Print

ဆိုးရွားသော စိတ်ဓာတ်ကျမှုနှင့် မှတ်ဉာဏ်ဆုံးရှုံးမှုကြား ဆက်စပ်မှုရှိ

  25-Feb-2017
Preview Image

 

ဆိုးရွားသော စိတ်ဓာတ်ကျမှုလက္ခဏာများနှင့် မှတ်ဉာဏ်ဆုံးရှုံးမှုကြား ဆက်စပ်မှု ရှိကြောင်း ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှု တစ်ရပ်က ဖော်ပြသည်။ မှတ်ဉာဏ်ဆုံးရှုံးမှု လက္ခဏာများ မတွေ့ရဘဲ ပြင်းထန်စွာ စိတ်ဓာတ်ကျနေသည့် လက္ခဏာများ ပြသနေသူများသည် စိတ်ဓာတ်ကျမှု လက္ခဏာ အနည်းငယ်သာ ပြသသူများထက် မှတ်ဉာဏ်ဆုံးရှုံးနိုင်မှု အန္တရာယ်မြင့်မားကြောင်း နှစ် များစွာကြာ ပြုလုပ်ခဲ့သည့် လေ့လာမှုအရ သိရသည်။

 

စိတ်ဓာတ်ကျခြင်းနှင့် မှတ်ဉာဏ်ဆုံးရှုံးခြင်း ပုံစံအမျိုးမျိုးအကြား ဆက်စပ်မှုရှိကြောင်း ယခင်လေ့လာမှုများက ဖော်ပြခဲ့သော်လည်း စိတ်ဓာတ်ကျမှု လက္ခဏာများ ပိုမိုဆိုးရွားလာခြင်းနှင့် မှတ်ဉာဏ်အခက်အခဲ ဖြစ်ပေါ်မှုများ ပိုများလာခြင်းကြား ဆက်စပ်မှုကို ယခင်က လေ့လာထားခြင်းမရှိဟု သုတေသီများက ပြောသည်။ စိတ်ဓာတ်ကျမှု လက္ခဏာများ ပိုများသူများသည် မှတ်ဉာဏ်ဆုံးရှုံးနိုင်မှု နှစ်ဆမြင့်မားပြီး စိတ်ဓာတ်ကျခြင်းသည် မှတ်ဉာဏ်ဆုံးရှုံးမှု၏ အစောဆုံး လက္ခဏာတစ်ခု ဖြစ်နိုင်သည်ဟု သုတေသီများက ပြောသည်။

 

ထို့ကြောင့် စိတ်ဓာတ်ကျမှု လက္ခဏာများသည် မှတ်ဉာဏ်ဆုံးရှုံးမှုနှင့် ကြုံတွေ့နိုင် သည့် အန္တရာယ်တစ်ခုဖြစ်သည်ဟု သုတေသီ ဒေါက်တာအလီဆင်ကုပ်ကပြောကြားသည်။ မိမိတို့၏ လေ့လာမှုရလဒ်အရ သက်ကြီးရွယ်အိုများ၏ စိတ်ဓာတ်ကျမှု လက္ခဏာများ စစ်ဆေးသင့်ကြောင်း ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။ လူပေါင်း ၂,၄၈၈ ဦးပါဝင်သည့် ခြောက်နှစ်ကြာလေ့လာမှုအတွင်း စိတ်ဓာတ်ကျမှု လက္ခဏာ အနည်းငယ်ပြသသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းသည် မှတ်ဉာဏ်ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည်။

 

စိတ်ဓာတ်ကျမှု လက္ခဏာ အသင့်အတင့်သာ တွေ့ရသူများလည်း မှတ်ဉာဏ် ဆုံးရှုံးမှု ကြုံတွေ့နိုင်သည့် အန္တရာယ်မြင့်မားသည်ဟု သုတေသီများက ပြောသည်။သက်ကြီးရွယ်အိုများ မှတ်ဉာဏ်ဆုံးရှုံးမှုအန္တရာယ် ကာကွယ်ရန် စိတ်ဓာတ်ကျခြင်းကို ဦးစွာဖြေရှင်းသင့်ကြောင်း သုတေသီများက ပြောသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဖိုးသူတော် 
7Day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18