Print

ပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းကြမလဲ

  04-Sep-2017
Preview Image


 တချို့ပြဿနာတွေဟာလုံးဝလွှမ်းခြုံနေနိုိင်တာမို့လို့ဖြေရှင်းဖို့ခက်ခဲတတ်ပါတယ်။ ပြဿနာဖြေရှင်းမှုကိုဖွဲ့စည်းတည်ဆောက်ခြင်းဟာနည်းလမ်းတစ်ခုဖြစ်ပြီးမိမိ ပြဿနာတွေကိုထိန်းချုပ်ရာမှာအသုံးတည့်နိုင်ပါတယ်။       လက်ရှိပြဿနာအပြင်အနာဂတ်မှာကြံုတွေ့နိုင်လာတဲ့ပြဿနာတွေအတွက်ပါ ကြိုတင်ပြင်ဆင်ပြီးသားဖြစ်သွားနိုင်ပါတယ်။

      ဒီနည်းလမ်းမှာပါတဲ့အဓိကအစိတ်အပိုင်းတွေကအောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)မိမိကိုလွှမ်းခြံုထားတဲပြဿနာတွေကိုခွဲခြားသတ်မှတ်ထားခြင်းနှင့်ဆိုင်းငံ့ထားခြင်း


(၂)ပြဿနာတွေအကြောင်းကိုရှင်းလင်းပြတ်သားစွာနှင့်အပြုသဘောဆောင်စွာစဥး်စားခြင်း။


(၃)အတိတ်တုန်းကမိမိနိုင်နိုင်နင်းနင်းကိုင်တွယ်ဖြေရှင်းခဲ့ပုံတွေ၊မိမိရဲ့ပင်ကိုယ်အရည်အသွေးဆိုင်ရာခွန်အားတွေ၊မိမိအတွက်အသုံးတည့်တဲ့အထောက်အကူတွေအရင်းအမြစ်တွေကိုဂရုတစိုက်စဉ်းစားခြင်း။


(၄)အရေးတကြီးဆုံးဖြတ်ချက်ချဖို့အတွက်သင့်လျော်တဲ့အခြေခံတစ်ခု ပြဌာန်းခြင်း။


                ဒီနည်းလမ်းတွေကိုအသုံ့းချပြီး ပြဿနာတစ်ခုကိုဖြေရှင်းနိုင်သလိုပြဿနာအမြောက်အမြားကိုလည်းဖြေရှင်းနိုင်ပါတယ်ဒါပေမယ့်လည်းအကောင်းဆုံးကတော့အရေးတကြီးလိုနေတဲ့ပြဿနာနဲ့စတင်စမ်းသပ်ကြည့်တာပေါ့။


အဆင့် ၆ ဆင့်ပါတဲ့ပြဿနာဖြေရှင်းမှုကိုဖွဲ့စည်းတည်ဆောက်ခြင်း

(၁)မိမိကိုပူပန်မှုဖြစ်စေတဲ့ပြဿနာကိုစာရွက်ပေါ်မှာချရေးပါ။

(၂)အဲဒီပြဿနာကိုကိုင်တွယ်ဖို့ရာအတွက်မိမိရဲ့ရွေးချယ်မှုတွေကိုစဉ်းစားပြီး

ရသလောက်ကိုချရေးပါ။(ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပါ။

ကောင်းတာတွေလည်းပါနိုင်သလို၊

သိပ်မကောင်းတဲ့ရွေးချယ်မှုတွေလည်းပါနိုင်ပါတယ်။)

(၃)ရွေးချယ်မှုတစ်ခုစီရဲ့ကောင်းကျိုးနှင့်ဆိုးကျိုးတွေကိုချရေးပါ။

(၄)ပြဿနာဖြေရှင်းဖို့အတွက်အကောင်းဆုံးရွေးချယ်မှုတွေကိုရွေးထုတ်ပါ။

(၅)ရွေးချယ်မှုတစ်ခုဆိအတွက်လိုအပ်တဲ့အဆင့်တွေကိုစာရင်းပြုစုပါ။

    (လိုအပ်တဲ့အရင်းအမြစ်တွေ ကျော်လွှားရမယ့်အခက်အခဲတွေကိုစဉ်းစားပါ။)

(၆)မိမိရွေးချယ်ထားတဲ့ရွေးချယ်မှုတွေကိုအသုံးချရင်း တိုးတက်မှုအပေါ် သုံးသပ်ပါ။)

     -ဘာတွေရရှိသွားလဲ၊

     -ဘာတွေလုပ်ဖို့လိုသေးလဲ။    


Credit:  သင်နှင့်သင့်မိသားစုစိတ်ကျန်းမာရေးကိုယ်တိုင်စောင့်ရှောက်ပါ

           (အောင်အေး(ရန်ကုန်တက္ကသိုလ်))



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18