Print

စိတ်ကယောင်ကတမ်းဖြစ်ခြင်း

  02-Sep-2017
Preview Image


စိတ်ကယောင်းကတမ်းဖြစ်ခြင်းရောဂါသည် စိတ်ကျန်းမာရေးကို အပြင်းအထန် ထိခိုက်စေခြင်းဖြင့် စိတ်ရှုပ်ထွေးစေခြင်း ပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားမှုမရှိခြင်းတို့ကို ဖြစ်စေပါသည်။

ကယောင်ကတမ်းဖြစ်စဉ်လက္ခဏာများ

(က) ပတ်ဝန်းကျင်ကိုမသိခြင်း

 (၁) ဘယ်ရောက်နေ ဘာဖြစ်နေမှန်မသိ

 (၂) အာရုံမစိုက်နိုင်၊ စိတ်ကလေနေသည်

 (၃) မေးလျှင်မဖြေနိုင်၊ သူ့မှာ အာရုံကများနေသည်

 (၄) အသေးအဖွဲ့ကိစ္စကလေးတွေက သူ့မှာပိနေသည်။ 


(ခ) အတွေးအခေါ်အယူအဆပျက်စီး၍

 (၁) လောလောလတ်လတ်ဘာဖြစ်မှန်းမသိ

 (၂) နေ့ညအချိန်အခါမသိ

 (၃) စကားကောင်းကောင်းမပြောနိုင်၊ လုံးထွေးနေ၏

 (၄) ပြောသည့်စကားကမပြီ

 (၅) သူများပြောသည်ကိုလည်း နားမလည်နိုင်

 (၆) စာမဖတ်နိုင်၊ မရေးနိုင်


(ဂ) အခြားစိတ်ထွေသောလက္ခဏာများ

 (၁) ဘာမျှမရှိဘဲ အသံကြား၊ မျက်စိကမြင်၊ အနံ့ရခြင်း

 (၂) စိတ်တို၊ စိတ်ဆတ်၊ ရန်လိုခြင်း

 (၃) ပတ်ဝန်းကျင်ကို ဂရုမစိုက်ခြင်း

 (၄) အိပ်၍မပျော်၊ ညမှာထထိုင်၊ လှုပ်ရှားခြင်း

 (၅) စိတ်လှုပ်ရှားမှုပြင်းထန်၍ ဟစ်အော်၊ ငို၊ စိတ်ဓာတ်ကျခြင်း


ဖြစ်စေသောအကြောင်းများ (အရင်းခံ)

 (၁) စိတ်ချွတ်ယွင်းခြင်းရောဂါ၊ ရူးသွပ်ခြင်း (Dementia)

 (၂) အသက်ကြီးလွန်းခြင်း (Old Age)

 (၃) အာဟာရချို့တဲ့ခြင်း 

 (၄) သေစေနိုင်သော ရောဂါကြီးတစ်ခုခုရခြင်း

 (၅) ကိုယ်ခံစွမ်းအားလျော့ရောဂါ (HIV-AIDS)

 (၆) အရက်၊ မူးယစ်ဆေး

 (၇) ဦးခေါင်းဒဏ်ရာရခြင်း

 (၈) အဆိပ်

 (၉) ရောဂါပိုးဝင်ခြင်း

 (၁၀) အခြားရောဂါဝေဒနာများ 


ဖြစ်လျှင်

 (၁) ဆရာဝန်ခေါ်ပါ

 (၂) ဆေးရုံအမြန်ပို့ပါ


ကုသမှု

 (၁) လောလောဆယ်လူနာသက်သာအောင်ပြုစုခြင်း 

 (က) အိပ်ရာပေါ်ထားခြင်း

 (ခ) အသက်ရှူလွယ်ကူစေခြင်း 

 (ဂ) အောက်ဆီဂျင်ပေးခြင်း

 (ဃ) စိတ်ငြိမ်းချမ်းစေခြင်း


(၂) ဖြစ်စေသောအကြောင်းကိုရှာခြင်း

 (၁) ဆရာဝန်ကစမ်းသပ်ခြင်း

 (၂) သွေးစစ်၊ ဆီးစစ်ခြင်း

 (၃) ဓာတ်မှန်လိုအပ်သလိုရိုက်ခြင်း

 (၄) ECG, EEG, CT စသည်ပြုလုပ်ခြင်း

 (၅) အခြားစမ်းသပ်မှုများ


(၃) ဆေးဝါးဖြင့်ကုသခြင်း

 (၁) ယောင်ယမ်းစေသောအရက်၊ ဆေးဝါးများကိုရပ်ခြင်း

 (၂) လိုအပ်သောဆေးပေးခြင်း

 (က) စိတ်ကျကုဆေးများ

 (ခ) စိတ်အားတက်ဆေးများ

 (ဂ) စိတ်ငြိမ်ဆေးများ

 (ဃ) ဗိုက်တာမင်ဘီ ၁


စိတ်ကယောင်ကတမ်းဖြစ်စေသော ရောဂါဝေဒနာများ

 (က) ဦးနှောက်အာရုံကြောရောဂါများ 

 (၁) လေသင်ဒုန်းဖြတ်ခြင်း

 (၂) ဝက်ရူးုပြန်ရောဂါ

 (၃) ဦးနှောက်ကင်ဆာမြင်းဘု

 (၄) ဦးခေါင်းဒဏ်ရာ

 (၅) ခေါင်းတစ်ခြမ်းကိုက်ရောဂါ


 (ခ) ကိုယ်တွင်းအကျိတ်ရောဂါများ (Endocrine)

 (၁) သိုင်းရွိုက်အကျိတ်ရောဂါ

 (၂) ပါရာသိုင်းရွိုက်အကျိတ်ရောဂါ

 (၃) ဆီးချို

 (၄) ကျောက်ကပ်အထက်အင်္ဂါရောဂါတစ်ခု


 (ဂ) ဓာတ်သဘာဝချို့ယွင်းမှု

 (၁) သွေးတွင်းသတ္တုဓာတ်များချို့တဲ့မှု

 (၂) ဗိုက်တာမင်ဘီ ၁၊ ဘီ ၂၊ ဘီ ၆ ချို့တဲ့မှု

 (၃) ယူရီးမီးယား


(ဃ) ရောဂါပိုးဝင်ခြင်း

(၁) သွေးထဲရောဂါပိုးဝင်ခြင်း (Septicaemia)

(၂) ဦးနှောက်မြေးရောင်ခြင်း (Meningitis) 

(၃) ဦးနှောက်သားရောင်ခြင်း (Encephalitis)

(၄) အသည်းရောင်ခြင်း (Hepatitis)

(၅) တုပ်ကွေး (Infleenza)

(၆) ကိုယ်ခံစွမ်းအားလျှော့ရောဂါ AIDS


(င) နှလုံးနှင့် သွေးလှည့်အဖွဲ့ရောဂါ

(၁) နှလုံးပုပ်ခြင်း

(၂) သွေးလန့်ခြင်း

(၃) နှလုံးခုန်မမှန်ခြင်း

(၄) နှလုံးကျခြင်း (Congestive Heart Failure)


(စ) မူးယစ်ဆေးဝါးရုတ်တရက်ရပ်လိုက်ခြင်း

(၁) အရက်

(၂) Amphetamine

(၃) Benzodiazepine

(၄) ဆေးခြောက်

(၅) ဘိန်း၊ ဟဲရိုးယင်း (Heroin)


(ဆ) မူးယစ်ဆေးစွဲခြင်း

(၁) ဘိန်းနှင့် ဘိန်းထုတ်ဆေးများ

(၂) အထက်ပါဆေးများ၊ ဓာတုပစ္စည်းများ


(ဇ) သုံးစွဲသောဆေးများက အန္တရာယ်ပေးခြင်း

(၁) ပဋိဇီဝဆေးများ (Antibotics)

(၂) စိတ်ငြိမ်ဆေး၊ အိပ်ဆေးများ

(၃) ဘီတာပိတ်ဆေး သွေးတိုးကျဆေးများ

(၄) ကော်တီဆုန်းဆေးများ

(၅) Digitalis နှလုံးကုဆေး

(၆) Cimetidine အစာအိမ်နာကုဆေး

(၇) L-DOPA (လီဗိုဒိုပါ)

(၈) ဦးနှောက်လှုံ့ဆော်ဆေးများ

(၉) မေ့ဆေးများ


Credit:

ဒေါက်တာမောင်မောင်ညို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18