Print

အိပ်ငွေ့ချခြင်း (Hypnosis)

  19-Aug-2017
Preview Image


 အိပ်ငွေ့ချခြင်းသည် စိတ်ကျန်းမာရေးဆိုင်ရာ ကုထုံးတစ်ရပ်အဖြစ် ပါဝင်သည်။ အိပ်ငွေ့ချကုထုံးဖြင့် စိတ်ကျန်းမာရေးယိုယွင်းသူများကို အကူအညီများစွာ ပေးနိုင်သည် ဖြစ်ပါသည်။ အိပ်ငွေ့ချခြင်းကို တချို့က Magic (မှော်အတတ်၊ မျက်လှည့်ပညာ) ဟု ထင်မှတ်မှားနေတတ်ကြသည်။ အိပ်ငွေ့ချခြင်း Hypnosis မှာ Magic တစ်ခု လုံးဝမဟုတ်ပါ။ အိပ်ငွေ့ချခြင်းသည် လူနာအား သင့်အပေါ် အာရုံစူးစိုက်မှု စုစည်းစေပြီး ယုံကြည်မှုရရှိအောင် ပြုဆောင်ခြင်းသာဖြစ်သည်။ အိပ်ငွေ့ချခြင်းသည် လူနာအား သင့်အပေါ် အာရုံစူးစိုက်မှု စုစည်းစေပြီး ယုံကြည်မှုရရှိအောင် ပြုဆောင်ခြင်းသာဖြစ်သည်။ အိပ်ငွေ့ချခြင်းသည် လူနာ၏ အာရုံသိမှု၊ အာရုံလက်ခံမှုကို ပြောင်းလဲပစ်နိုင်သည်။ ထိုမှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို ထိန်းချုပ်ပေးခြင်း ဖြစ်ပါသည်။ 


 အိပ်ငွေ့ချခြင်းဖြင့် ခွဲစိတ်ကုသမှုများတွင် ဆေးဝါးပမာဏသုံးစွဲရမှုကို လျှော့ချပေးနိုင်သည်။ ခွဲစိတ်ပြီးလူနာများအား နာလန်ထမြန်အောင်လည်း စွမ်းဆောင်ပေးနိုင်သည်။ ရင်ကျပ်ပန်းနာဝေဒနာ ခံစားရသူများနှင့် အူလမ်းကြောင်းနှင့် ပတ်သက်သော လက္ခဏာစုရှိသူ လူနာများအားလည်း အိပ်ငွေ့ချကုထုံးဖြင့် ကုသပေးနိုင်ကြောင်း တွေ့ရသည်။မလိုလားအပ်သော အပြုအမှုများ (ဥပမာ - ဆေးလိပ်သောက်ခြင်း၊ ညအိပ်ရာ၌ ဆီးသွားခြင်း၊ လက်သည်းကိုက်သည့်အကျင့်၊ သွားကြိတ်ခြင်း၊ အကြောက်လွန်ဝေဒနာ၊ အစားအစာအလွန်အကျွံစား သုံးခြင်း၊ အိပ်စက်မှုဆိုင်ရာ ပြဿနာများ) ကို ပြုပြင်ဖယ်ရှားနိုင်ရန်အတွက်လည်း အိပ်ငွေ့ချကုထုံးဖြင့် ကူညီမှုပေးနိုင်သည်။ အိပ်ငွေ့ချကုထုံးကို စိတ်ကျန်းမာရေးဆိုင်ရာ ဆရာဝန်များနှင့် စိတ်ပညာရှင်များက ကျွမ်းကျင်စွာဆောင်ရွက်ပေးနိုင်ကြသည်ဖြစ်ပါသည်။ အိပ်ငွေ့ချခြင်းသည် ဆေးပညာအတွက် အရေးကြီးသော ကုထုံးပညာတစ်ရပ်ဖြစ်ပါသည်။


Credit:

ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18