Print

ဒေါသရဲ့ ကောင်းကျိုး၊ဆိုးကျိုး

  21-Oct-2017
Preview Image

ဒေါသရဲ့ ကောင်းကျိုးများ

• မတရားမှုကို အဖြေရှားဖို့ ကျွန်တော်တို့ကို စေ့ဆော်တိုက်တွန်းတယ်။ 

• ကျွန်တော်တို့ရဲ့ ပုံသေဖြစ်နေတဲ့ အကန့်အသတ်တွေကို ကျော်လွန်ပြီး ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေအတိုင်း အကျိုးသင့် အကြောင်းသင့်ဖြစ်မဖြစ် စစ်ဆေးကြည့်ဖို့ တွန်းအားပေးတတ်တယ်။ 

• အရင်တုန်းက လျစ်လျူရှုထားခဲ့တဲ့ကိစ္စရပ်တွေကို ရင်ဆိုင်ဖို့ သတိပေးတတ်ပါတယ်။

• ကျွန်တော်တို့ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို တခြားလူတွေသိအောင် ပြောပြဖို့ လှုံ့ဆော်ပေးတယ်။

• ကျွန်တော်တို့တစ်တွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်အောင် အင်အားဖြည့်ပေး၊ စေ့ဆော်ပေးတယ်။ 

• ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုပုံစံကို တိုးတက်အောင် မြှင့်တင်ပေးတယ်။


ဒေါသရဲ့ မကောင်းကျိုးများ

 အတွေးအခေါ်နဲ့ လမ်းမညွှန်နိုင်ဘူးဆိုရင်တော့ ဒေါသဟာ မကောင်းကျိုးဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့် - 

• ဒေါသဖြစ်သူရဲ့ ပင်ကိုအရည်အသွေး၊ အမူအကျင့်တွေကို ဖုံးလွှမ်းသွားတယ်။

• ကျိုးကြောင်းဆင်ခြင်မှုမရှိတော့ဘဲ စိတ်ထင်ရာတွေ လျှောက်လုပ်ပြီး ပေါက်ကွဲသွားစေတယ်။ 


ထပ်ခါတလဲလဲ ပေါ်ပေါက်လာတဲ့ ဒါမှမဟုတ် ရှည်ကြာတဲ့ ဒေါသဟာ စိုးရိမ်ရလောက်အောင် ကျန်းမာရေးကို ထိခိုက်စေပြီး ဆက်ဆံရေးမှာ ပြဿနာတွေ ဖြစ်ပေါ်လာစေပါတယ်။


Credit: အောင်အေး (ရန်ကုန်တက္ကသိုလ်)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18