Print

အပျိုဖော်ဝင်စအရွယ် ကလန်ကဆန်ပြုလုပ်ခြင်း

  08-Apr-2017
Preview Image

ကလင် .. ကလင် .. သူငယ်ချင်း ခင်ထိုက်ဆီက ဖုန်းပါလား ...  


ဟယ်လို နန်းဖူးရေ ... ကိုယ် မင်းရဲ့သူငယ်ချင်း ခင်ထိုက်ပါ ....  

သူငယ်ချင်းရေ ...  ခင်ထိုက်ရဲ့သားလေးကလေ  အခု အသက် ၁၅နှစ်ရှိပြီလေ ... အဲ့ဒါ ကိုယ့်စကားလည်း အရင်ကလို 


ကောင်းကောင်းနားမထောင်တော့ဘူး .. အရင်က အရမ်းအနေအေးတာလေ ... အခုတော့ ဘာလုပ်လုပ် ကလန်ကဆန်နဲ့ကွယ် .... ထိန်းရတာ 


အရမ်းခက်လာတယ် ...  ယောကျ်ားလေးဖြစ်လို့လားတော့မသိဘူး ... နန်းဖူးသိတဲ့အတိုင်း ကိုယ့်အိမ်ထောင်ရေးကလည်း အဆင်မပြေဘူးလေ ...  


ကိုယ့်သူငယ်ချင်း နန်းဖူးက ဆရာဝန်ဆိုတော့ ပြောပြပါဦးကွယ် .... သားလေးက ဘာလို့ အဲ့လောက်တောင် ကလန်ကဆန်တွေလုပ်နေရလဲသိချင်လို့ပါ ... 


သားလေးအတွက် ကိုယ် စိတ်ပူလို့ပါ ....


အပျိုဖော်ဝင်စအရွယ် ကလန်ကဆန်ပြုလုပ်ခြင်း

 ယောကျ်ားလေးများအတွက် ညဉ့်နက်အောင် လည်ခွင့်ရရန် အိမ်တွင် ကလန်ကဆန်ပြုလုပ်ခြင်းသည် သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။

- သို့သော် မိမိအိမ်ထောင်စုပြင်ပရှိ သူများအား ကလန်ကဆန် ပြုလုပ်လာလျှင် စိတ်ပြဿနာတစ်ခုခု ဖြစ်နေပြီဟု ယူဆရပါတယ်။


- စိတ်မလုံခြုံသော ကလေးများ၊ မိမိကိုယ်မိမိ အစွမ်းအစမရှိဟု ခံစားနေသော ကလေးများသည် ကလန်ကဆန်လုပ်တတ်သော လူငယ်များ 

ပူးပေါင်းဆောင်ရွက် မရှိသော လူငယ်များ အဖြစ်သို့ ရောက်လာတတ်ပါတယ်။


- သူတို့တွင် ရန်လိုတတ်ခြင်း၊ အပြစ်ရှာတတ်ခြင်း စသည့် အပြုအမူတို့ကိုလည်း တွေ့ရတယ်။


- အချို့မှာ ပျိုဖော်ဝင်စအချိန်တွင် အပြင်ပန်းအားဖြင့် အေးဆေးပြီး အညံ့ခံမည့် အသွင်အပြင်ဆောင်နေသော်လည်း အတွင်းစိတ်တွင်မူ ဒေါသမီးနှင့် အကြမ်းဖက်လိုမှုတို့သည် တငွေ့ငွေ့ လောင်လျက်ရှိနေကြသည်။ 


-အပျိုဖော်ဝင်ချိန် ရောက်လာသောအခါ ခွန်အားလည်း ပြည့်စုံလာပြီး မိမိဆန္ဒကို ထုတ်ဖော်၍ ပြောရဲဆိုရဲ ဖြစ်လာကြပါတယ်။


- သူတို့စိတ်ထဲတွင် မိမိတို့ ငယ်စဉ်က လိုက်နာခဲ့ရသည့် ဆရာနှင့် မိဘတို့၏ စည်းကမ်းကိုလည်း တော်လှန်တတ်သည့်အချိန်သို့ ရောက်လာပြီဟု ထင်တတ်ကြတယ်။


- ကလန်ကဆန်ပြုလုပ်ခြင်းသည် စိတ်မလုံခြုံမှု၊ စိတ်ထားနိမ့်ကျမှုနှင့် အပြစ်စွဲစိတ်တို့ကြောင့် ဖြစ်ပေါ်လာသည့် ရန်လိုမှု၏ လက္ခဏာတစ်ရပ်ဖြစ်သည်။


- မုန်းတီးမှုနှင့် ဒေါသကို ဖော်ထုတ်ပြသသည့် အပြုအမူတစ်ရပ်လည်း ဖြစ်တယ်။


- မိဘများ၏ လွှမ်းမိုးမှု၊ မိဘများ ရန်ဖြစ်မှု၊ တင်းကျပ်ပြီး ရှေ့နောက်မညီညွတ်သည့် စည်းကမ်းများထားရှိမှု၊ ညီအစ်ကိုမောင်နှမများနှင့် မတရားနှိုင်းယှဉ်မှု တို့သည် ကလန်ကဆန်ပြုလုပ်တတ်သော လူငယ်များအဖြစ်သို့ ရောက်ရှိအောင် ပြုလုပ်တတ်ပေသည်။


- ဤကဲ့သို့ ကလန်ကဆန် ပြုလုပ်မှုအတွက် ရိုက်နှက်ခြင်း၊ အခွင့်အရေးများ ရုပ်သိမ်းခြင်းတို့သည် အခြေအနေအား ကောင်းမွန်အောင် 

ပြုလုပ်မပေးရုံမျှမက ပို၍ပင် ဆိုးရွားသွားစေတတ်တယ်။


- အပြစ်ပေးခြင်းဖြင့် ထိုလူငယ်၏ စိတ်တွင် ရန်လိုမှု ပုုိမိုများပြားလာကာ ညှိယူလွဲမှု ပိုမိုဖြစ်ပေါ်စေနိုင်တယ်။


ဒါကြောင့် ကလန်ကဆန်လုပ်ရတဲ့အကြောင်းရင်းကို သေချာအဖြေရှာပြီး အချင်းချင်း ညှိနှိုင်းသင့်ပါတယ် ... မိသားစုလိုက် ရက်ရှည်ခရီးထွက်ခြင်း၊ 


တစ်လတစ်ခါ ပျော်ပွဲစားထွက်ခြင်း၊ ရင်းနှီးချစ်ခင်မှုယူခြင်း၊ အချိန်ပေးကာ မသိမသာ ဂရုစိုက်ပေးခြင်း စသည်တို့ဖြင့် မိမိ၏ သားသမီးများထံမှ လေးစားမှု 

ချစ်ခင်မှုများ ပြန်လည်ရရှိနိုင်ပါတယ် ....


ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ....


Dr.Greenbud ( 7887 Healthcare Call Center )

credit - စိတ်ဖောက်ပြန်မှု စံလွဲအပြုအမူများ ( ခင်မောင်သန်း စိတ်ပညာ )



Related Articles


Advertisment 18