Print

ကဖိန်းဓာတ်နဲ့ စိုးရိမ်သောကဆိုင်ရာပြဿနာ

  23-Sep-2017
Preview Image


ကဖိန်းဓာတ်ဟာ အပင်တွေကနေ ဆင်းသက်လာတဲ့ ဓာတ်ဖြစ်ပါတယ်။ လူက ပြုပြင်ပေးထားတဲ့ ဓာတ်ပါ။ နာကျင်ကိုက်ခဲမှုပျောက်ဆေး၊ စားချင်စိတ်ထိန်းချုပ်ဆေး၊ အအေးမိပျောက်ဆေး တို့လို အမျိုးအစား များပြားလှတဲ့ ဆေးဝါးတွေ၊ မနည်းလှတဲ့ အစားအစာထုတ်ကုန်တွေလို အဖြည့်ပစ္စည်း အမျိုးအစားဖြစ်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်၊ ကိုကာ၊ ကိုလာနဲ့ စွမ်းအားဖြည့်အချိုရည်လို့ ခေါ်တတ်ကြတဲ့ အချိုရည်တွေထဲမှာ အမယ်ပစ္စည်းတစ်ခုအနေနဲ့ အများက သိထားကြပါတယ်။


 လူအများစုက လက်ဖက်ရည်နဲ့ ကော်ဖီကိုသာ ကဖိန်းဓာတ်ပါတယ်လို့ သိထားကြပြီး အချိုရည်တွေမှာ ကဖိန်းဓာတ်ပါတယ်ဆိုတာကို သိတဲ့သူနည်းပါတယ်။ ဘာပဲဖြစ်ဖြစ် အချိုရည်တွေမှာ ကဖိန်းဓာတ် ပါပါတယ်။ ကဖိန်းဓာတ်ဟာ ဗဟိုအာရုံကြောစနစ်ကို ထိုးဆွလှုံ့ဆော်တဲ့ ဓာတ်ဖြစ်ပါတယ်။ စိုးရိမ်သောက ရောက်နေသူ များအတွက် ရောဂါလက္ခဏာတွေကို အတော်များများ ပိုဆိုးစေနိုင်ပါတယ်။ အကျိုးဆက်အားဖြင့် ကဖိန်းဓာတ်နှင့် ဆက်စပ်တဲ့ စိုးရိမ်သောက၊ ကဖိန်းဓာတ်နဲ့ ဆက်စပ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ကမောက်က မဖြစ်မှု (ကဖိန်းဓာတ်က မျက်စိကြောင်စေနိုင်တဲ့အတွက်) တို့လိုမျိုး ရောဂါအမျိုးအမည် တပ်ပေးတာတွေ တောင် ပေါ်လာခဲ့ပါတယ်။ 


 စိုးရိမ်သောကရောက်မှုဆိုင်ရာ ပြဿနာတက်နေသူတွေဟာ သူတို့ရဲ့ အစားအသောက်တွေထဲကနေ ကဖိန်းဓာတ်ကို ဖယ်ရှားပစ်သင့်ပါတယ်။ ဒါမှမဟုတ် စားသောက်မှုကို လျှော့ချပြီး မဆိုစလောက်သာ သောက်သုံးသင့်ပါတယ်။ အခုအခါမှာ လက်ဖက်ရည်နဲ့ ကော်ဖီသောက်သူတွေအတွက် ကဖိန်းဓာတ် လျှော့ချထားတဲ့အမျိုးအစား၊ ကဖိန်းဓာတ်နုတ်ယူထားတဲ့ အမျိုးအစား ထုတ်ကုန်တွေကို ဝယ်ယူသောက်သုံး နိုင်ပါပြီ။ ကဖိန်းဓာတ် သောက်သုံးမှုကို လျှော့ချခြင်းအားဖြင့် စွမ်းအင်ထုတ်ယူစေတဲ့ ထိခိုက်မှုတွေ လျော့နည်းအောင် လုပ်ကြပါလို့ အကြံပေးလိုပါတယ်။


Credit: အေးအောင် (ရန်ကုန်တက္ကသိုလ်)

Dr. Khine Chit Su



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18