Print

ဘဝတွင် ပျော်ရွှင်ကျေနပ်နေပျော်စေရန်

  25-Nov-2017
Preview Image

လက်ရှိကာလကို တန်ဖိုးထားပါ

 အနာဂတ်ကာလအတွက် စိတ်ဖိစီးမှုများနေတဲ့အခါ လက်ရှိအခြေအနေကိုပဲ ကောင်းမွန်အောင် လုပ်နိုင်မယ့်အရာ တစ်ခုခုကို စဉ်းစားတွေးတောလိုက်ပါ။ စိတ်ပင်ပန်းနေရင် အကြိုက်ဆုံးသီးချင်းကို ခပ်ကျယ်ကျယ်ဖွင့်ပြီး နားထောင်လိုက်ပါ။


အလုပ်သွားသည့်လမ်းကြောင်းကို ပြောင်းလဲပါ

 အလုပ်သွားတဲ့အခါ လမ်းပိတ်တာကြောင့် စိတ်ညစ်ညူးရတတ်ပါတယ်။ ဒါကြောင့် စက်ဘီးစီးတာ၊ လမ်းလျှောက်တာစတဲ့ နည်းတွေနဲ့ အလုပ်သွားပါ။ ပိုမို ပျော်ရွှင်လာစေပြီး အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းလာစေပါတယ်။ 


ကခုန်ပါ

 စိတ်ဓာတ်မြင့်တက်လာဖို့ ကခုန်လိုက်ပါ။ စိတ်ဓာတ်ကျနေတဲ့ လူနာတွေဟာ အက သင်တန်းတက်ပြီးချိန်မှာ စိတ်ခွန်အားမြှင့်တက်လာကြောင်း ဒါဘီတက္ကသိုလ်မှ လေ့လာသူတွေက စိတ်ဓာတ်ကျတာနဲ့ အိပ်မပျော်တာတို့ လျော့ပါးပြီး ဘဝမှာ ပျော်ရွှင်ကျေနပ်မှု တိုးမြင့်ကြောင်း သြစတြေးလျလေ့မှုအရ သိရပါတယ်။


မုန့်ဖုတ်ပါ

 ဒါက စိတ်ခံစားမှု ကုထုံးတစ်ခုဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ပေါင်မုန့်ဖုတ်တာ၊ ကွက်ကီးမုန့်လုပ်တာ စတာတွေကို လုပ်ဆောင်ပြီးချိန်မှာ အောင်မြင်ပြီးမြောက်သွားတဲ့ ယုံကြည်စိတ်ကို တိုးစေတတ်တယ်လို့ သိရပါတယ်။ သင်လုပ်ထားတဲ့ မုန့်တွေကို အိမ်နီးနားချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကို ကျွေးလိုက်ပါ။


အတွေ့အကြုံရှာပါ

 တစ်ခါတစ်ရံ ငွေက ပျော်ရွှင်မှုကို ဝယ်ယူနိုင်ပါတယ်။ ဆိုလိုတာက ငွေကုန်ခံပြီး အတွေ့အကြံုတွေကို ရှာမှီးတာကြောင့် သင့်အနေနဲ့ ဒေသန္တရဗဟုသုတတိုးပွားပြီး ပိုမိုပျော်ရွှင်မှု ရရှိစေပါတယ်။


ဓာတ်ပုံများကို လှန်လှောကြည့်ပါ။

 အတိတ်ကာလက ကောင်းတဲ့ အရာတွေကို အာရုံစိုက်လေ့ရှိသူတွေက ပိုမိုပျော်ရွှင်တတ်ကြပါတယ်။ အားလပ်ရက်အပန်းဖြေခရီးထွက်စဉ်က ဓာတ်ပုံတွေ၊ ကလေးဘဝ ဓာတ်ပုံတွေကို လှန်လှောကြည့်တာကြောင့် ဘဝက ပိုပြီးနွေးနွေးမှု ရှိနေမှာပါ။


သွးပေါ်သည်အထိ ပြံုးလိုက်ပါ။

 ပြံုးလိုက်တဲ့အခါ မျက်နှာကြွက်သားတွေကို လှုံ့ဆော်လိုက်ပြီး ဦးနှောက်ဆီကို ပျော်ရွှင်အောင် အာရုံကြောအချက်ပြ သင်္ကေတတွေ ပေးပို့လိုက်ပါတယ်။ ဒါကြောင့် ပိုပျော်လာစေတဲ့အတွက် ပြံုးလိုက်ပါ။


တောင်တက်ပါ

 သဘာဝသစ်ပင်ပန်းမန်တွေရှိတဲ့ တောင်တန်းတွေပေါ် တက်တာကြောင့် မောပန်းနွမ်းနယ်မှုကင်းပြီး တက်ကြွလန်းဆန်း နေစေပါတယ်။


အကြင်နာပေးပါ

 ချစ်ခင်တဲ့ မောင်နှမ၊ သားသမီး၊ မိဘ၊ ဘဝအဖော်စတဲ့ သူတွေကို အကြင်နာပေးတာကြောင့် အကောင်းမြင်တဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအချိန်မှာ ဦးနှောက်ထဲ ပျော်ရွှင်ကြည်နူးစေတဲ့ ဓာတ်တွေ အထွက်တိုးကာ စိတ်ခံစားမှု ကောင်းမွန်နေမှာ ဖြစ်ပါတယ်။


အသက်ပြင်းပြင်း ရှူသွင်းပါ

 သင့်နှာခေါင်းက တစ်ဆင့် အသက်ပြင်းပြင်းရှူသွင်းပြီး ခဏတာ အသက်ရှူရပ်ထားပါ။ ပြီးမှ ပါးစပ်ကနေ အသက်ရှူထုတ်လိုက်ပါ။ ဒီလို လုပ်တာကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို လျော့ကျသွားစေပါတယ်။ တစ်နာရီမှာ သုံးကြိမ်လောက် ဒီလို အသက်ရှူနည်းကို လုပ်ဆောင်ပေးပါ။ 


နေ့စဉ်ရေးမှတ်ပါ 

 တစ်နေ့တာ ပြီးဆုံးသွားတဲ့အခါ ကျေးဇူးတင်ရမယ့် အရာတွေကို ချရေးတာကြောင့် အကောင်းမြင်စိတ် ပိုရှိစေပါတယ်။ သင်ကျေးဇူးတင်ရမယ့်အရာတွေကို စာထဲရေးမှတ်ထားပြီး ဘာကြောင့် ကျေးဇူးတင်တယ်ဆိုတာကိုချရေးလိုက်ပါ။


နေခြည်နုနု ဝင်ခွင့်ပြုပါ

 နေရောင်ခြည်ပြင်းရင် အခန်းထဲကို ဝင်ခွင့်မပြုသင့်ပေမယ့် နေခြည်နုနုနဲ့ ထိတွေ့တာကြောင့် လူတွေ ငြင်းခုန်ရန်ဖြစ်နှုန်း လျော့နည်းကာ ပိုမိုပျော်ရွှင်ကျေနပ်မှု ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ နေကာခရင်မ် လိမ်းဖို့တော့ မမေ့ပါနဲ့။ 


အိပ်ရာပြင်ပါ။

 အိပ်ရာခင်း အသစ်လဲပြီး အိပ်ရာပြင်တာကြောင့် စိတ်တည်ငြိမ်အေးချမ်းမှုကို ရရှိစေပါတယ်။ 


တိတ်ဆိတ်သောအချိန်ကိုရှာဖွေပါ

 ပရော့ဂျက်တစ်ခုအတွက် သတ်မှတ်ထားတဲ့ အချိန်ရောက်တော့မှာမို့ စိတ်ဖိစီးမှုများနေပါသလား။ သင့်လုပ်လက်စအလုပ်ကို ခဏရပ်လိုက်ပါ။ ပြီးရင် တိတ်ဆိတ်တဲ့နေရာမှာ ခဏတာအနားယူလိုက်တာကြောင့် ဖန်တီးနိုင်စွမ်းအားကို ပိုကောင်းလာစေပါတယ်။ သင့်ဦးနှောက်က အမြှင့်ဆုံးစွမ်းဆောင်နိုင်စွမ်း ရှိဖို့အတွက် ပုံမှန်အနားယူပေးဖို့ လိုပါတယ်။ ဒါကြောင့် နှစ်နာရီကြာ အလုပ်လုပ်ပြီးတိုင်း အချိန် ၁၀-၂၀ မိနစ် အနားယူပေးပါ။


သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များစားပါ

 ဗိုက်ဆာနေသလား။ သဘာဝအပင်ထွက် အစာတွေကို စားပါ။ နေ့စဉ်နေ့တိုင်း အပင်ထွက်အစာ ငါးမျိုးနဲ့အထက် စားတာကြောင့် ဉာဏ်ရည်ကို ကောင်းမွန်စေတယ်လို့ လတ်တလောလေ့လာမှုအရ သိရပါတယ်။ 


လိမ္မော်သီးကို အခွံနွှာပါ

 ဂန္ဓာရုံဆိုင်ရာ နာ့ဗ်ကြောတွေက ဦးနှောက်ရဲ့ စိတ်ခံစားမှု၊ မှတ်ဉာဏ်နဲ့ဆိုင်တဲ့ စနစ်နဲ့ တိုက်ရိုက် ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ ကောင်းတဲ့ အနံ့အသက်တွေက စိတ်ပျော်ရွှင်တဲ့ ခံစားချက်ကို လှုံ့ဆော်ပေးနိုင်လို့ပါ။ လိမ္မော်ခွံအနံ့က စိတ်တည်ငြိမ်အေးချမ်းစေပြီး ပူပင်သောကကို လျော့ကျစေပါတယ်။ 


ကျွေးမွေးပါ

 သူငယ်ချင်းတစ်ယောက်ကို ကော်ဖီတိုက်တာက ငွေအနည်းငယ်ဝင်တာထက်ပိုပြီး ပျော်ရွှင်မှုရရှိစေပါတယ်။ တခြားလူအတွက် ငွေငါးထောင်လောက် သုံးလိုက်ရတာက တစ်နေ့တာကုန်ဆုံးချိန်မှာ သိသာတဲ့ စိတ်ကြည်နူးမှုကို ရရှိစေတယ်လို့ ဗြိတိန်ကိုလံဘီယာတက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ 


အနှိပ်ခံပါ

 အနှိပ်ခံတာကြောင့် စိတ်ကြည်နူးချမ်းမြေ့စေပါတယ်။ လေ့လာမှု အနှိပ်ခံတာဟာ သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်ခံစားမှု ပိုကောင်းစေပြီး ပူပင်သောက လျော့ပါးစေပါတယ်။


သီချင်းဆိုပါ

 ပျော်ပျော်ရွှင်ရွှင်နဲ့ အသံနေ အသံထားမှန်မှန် သီချင်းဆိုတာကြောင့် ပျော်ရွှင်ကျေနပ်မှု ဖြစ်စေပါတယ်။ စည်းချက်ညီတဲ့ တေးသီချင်းတွေကို နားဆင်တာကြောင့် စိတ်ခံစားမှုကို တကယ်တိုးမြင့်လာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ 


စုဆောင်းသိမ်းဆည်းပါ

 တစ်ခုခုအတွက် ရည်မှန်းပြီး ငွေကြေးတွေကို စုဆောင်းသိမ်းဆည်းတာကြောင့် ပျော်ရွှင်မှုကို ပိုမိုခံစားရတတ်ပါတယ်။


ညဘက်တွင် ပလပ်ဖြုတ်ထားပါ

 စမတ်ဖုန်းကို အဆက်မပြတ်သုံးတာကြောင့် အိမ်ထောင်ရေးနဲ့ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ညဘက်မှာ ဖုန်းကို နှိးစက်အဖြစ်သုံးတာကို ရှောင်ပါ။ ဖုန်းကို တစ်ညလုံးဖွင့်ထားတာကြောင့် စိတ်ဖိစီးမှုလည်းများစေပါတယ်။ ညဘက်မှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး မီးပလပ်ဖြုတ်ထားတာကြောင့် ရေရှည်မှာ ကျန်းမာရေး ပိုကောင်းလာစေပါတယ်။


အားလပ်ရက် အပန်းဖြေခရီးသွားပါ

 ပင်လယ်ကမ်းခြေကို အပန်းဖြေခရီးသွားဖို့ စီစဉ်ပြီး တကယ်သွားတာကြောင့် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ခရီးကို ကြိုတင်စီစဉ်နေတုန်းမှာတောင် ပျော်ရွှင်ကြည်နူးမှုကို ခံစားရစေပါတယ်။ 


ဝိုင်အနည်းငယ်သောက်ပါ

 စပိန်လေ့လာမှုတစ်ခုအရ တစ်ပတ်မှာ ဝိုင် ၂-၇ ဖန်ခွက်သောက်သူတွေက စိတ်ဓာတ်ကျနိုင်ခြေ လျော့နည်းတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဝိုင်သောက်တာကြောင့် သင့်ကို ပိုမိုကြည့်ကောင်းစေနိုင်ပါတယ်။ ဝိုင်များများသောက်တာကြောင့် ကျန်းမာရေးဆိုးကျိုးတွေကို ခံစားရနိုင်တဲ့အတွက် အသင့်အတင့်ပဲ သောက်သင့်ပါတယ်။


သင့်ကိုယ်သင်ဖော်ပြပါ 

 ဘောပင် ဒါမှမဟုတ် စုတ်တံတစ်ချောင်းကိုယူပြီး တစ်ခုခုကို ဖန်တီးရေးဆွဲလိုက်တာကြောင့် နုံးချည့်ညောင်းညာမှု ကင်းစင်ပြီး စိတ်ဓာတ်ကျတာကို လျော့ပါးစေပါတယ်။


ဗီဒီယိုအတွက် ခဏနားပါ

 You Tube မှာ ကြောင်လေးတွေ လှုပ်ရှားတဲ့ ဗီဒီယိုကို ကြည့်ပြီး သူတို့ပုံစံအတိုင်း ကြမ်းပြင်ပေါ်မှာ လူလှိမ့်ကာ ရယ်မောပါ။ စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်အထွက်တိုးပြီး စိတ်ဖိစီးမှုဟော်မုန်း လျော့နည်းကာ အပန်းပြေစေပါတယ်။


အိပ်စက်ပါ

 တစ်နာရီလောက် ပျော်ရွှင်မှု လိုချင်ရင် တစ်ရေးအိပ်လိုက်ပါ။ အိပ်စက်အနားယူတာကြောင့် စိတ်နဲ့ဉာဏ်ရည်ကို ကောင်းမွန်စေပါတယ်။ အိပ်မပျော်တဲ့ နေ့တွေမှာထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူတဲ့ နေ့တွေမှာ ပိုပျော်ရွှင်မှုရရှိစေတယ်လို့ သိရပါတယ်။


Credit: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18