Print

ဘာကြောင့် Transgender ဖြစ်ချင်တာလဲ

  22-Jul-2017
Preview Image

 

Transgender ဆိုတာ လူတွေထဲက လူတစ်ယောက်ပါပဲ။ ဒါပေမယ့် သူဟာ သူ ့ကိုယ်သူ လိင်မှားပြီး မွေးဖွားလာခဲ့တာလို ့ အယူအဆရှိနေသူ ဖြစ်ပြီး အဲဒီမှားယွင်းနေတဲ့ လိင်ကို ခွဲစိတ်ပြုပြင်ပြီး စိတ်အလိုဖြည့်ထားတဲ့သူတွေပါ။ လိင်ပြောင်းလူသားတွေပေါ့။သူတို ့တွေဟာ Heterosexual၊ Homosexual၊ Bisexual၊ Asexual စသည်ဖြင့် သတ်မှတ်ခံထားရပါတယ်။ သူတို ့ကို တတိယလိင်လူသား(third gender) တွေလို ့လည်းခေါ်ကြပါသေးတယ်။ Transgender ဆိုတဲ့ အဓိပ္ပာယ်ဟာ လိင်ပြောင်းလဲထားသူတွေဆိုတာ လူတိုင်းအသိပါ။ ဒါပေမယ့် အဲဒိလူတစ်ယောက်ရဲ  ့ ဘဝကို ဟိုးအတွင်းထိဝင်ကြည့်ပြီး သိသူမျိုးတော့ရှားပါလိမ့်မယ်။ ဒါဆိုဘာကြောင့် Transgender တစ်ယောက်ဖြစ်ချင်တာလဲဆိုတဲ့ အကြောင်းပြချက်ကို လေ့လာကြည့်ကြပါမယ်။


ဘာကြောင့်လိင်ပြောင်းချင်တာလဲ

        သူတို ့ဟာမွေးလာကတည်းက မှားယွင်းစွာမွေးလာတယ်လို ့ယူဆကြလို ့ပါပဲ။ ယောကျင်္ားလေးသိပ်ဖြစ်ချင်တဲ့ မိန်းကလေးတွေဆိုရင်သူတို ့ကိုယ်သူတို ့ ယောကျင်္ားလေးတစ်ယောက်လိုပဲ ပြုမူနေထိုင်သွားလာနေကြတယ်။မိ်န်းကလေးတွေကိုတော့ သူ ့အနေနဲ ့ဆန် ့ကျင်ဘက်လိင်တစ်ယောက်လို ့မြင်ပြီး ချစ်စကား၊ ကြိုက်စကားလိုက်ပြောတယ်။အဲဒီလို အပြုအမူတွေ တွေ ့ရတတ်တယ်။  မိန်းကလေးဖြစ်ချင်တဲ့ ယောကျင်္ားလေးတွေကျပြန်တော့လည်း  အပြုအမူတွေက သာမန်မိန်းကလေးတွေထက် ပိုနွဲ ့၊ သာမန်မိန်းကလေးတွေ မလုပ်တတ်တဲ့ အပြုအမူတွေတောင်ရှိတတ်ပြီး ဒါတွေဟာ ကိုယ့်ကိုကိုယ် မိန်းကလေးတစ်ယောက်အဖြစ် သတ်မှတ်ခံရဖို ့အတွက် လုပ်ယူထားတဲ့ အပြုအမူလေးတွေလည်း ဖြစ်ပါတယ်။


မပြောင်းရင် ဘာဖြစ်နိုင်မလဲ

        တကယ်တော့ မပြောင်းရင်လည်း ဘာမှဖြစ်နိုင်တဲ့ အနေအထားမဟုတ်ပါဘူး။ ဆိုလိုတာက စိတ်အခြေအနေနဲ ့ ကိုယ်ဟာဘာလဲဆိုတာကို အဲဒီလို လူတိုင်းသိနေကြပါတယ်။ဒါပေမယ့် သူတို ့စိတ်က ဒါကိုလက်မခံနိုင်တဲ့အခါ တစ်ချို  ့ပိုက်ဆံရှိတဲ့သူတွေက လိင်ပြောင်းလဲခွဲစိ်တ်လိုက်ကြတယ်။ အဲဒီလို ကိုယ်ဖြစ်ချင်တဲ့ ဘဝကို ခွဲစိတ်ပြုပြင်ပြီး ပြောင်းလဲလိုက်တဲ့အခါမှာတေ့ာ သူတို ့စိတ်ထဲမှာ ကျေနပ်မှုတွေ အများကြီးရသွားတတ်ကြပါတယ်။ အခုမှလူမှန်နေရာမှန် ပြန်ရောက်သွားသလိုကို ခံစားကြရတယ်လို ့Transgender တစ်ယောက်ကပြောဖူးပါတယ်။


Transgender ဖြစ်ချင်တာ sex နဲ ့ပဲ ပတ်သက်နေသလား

         အမှန်တော့ Transgender တစ်ယောက်ဖြစ်ဖို ့ကြိုးစားသူတွေဟာ လိင်တူချင်းချစ်ကြိုက်မိလို ့၊ sex ကိစ္စကြောင့် သီးသန် ့ချည်းပဲတော့ မဟုတ်ကြပါဘူး။သူတို ့ရဲ့ ကိုယ်ပိုင်ပစ္စည်းနဲ ့ သူတို ့နဲ ့fit မဖြစ်သလိုခံစားကြရတာကြောင့်လည်းဖြစ်ပါသတဲ့။ တည်တည်ငြ်ိမ်ငြိမ်နဲ ့ ကိုယ့်ကိုကိုယ် ရပ်တည်နိုင်အောင် ကြိုးစားနေကြတဲ့ Transgender တွေလည်းအများအပြားရှိပါတယ်။ ဒီလိုပြောင်းလဲထားတဲ့ အနေအထားမျိုးမှာ ပတ်ဝန်းကျင်ရဲ  ့ရိုက်ခတ်မှုတွေလည်း အနည်းနဲ ့အများတော့ ရှိကြတာပါပဲ။


ဒီလိုလိင်ပြောင်းလဲလိုက်တဲ ့သူတွေတော်တော်များများတွင် ရုပ်ပိုင်းဆိုင်ရာနဲ ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေဟာ အဓိကအကြောင်းအရာတွေဖြစ်နေကြပါတယ်။ ဒါဟာ HIV/AIDS ရောဂါဖြစ်ပွားနိုင်ခြေနဲ ့ ထပ်တူညီတဲ့ အန္တရယ်တစ်ခု ဖြစ်လာကာ လူ ့အဖွဲ ့အစည်းကြား ခြိမ်းခြောက်လာနေခဲ့ပြီလို ့ ဆိုပါတယ်။ လိင်ပြောင်းတဲ့သူတော်တော်များများဟာ သူတို ့ရဲ  ့လုပ်ရပ်အပေါ်မှာ ကျေနပ်နှစ်သိမ့်မှုတွေရှိနေတာ အများအားဖြင့်တွေ ့ရှိရပါတယ်။ဒါပေမယ့် လူအများရဲ  ့ဝေဖန်ထောက်ပြခြင်းကိုလည်း အနည်းနဲ ့အများတော့ ခံကြရပါတယ်။ ဒါတွေကိုလက်သင့်ခံနိုင်ဖို ့ ကိုယ့်စိတ်ကို ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာ ကာယကံရှင်တွေ အသိဆုံးဖြစ်ပါတယ်။ ဘာပဲပြောပြော သူတို ့တွေဟာ လူတွေထဲက လူတစ်ယောက်မို ့ပတ်ဝန်းကျင်ရဲ  ့ဖေးမကူညီမှုတော့ လိုပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။


ကိုးကား- ဘုန်းသော်ခ ရေးသားသည့် ဘာကြောင့် Transgender ဖြစ်ချင်တာလဲ ဆောင်းပါးမှ ကောက်နုတ်ပါသည်။

ဇီဝကမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၆ ၊ စာမျက်နှာ- ၁၁၀



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18