Print

အယ်လ်ဇိုင်းမားရောဂါ

  28-Dec-2017
Preview Image

အယ်လ်ဇိုင်းမားရောဂါဆိုတာ တဖြည်းဖြည်းချင်းဖြစ်လာတတ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး မှတ်ဉာဏ်နဲ့ တခြားပုံမှန်အသိစိ်တ်တွေကို ဖျက်ဆီးပစ်တဲ့ရောဂါပါ။ အစောပိုင်းမှာတော့ အယ်လ်ဇိုင်းမားရောဂါလက္ခဏာတွေက စိတ်ရှုပ်ထွေးနေခြင်းနဲ့ မှတ်ဉာဏ်ပြန်ဖော်ရခက်ခြင်းတို့ ပါ၀င်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှအယ်လ်ဇိုင်းမားရောဂါသည်တွေဟာ သူတိို့နဲ့အနီးကပ်ဆုံးသူတွေကိုတောင် မေ့သွားကြပြီး အကျင့်စရိုက်ကလည်းသနားစရာကောင်းလောက်အောင် ပြောင်းလဲသွားတတ်ကြပါတယ်။


အယ်လ်ဇိုင်းမားရောဂါဟာ သတိမေ့ခြင်းရဲ့အဓိကအကြောင်းအရင်းဖြစ်ပါတယ်( ဦးနှောက်ချို့ယွင်းပြီး အသိစိတ်နဲ့ ပုံမှန်လူမှုဆက်ဆံရေးတွေမလုပ်နိုင်တော့တာမျိုးဖြစ်ပါတယ်။) အယ်လ်ဇိုင်းမားရောဂါမှာဆိုရင် ဦးနှောက်ရဲ့ဆဲလ်တွေ တစ်ရှုးတွေတဖြည်းဖြည်းပျက်စီး သေဆုံးသွားပြီး မှတ်ဉာဏ်ရောစိတ်ပိုင်းဆိုင်ရာပါ တဖြည်းဖြည်းထိခိုက်လာပါတယ်။


ယခုလက်ရှိသုံးနေတဲ့ အယ်လ်ဇိုင်းမားရောဂါအတွက်ပေးတဲ့ ဆေးတွေကုသနည်းစနစ်တွေဟာ ရောဂါလက္ခဏာတွေကို အနည်းငယ်သက်သာစေပါတယ်။ ဒီလိုလုပ်နိုင်ခြင်းကြောင့် အယ်လ်ဇိုင်းမားရောဂါရှိသူတွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ ပြန်ကောင်းလာပြီး ပုံမှန်လူလိုနေထိုင်နိုင်ပါတယ်။ သို့ပေမဲ့လို့ ပျောက်ကင်းအောင်ကုသဖို့ နည်းလမ်းမရှိသေးတဲ့အတွက်ကြောင့် ရောဂါသည်အချင်းချင်းနှစ်သိမ့်ဆွေးနွေးတဲ့အဖွဲ့တွေ နဲ့တခြားလူမှုရေးအဖွဲ့တွေနဲ့ ဆက်သွယ်ထားသင့်ပါတယ်။


ရောဂါလက္ခဏာများ

ခဏခဏသတိမေ့ခြင်းနဲ့ ရံဖန်ရံခါစိတ်ရှုပ်ထွေးခြင်းတို့ဟာ အယ်လ်ဇိုင်းမားရောဂါမှာ ပထမဆုံးသတိထားမိစေတဲ့လက္ခဏာတွေပါ။ ဒါပေမဲ့ အချိန်ကြာလာနဲ့အမျှ သင့်ရဲ့မှတ်ဉာဏ်တွေ အထူးသဖြင့်မကြာသေးခင်က အဖြစ်အပျက်တွေကိုပါ မေ့လျော့လာမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ရောဂါပိုဆိုးလာတဲ့နှုန်းခြင်းမတူညီပါဘူး။


တကယ်လို့ သင့်မှာအယ်လ်ဇိုင်းမားရောဂါရှိရင် သင်ပထမဆုံးကိုယ့်ဖာသာ သတိပြုမိမှာက တစ်ခုခုကိုမှတ်ဖို့အရမ်းခက်ခက်ခဲခဲကြိုးစားနေရတာမျိုးတွေ ကိုယ်ဘာတွေးလဲကိုယ့်ဖာသာပြန်စဉ်းစားနေရတာမျိုးတွေ ဖြစ်လာမယ်။ ဒါ့အပြင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစုက သိသာမြင်သာနေတဲ့ကိစ္စမျိုးကို ကိုယ်တစ်ယောက်တည်းက သတိမပြုမိတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။


အယ်လ်ဇိုင်းမားရောဂါကြောင့် ဦးနှောက်ပြောင်းလဲမှုတွေဖြစ်ရင် အောက်ပါအချက်တွေထိခိုက်နိုင်ပါတယ်


မှတ်ဉာဏ်


လူတိုင်းမှာတော့ မေ့တတ်တဲ့အချိန်လေးတွေရှိတတ်ပါတယ်။ အိမ်သော့ ဘယ်နားထားမိမှန်းမသိတာတို့ ကိုယ့်မိတ်ဆွေနာမည်ကို ရုတ်တရက်မမှတ်မိတာမျိုးတွေဖြစ်တတ်ပါတယ်။ သို့ပေမဲ့ အယ်လ်ဇိုင်းမားရောဂါကြောင့် ဆိုရင်အမြဲတမ်းလိုလိုမေ့တတ်ပြီး အလုပ်နဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပါထိခိုက်လောက်တဲ့အထိဖြစ်လာပါတယ်။


အယ်လ်ဇိုင်းမားရောဂါရှိသူတွေဟာ - 

- ပြောပြီးသားစကား၊ မေးပြီးသားမေးခွန်းကိုပဲ ထပ်ခါတလဲလဲပြောနေခြင်း၊ မကြာခင်ကမှ ပြောပြီးသားစကားကိုမေ့သွားခြင်း၊ လုပ်နေကြလုပ်ငန်းဆောင်တာတွေကို တလွဲပြုလုပ်ခြင်း၊ ကိုယ့်အိမ်ကိုယ့်မိသားစုကိုတောင် မေ့လာခြင်း၊ စကားပြောဆိုဆက်ဆံရာမှာ ပြောဖို့စကားလုံးကို အပြင်းအထန်စဉ်းစားနေရခြင်း အစရှိသည်တို့ ဖြစ်လာနိုင်ပါတယ်။


ဖြစ်ရသောအကြောင်းရင်းများ


သုတေသနပညာရှင်တွေရဲ့လေ့လာချက်တွေအရ အယ်လ်ဇိုင်းမားရောဂါဟာ မျိုးရိုးလိုက်တာ၊ နေထိုင်မှုပုံစံပြောင်းလဲလာတာနဲ့ ဦးနှောက်အပေါ်ပတ်ဝန်းကျင်ကသက်ရောက်မှု အစရှိတာတွေနဲ့ ပတ်သတ်နေတယ်လို့ဆိုထားပါတယ်။ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားရတဲ့အကြောင်းရင်းတွေကို သေချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ရောဂါဖြစ်လာရင် ဦးနှောက်ကိုဘယ်လိုထိခိုက်မလဲဆိုတာတော့ သိနိုင်ပါတယ်။ ဦးနှောက်ဆဲလ်တွေတဖြည်းဖြည်းနဲ့သေဆုံးလာပြီး ဆဲလ်တစ်ခုနဲ့တစ်ခုဆက်သွယ်ထားတဲ့လမ်းကြောင်းတွေလည်း ပျောက်ဆုံးလာပါတယ်။ အဲ့ဒီလိုသေဆုံးလာတာနဲ့အမျှ ဦးနှောက်ဟာလည်း တစ်ဖြည်းဖြည်းကျုံ့သွားပါတော့တယ်။


ကာကွယ်ခြင်း

လောလောဆယ်အထိတော့ အယ်လ်ဇိုင်းမားရောဂါကိုသေချာပေါက်ကာကွယ်နိုင်တဲ့နည်းလမ်းရယ်လို့မရှိသေးပါဘူး။ လေ့လာချက်တွေအရ သေချာပြောနိုင်တာတစ်ခုကတော့ နှလုံးရောဂါဖြစ်ပွားနိုင်တဲ့နှုန်းကို လျော့ချနိုင်ရင်အယ်လ်ဇိုင်းမားရောဂါလည်း ဖြစ်ပွားနိုင်ချေနည်းသွားတယ်ဆိုတာပါ။ သွေးတိုးရောဂါရှိတာ၊ သွေးတွင်းကိုလက်စထရောပမာဏများတာ၊ အဝလွန်နေတာ နောက်ပြီး ဆီးချိုရှိနေတာ အစရှိတွေက အယ်လ်ဇိုင်းမားရောဂါကို ဖိတ်ခေါ်သလိုဖြစ်နေပါတယ်။


ဒါကြောင့် အစောပိုင်းကတည်းက မိမိရဲ့နေထိုင်စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲသင့်ပါတယ်။ ပြည့်ဝဆီတွေကိုတက်နိုင်သလောက်နည်းနည်းပဲစားမယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီသန့်တွေကိုပဲသုံးမယ်၊ ၀က်သား၊ အမဲသားအစရှိတာတွေထပ် ငါးကိုပိုပြီးများများစားပေးမယ် ဆိုရင် နှလုံးရောဂါဖြစ်နှုန်းသိသိသာသာလျော့ကျသွားမှာပါ။ ဒါဆိုတစ်နည်းအားဖြင့် အယ်လ်ဇိုင်းမား ရောဂါဖြစ်နှုန်းလည်းနည်းသွားပါလိမ့်မယ်။


Dr. Oliver

Credit: Mayo Clinic




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18