Print

စိတ်ဖိစီးမှုများခြင်းနှင့် သင့်အရေပြား

  28-Feb-2017
Preview Image

စိတ်ဖိစီးမှုများခြင်းနှင့် သင့်အရေပြား

အရေပြားရောဂါများ ခံစားရခြင်း
စိတ်ဖိစီးမှုများတာက ဆိုရီယေးစစ်၊ နှင်းခူနဲ့ အရေပြားပေါ်မှာ အနီစက်ဖြစ်တာ
စတဲ့ အရေပြားပြဿနာတွေ ဖြစ်ပွားတတ်ပါတယ်။

 

အရေပြား သန့်ရှင်းမှုပြုလုပ်ရန် ပျက်ကွက်ခြင်း
စိတ်ဖိစီးမှုများတဲ့အခါ အလှပြင်ချင်စိတ်တွေ မရှိတော့သလို အရေပြား သန့်ရှင်းရေး
ပြုလုပ်ဖို့လည်း အချိန်မပေးဖြစ်တော့ပါဘူး။ စိတ်ဖိစီးမှုများတာကြောင့် အသားအရေ
ထိခိုက်မှုတွေရှိနေတဲ့အပြင် အရေပြား သန့်ရှင်းရေးလုပ်ဖို့လည်း အချိန်မပေးတာကြောင့် သင့်အသားအရေ ပျက်စီးမှုတွေဖြစ်တတ်ပါတယ်။ 

 

အရေပြား ထိန်းသိမ်းမှုကို လျစ်လျူမရှုပါနှင့်
စိတ်ဖိစီးမှုများနေတယ်ဆိုပြီး အသားအရေ ထိန်းသိမ်းမှုတွေကို မလုပ်ဘဲ မနေပါနဲ့။

 

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
လေ့ကျင့်ခန်း ပုံမှန်လုပ်တာက စိတ်ဖိစီးမှုတွေကို လျော့နည်းစေတဲ့အပြင်
သွေးလှည့်ပတ်မှု ကောင်းမွန်လာတာကြောင့် အသားအရေအတွက်လည်း အထောက်အကူပြုပါတယ်။

 

ခဏ အနားယူပါ
စိတ်ဖိစီးမှုတွေနှင့် စိတ်ရှုပ်ထွေးမှုတွေကြောင့် ထိုင်ပြီး စိတ်ညစ်နေတာမျိုးက အကျိူးမရှိနိုင်ပါဘူး။ အဲဒါတွေနဲ့ ဝေးရာမှာ ခဏလောက်တော့ အနားယူဖို့ လိုပါတယ်။ အလုပ်တွေများလွန်းလို့ ခဏလောက်တော့ အနားယူဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တော့ စိတ်ဝင်စားစရာ စာအုပ်ကို ၁၀ မိနစ်လောက် အချိန်ပေးပြီး ဖတ်လိုက်တာကလည်း စိတ်ဖိစီးမှုကို လျှော့ချရာရောက်ပါတယ်။

 

လမ်း ထလျှောက်ပါ
အလုပ်တွေရှုပ်ပြီး စိတ်ဖိစီးမှုတွေ များနေခဲ့ရင် သင်အိမ်ပြန်တဲ့အခါ အိမ်နားမှာ ခဏလောက် လမ်းပတ်လည်လျှောက်ပြီးမှ အိမ်ထဲဝင်ပါ။

 

အိပ်ရေးဝဝ အိပ်စက်ပါ
စိတ်ဖိစီးမှုများလို့ မအိပ်စက်နိုင်ဘဲ ဖြစ်နေပါသလား။ တစ်ညကို ၇-၈ နာရီလောက်တော့ အချိန်ပေးပြီး အိပ်စက်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, July 2016. Pg.177

 



Related Articles


Advertisment 18