော့ အကြောင်းကြားခေါ်မယ်၊ ကားတွေ ဘာတွေခေါ်မယ်၊ ခေါ်ပြီးလို့ရှိရင် ခေါင်းထဲမှာ တစ်ချိန်ထည်းမှာ ဘာရှိရမလဲဆိုတော့ ကိုယ်အကောင်းဆုံး၊ ကိုယ်အတက်နိုင်ဆုံး၊ ကိုယ်အကြိုးစားဆုံး မိမိကိုယ်ကိုယ်မိမိ သတ်သေခြင်းကို အတက်နိုင်ဆုံး ကိုယ်အကောင်းဆုံး ကာကွယ်ကူညီခဲ့တယ်ဆိုတာကိုပဲ ကိုယ့်စိတ်ထဲမှာထားဖို့ပဲ ကျန်တဲ့အပိုင်းတွေကတော့ ကိုယ်မတက်နိုင်ဘူး။


မိမိကိုယ်ကိုယ် သတ်သေခြင်းမဟုတ်သည့် ဒဏ်ရာအနာတရ ဖြစ်အောင်ပြုမှုခြင်း

          တစ်ချို့လူတွေက သူတို့ကိုယ်သူတို့ ဒဏ်ရာအနာတရ ဖြစ်အောင်လည်းလုပ်သည်။ ဒဏ်ရာအနာတရတွေ ဖြစ်အောင်လုပ်တာက တခြားအခြား အကြောင်းပြချက် အမျိုးမျိုး ရှိပေ့မဲ့ သေကြောင်းကြံစည်တာ မဟုတ်ဘူး။ ဒါဆိုလိုရှိရင် ဘာလုပ်မလဲ သူဒေါသထွက်နေတာတို့၊ မခံမရပ်နိုင်တာကို လျော့ပါးသွားအောင် အခြားနည်းလမ်းတွေနဲ့ ကြိုးစားပြီးတော့ ကူညီပေးဖို့ လိုအပ်တယ်။ ဒီနေရာမှာ ဘေးက မြင်ရ၊ ကြည့်ရတဲ့ သူက ဒဏ်ရာအနာတရဖြစ်အောင် လုပ်ထားတဲ့အတွက် ကြည့်ရတာကိုက အင်မတန်ကို စိတ်မချမ်းမသာစရာ ဖြစ်တက်ပါတယ်။ အဲဒီတော့ အဲဒီစိတ်မချမ်းမသာစရာဖြစ်လို့ရှိရင် ကိုယ်ကိုယ်ကိုယ်သတ်သေတာ မဟုတ်ဘူး၊ ကိုယ်ကိုယ်ကိုယ် ဒဏ်ရာအနာတရပဲ ဖြစ်အောင် လုပ်တာဆိုရင် ဘယ်လိုတွေ ကူညီကြမလဲ၊ ဘယ်လိုတွေ နားလည်မှုယူပြီးတော့ ဘယ်လိုတွေဆက်ပြီးတော့ လုပ်ပေးမလဲဆိုတာကို နောက်တစ်ကြိမ်ကျတော့ အဲဒီလူတွေကို ဘယ်လိုကူညီမလဲဆိုတာနဲ့ ပတ်သက်တဲ့အကြောင်း ထပ်ပြောပြပါမယ်။


Credit : ပါမောက္ခ ဦးဉာဏ်ဝင်ကျော်(အတိုင်ပင်ခံ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18