Print

အိပ်မွေ့ချပညာနှင့်စိတ်နယ်လွန်

  09-Jan-2018
Preview Image


အိပ်မွေ့ချခြင်းနှင့် အဆင့်တွေကို ခွဲခြားသတ်မှတ်ရာမှာ အများလက်ခံတဲ့နည်း သုံးနည်းရှိရာ နည်းနည်းအိပ်ခြင်း၊ အလယ်အလတ်အိပ်ခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခြင်း ဆိုပြီးရှိပါတယ်။ နည်းနည်းအိပ်ခြင်းဟာ အိပ်ငွေ့ကျပြီးနောက် ပထမဆုံး ရောက်တဲ့အဆင့်ဖြစ်တယ်။ အိပ်မွေ့ချခံရသူဟာ အိပ်ငိုက်လာပြီးသိရက်နဲ့ ခြေလက်များမလှုပ်ရှားနိုင်ခြင်း၊ မျက်ခွံများ လေးလံလာခြင်း၊ အိပ်ပျော်နေသလိုခံစားရခြင်း၊ စိတ်ရဲ့ခံစားမှုပြောင်းလဲသွားခြင်း ထူးခြားမှုများခံစားရတယ်။ 

 အလယ်အလတ်အိပ်ခြင်းမှာ ခြေလက်များဟာ ညွှန်ကြားချက်ပေးတဲ့အတိုင်း အနေအထားပုံမပျက်ခြင်း ညောင်းညာခြင်း၊ ထုံကျင်ခြင်းမရှိဘဲ ကြည်ရှည်တည်နိုင်တဲ့ အဆင့်ဖြစ်တယ်။ ကိုယ်ခန္ဓာတစ်ခုလုံးကို ညွှန်ကြားချက်ပေးပြီး လိုသလိုစေနိုင်တယ်။ တောင့်တင်းစေနိုင်တယ်။ ပျော့ပျောင်းစေနိုင်တယ်။ သန်စွမ်းစေနိုင်တယ်။ အာရုံခံအင်္ဂါများကို ပိုမိုထက်မြက်လာစေနိုင်တယ်။ ညွှန်ကြားချက်ပေးပြီး အဆိုးကို အကောင်း၊ အကောင်းကို အဆိုးဖြစ်အောင် လက်ခံလာစေနိုင်တယ်။ တောင့်တင်းစေနိုင်တယ်။ ပျော့ပျောင်းစေနိုင်တယ်။ သန်စွမ်းစေနိုင်တယ်။ အာရုံခံအင်္ဂါများကို ပိုမိုထက်မြက်လာစေနိုင်တယ်။ ညွှန်ချက်ပေးပြီး အဆိုးကို အကောင်း၊ အကောင်းကိုအဆိုးဖြစ်အောင် လက်ခံလာစေနိုင်တယ်။ အအေးကို အပူ၊ အပူကို အအေးအဖြစ်ခံစားစေနိုင်တယ်။ သာမန်အချိန်တွေမှာ မစွမ်းဆောင်နို်င်တဲ့အရာတွေ စွမ်းဆောင်နိုင်တယ်။

 နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာက အိပ်မွေ့ကျချိန်မှာ အမြင့်ဆုံးဒီဂရီအထိ၊ အိပ်ပျော်သွားတဲ့အဆင့်ဖြစ်တယ်။ ထူးခြားတဲ့ လက္ခဏာတွေက 


(၁) မှတ်ဉာဏ်ကွယ်နိုင်တယ်။ အိပ်မွေ့ကျသွားတဲ့အခါ ညွှန်ကြားချက်ပေးပြီ သိစေလိုတဲ့အကြောင်းအရာ တွေကို မေ့ပျောက်စေနိုင်၊ သတိမရအောင် ဉာဏ်ကျယ်စေနိုင်တဲ့သဘော ဖြစ်တယ်။ 


(၂) မေ့နေတဲ့အကြောင်းအရာတွေကို ပြန်လည်သတိရစေခြင်း၊ အိပ်မွေ့ကျနေစဉ် ညွှန်ချက်ပေးပြီး သတိကွယ်ပျောက်နေတဲ့ အချက်အလက်တွေကို ပြန်လည်သတိရစေနိုင်တယ်။ သတိပျောက်ရာမှ မစဉ်းစားတော့ဘဲ နေလိုက်ရတာ၊ မမျော်လင့်ဘဲ အလိုလို ဖျတ်ကနဲသတိပေါ်လာတတ်တဲ့ သဘောမျိုးဖြစ်တယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်စေတဲ့နည်းနဲ့ ကျောင်းသူကျောင်းသားများကို မှတ်ဉာဏ်တိုးတက်စေတယ်။ စာတော်စေနိုင်တယ်။ မေ့ပျောက်နေတဲ့ အကြောင်းအရာများ အသေးစိတ်ပြန်လည်သတိရမှတ်မိစေနိုင်တယ်။ မှုခင်းများ ဖော်ထုတ်ပေးနိုင်တယ်။


(၃) အသက်ပြန်ဆုတ်ခြင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မွေ့ကျနေသူကို မိမိရဲ့ကျော်ဖြတ်ခဲ့တဲ့ ကလေးဘဝကို တစ်ဆင့်ပြီးတစ်ဆင့် ပြန်ခေါ်ဆောင်သွားနိုင်တယ်။ အတိတ်ကာလပြန်ခံစားနိုင်တယ်။ အသက် ၅၀ အရွယ်ကို အသက် ၂၀ အရွယ်သို့ အသက်ပြန်ဆုတ်ခံစားနေတတ်တဲ့အပြင်သွေးခုန်နှုန်း၊ သွေးပေါင်ချိန် ဟော်မုန်းပမာဏ၊ ကျန်းမာသန်စွမ်းမှု၊ စိတ်နေစိတ်ထား၊ အမူအရာများ၊ လှုပ်ရှားမှုများပါ မကျန်တူနေတတ်တယ်။ ငယ်စဉ်ဘဝသိလိုတဲ့ ကိစ္စတွေပြန်လည် ဖော်ထုတ်ပေးနိုင်ပါတယ်။


(၄) အာရုံများစေနိုင်ခြင်း ဘဝင်ကျစွာ အိပ်မွေ့ချခံရသူကိုညွှန်ချက်ပေးပြီး၊ အာရုံခြောက်ပါးစလုံး မှောက်မှားစေနိုင်တယ်။ မရှိကို အရှိထင်စေပြီး၊ အရှိကို မရှိထင်စေတယ်။ ဥပမာ ကျောက်စရစ်ခဲကို ပတ္တမြားဆိုပြီးပေးရင်၊ ပတ္တမြားကို ကျောက်ခဲဆိုပြီးပေးရင်ပတ္တမြားကို ခဲထင်ပြီး လွှင့်ပစ်နိုင်တဲ့ အခြေအနေဖြစ်တယ်။ 


(၅) အချိန်ကို အတိအကျလိုက်နာစေနိုင်ခြင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မွေ့ချခံရသူကို ဘယ်နေ့၊ ဘယ်အချိန်၊ ဘာကိုမပျက်မကွက် လုပ်ဆောင်ရမယ်လို့ ညအန်ချက်ပေးထားရင် မပျက်မကွက် ရက်အတိအကျလုပ်ဆောင်လိမ့်မယ်။ လမှနှစ်တိုင်ကြာမြင့်သွား ပေမယ့် တိတိကျကျ လိုက်နာဆောင်ရွက်တတ်တယ်။


Credit: Dr. Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18