Print

စိတ်ဓါတ်ကျခြင်းအတွက်သဘာဝနည်းလမ်းကောင်းများ

  28-Oct-2017
Preview Image


စိတ်ဓါတ်ကျပြီးမပျော်မရွှင်ဖြစ်နေတယ်ဆိုရင် အောက်ဖော်ပြပါသဘာဝနည်းလမ်းတွေက သင့်ကိုကူညိနိုင်ပါလိမ့်မယ်။ သင့်ကိုပျော်ရွှင်စေမည့်အစာအာဟာရ တချို့အစားအစာတွေကဦးနှောက်ကိုလန်းဆန်းနေစေပြီးစိတ်ကိုတက်ကြွနေစေတာမျိုး တွေရှိပါတယ်။အထူးသဖြင့် Serotonin ကြွယ်ဝတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ငါးအဆီ၊ Omega-3 Fatty acid ၊ ကျန်းမာတဲ့အဆီတွေဖြစ်တဲ့အုန်းဆီ၊ ချယ်ရီသီးနဲ့ ဥအမျိုးမျိုးတွေမှာပါ၀င်ပါတယ်။


ကော်ဖီကိုတိုင်းဆပါ

ကော်ဖီမှာကျန်းမာရေးအကျိုးပြုတဲ့ ဓာတ်တွေပါ၀င်ပေမယ့် သေချာတိုင်းဆပြီး သောက်တတ်ဖို့တော့လိုပါတယ်။တစ်နေ့ကိုအများဆုံး ၃ ခွက်ထိသောက်ပေးနိုင်ပါတယ်။ စိတ်ကိုလန်းဆန်းစေပြီးစိတ်ကျမှုကိုသက်သာရာရစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည် လက်ဖက်စိမ်းလက်ဖက်ရည်ကစိတ်ကျရောဂါအတွက်အကောင်းဆုံးဆေး တစ်ခွက်ပါပဲ။လက်ဖက်စိမ်းမှာကဖင်းဓါတ်ပါ၀င်တဲ့အပြင်အာရုံကြောတွေက လန်းဆန်းစေတဲ့အာနိသင်ပါ၀င်တာကြောင့်ဦးနှောက်တွင်းသွေးလည်ပတ်စီးဆင်းမှုကို ကောင်းစေပါတယ်။လက်ဖက်စိမ်းလက်ဖက်ရည်ကိုတစ်နွေ ၃ ခွက်သောက်ပါ။ကော်ဖီနဲ့တူညီတာကြောင့်ကော်ဖီနဲ့လက်ဖက်စိမ်းလက်ဖက်ရည်ကို တစ်နေ့သုံးကြိမ်ထက်မပိုပါနဲ့။


တရားထိုင်ပါ။

ဘယ်သောအခါမှပျော်ရွှင်မှုကိုမရရှိဘူးလို့ခံစားနေကြတဲံသူတွေတောင် တရားထိုင်မှုတွေပြုလုပ်ပြီးတဲ့အချိန်မှာ စိတ်အေးချမ်းမှုတွေရရှိကြတယ်လို့ လေ့လာမှုတွေအရ သိရှိခဲ့ကြပါတယ်။ကိုယ်ယုံကြည်ရာ ဘာသာတိုင်းမှာဝတ်ပြုဆုတောင်းတာမျိုးတွေပြုလုပ်လေ့ရှိပါတယ်။တစ်နေ့ကို ၁၅ မိနစ်လောက် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ တရားထိုင်ခြင်းကိုမဖြစ်မနေပြုလုပ်ပေးပါ။


စိတ်ခွန်အားပေးသောစာအုပ်များဖတ်ပါ

စိတ်ကျရောဂါခံစားနေရတဲ့သူတွေအနေနဲ့ စိတ်ဓါတ်ခွန်အားဖြစ်စေမယ့် စာအုပ်တွေနဲ့ကုထုံးတွေကိုခံယူပါ။စိတ်ကျနေသူတွေအနေနဲ့စိတ်ခွန်အားပြန်လည်ရရှိစေလာနိုင်မည့်ကုထုံးမျိုးတွေခံယူဖို့လိုအပ်ပါတယ်။ဒါမှမဟုတ် စိတ်ခွန်အား ပေးတဲံ စာအုပ်တွေကိုဖတ်ပါ။


ဗီတာမင် ဘီ ဖြည့်စွက်ပါ။

ဗီတာမင် ဘီ ကသင့်ဦးနှောက်လုပ်ဆောင်ချက်ကိုပိုမိုကောင်းမွန်အောင်အထောက်အကူပြုပါတယ်။ဗီတာမင် ဘီ ချို့တဲ့တာကြောင့်စိတ်နဲ့ခန္ဓာကိုယ်လန်းဆန်းမှုမရှိဘဲ ဖြစ်နေစေပါတယ်။ ဗီတာမင်ဘီကိုဟင်းသိးဟင်းရွက်တွေဆီကလည်းရရှိနိုင်ပါတယ်။ဗီတာမင် ဘီ ကြွယ်ဝတဲ့အစားအစာတွေကတော့ မက်ကရယ်ငါး၊ချိစ် ၊ဟင်းနုနွယ်၊ ငရုတ်ကောင်းနဲ့ကြက်ဆင်သားတွေပဲဖြစ် ပါတယ်။


လေ့ကျင့်ခန်း

တစ်နေ့ကို ၄၅ မိန်စ်လောက် မဖြစ်မနေလေ့ကျင့်ခန်းပြုလုပ်ပါ။ အကသင်တန်းတက်တာမျိုးကလည်း စိတ်ကျရောဂါအတွက်အကောင်းဆုံးကုသနည်းပါ။


ဖရုံစေ့စားပါ

ဖရုံသီးမှာကျန်းမာရေးအတွက်လိုအပ်တဲ့အဆီတွေနဲ့ မဂ္ဂနီဆီယမ် တွေပါ၀င် ပါတယ်။တစ်နေ့ကို ဖရုံစေ့လက်တစ်ဆုပ်စာစားပေးပါ။


Credit:သဲသဲ(အာရောဂျံ Magazine)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18