Print

စိတ်ဓာတ်ကျခြင်းအား ပြန်လည်ခွန်အားပြည့်စေမည့် နည်းလမ်းကောင်းများ

  25-Feb-2017
Preview Image

စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာကိစ္စတွေ ကြုံတွေ့ရတာများလာရင် စိတ်ကျရောဂါဖြစ်လာစေပါတယ်။ ခံစားချက်ကောင်းတွေ အမြန်ဆုံးပြန်လည်ရရှိစေမယ့်အောက်ဖော်ပြပါ အလွယ်နည်းလမ်းတွေက သင့်ကိုကူညီနိုင်ပါလိမ့်မယ်။

 

သဘာဝကိုရှူစားပါ
အလွယ်ဆုံးနည်းလမ်းပါပဲ။ အပင်အုပ်ဆိုင်းဆိုင်းတွေ၊ လေကောင်းလေသန့်ရတဲ့နေရာတွေနဲ့ တောတောင်ရနံ့ရှိတဲ့ သဘာဝနေရာမျိုးမှာ လမ်းလျှောက်တာက စိတ်ခံစားချက်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ 

 

သူငယ်ချင်းများနှင့်စကားပြောပါ
အလုပ်တွေများနေချိန်မှာ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့တောင် မေ့နေတတ် ပါတယ်။ ခင်မင်ဖူးခဲ့တဲ့ သူငယ်ချင်းဟောင်းတွေနဲ့ စကားပြောတာမျိုး၊ တွေ့ဆုံတာမျိုးတွေပြုလုပ်ပါ။

 

စိတ်ဝင်စားသော ပျော်စရာတစ်ခုခုပြုလုပ်ပါ
သင်စိတ်ဝင်စားတဲ့ ဝါသနာပါတဲ့ သီချင်းဆိုတာဖြစ်စေ၊ တူရိယာတစ်ခုခု တီးခတ်တာဖြစ်စေ၊ ကခုန်တာဖြစ်စေ တစ်ခုခုကို စိတ်လွတ်ကိုယ်လွတ် ဖန်တီးပြုလုပ် လိုက်ပါ။

 

အစာမှ အဆိပ်တွေကို ဖယ်ရှားပါ
သင်စားနေတဲ့ အစာစားမှုပုံစံကို ပြောင်းလဲလိုက်ပါ။ သဘာဝခြံထွက်သီးနှံတွေ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို ပြောင်းစားပါ။ အသင့်စာနဲ့ အလွယ်တကူ ဝယ်စားတတ်တဲ့အကျင့်ကို ဖျောက်ဖျက်လိုက်ပါ။

 

စာအုပ်ဖတ်ပါ၊ ရုပ်ရှင်ကြည့်ပါ
စိတ်ခွန်အားကိုဖြစ်စေမယ့် စာအုပ်ကောင်းတွေကို ရွေးဖတ်ပြီး အချိန်ဖြုန်းပါ။ ဟာသဇာတ်လမ်းတွေနဲ့ ပျော်စရာဇာတ်လမ်းတွေကို ကြည့်ပါ။

 

လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းတစ်ခုလောက်ကို တစ်နေ့ ၄၅ မိနစ်လောက် ပုံမှန်ပြုလုပ်ဖို့ အချိန်ပေးပါ။ အပေါင်းအဖော်တွေနဲ့ လေ့ကျင့်တာက သင့်စိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်။ အများနဲ့ လေ့ကျင့်ရတာကို မကြိုက်ဘူးဆိုရင်ယောဂလေ့ကျင့်ခန်းဖြစ်စေ၊ တရားထိုင်တဲ့လေ့ကျင့်ခန်းဖြစ်စေ ပြုလုပ်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲ 
Arogyam magazine, No.284, March 2016, Pg.93


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18