Print

စွဲတတ်သောဆေးဝါး

  25-Feb-2017
Preview Image

ဆေးဝါးတိုင်း မစွဲတတ်ပါ။ စွဲတတ်သော ဆေးဝါးများသည် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ ကိစ္စများအပေါ် အကျိုးသက်ရောက်စေတတ်သော ဆေးဝါး များဖြစ်နေ တတ်ကြပါတယ်။ စိတ်ညစ်ညူးမှု၊ စိတ်မပျော်ရွှင်မှု၊ စိတ်အားငယ်မှု၊ စိုးရိမ်ကြောင့် ကြ သောကဖြစ်နေမှု၊ စိတ်မတည်ငြိမ် လှုပ်ရှားနေမှု၊ စိတ်အာရုံ ထွေပြားနေမှု၊ စိတ်ပင်ပန်းဆင်းရဲနေမှု၊ စိတ်ရောကိုယ်ပါ နာကျင်အခံရခက်နေမှု စသည့်ခံစားမှုများကို ဤဆေးဝါးများက သက်သာပျောက်ကင်းစေတတ်ပါသည်။ ထို့ကြောင့် ဆေးစွဲစေသော ဒုတိယအကြောင်းအရင်းမှာ ဤဆေးဝါးများပင်ဖြစ်တော့၏။

 

ဤဆေးများကို နေ့စဉ်ရက်ဆက် ကြာရှည်သုံးလာပါမူ ဦးနှောက်၏ သဘာဝ ဇီဝဖြစ်စဉ်အချို့ကို ပြောင်းလဲလာစေပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာလုပ်ငန်းများသည် သဘာဝအလျောက် မလုပ်နိုင်သကဲ့သို့ ့ဖြစ်ပြီး ဆေးယဉ်လာသည်ဟု ဆိုရပါမည်။ ထိုအခါ ဆေးကို ပမာဏ ပိုသုံးလာရပါ သည်။ ဆေးအရှိန်ကုန်သောအခါ ဆေးပြတ်လက္ခဏာများ ပေါ်လာသည်။ ထိုလက္ခဏာ များ သက်သာစေရန် ဆေးသုံးသည့်အကြိမ် တိုးလာရသည်။ သုံးသည့်အကြိမ် စိတ်လာ ရသည်။

 

ဤသို့ဖြင့် ဆေးမရလျှင် မနေနိုင်သော အခြေအနေသို့ တစ်စတစ်စရောက် လာတော့၏။ ဆေးအပြတ်မခံနိုင်တော့ပါ။ သူ့အတွက် ဆေးရရှိရေးသည်သာ အချိန်တိုင်း အရေးကြီးဆုံးကိစ္စ ဖြစ်နေလေ့ရှိတော့၏။ ဤအဆင့်သည် ဆေးစွဲနေသော အဆင့် ဖြစ်ပေသည်။ သက်ရှိလူသားသည် သက်မဲ့ဆေးဝါး၏ ကျေးကျွန် ဘဝ ရောက် လေတော့သည်။

 

ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး အမျိုးပေါင်းများစွာရှိပါသည်။ ယနေ့ကျွန်တော် တို့ ရေမြေ ပတ်ဝန်းကျင်တွင် အများဆုံး ဒုက္ခပေးနေသော ဆေးဝါးများမှာဘိန်းဖြူ၊ ဘိန်းမဲ၊ မော်ဖင်း၊ ပက်သဒင်း၊ ကိုကင်း စသောဘိန်းအုပ်စုဝင်ဆေးများ၊ ဆေးခြောက်၊ စိတ်ငြိမ်ဆေး၊ အိပ်ဆေးနှင့် စိတ်ကြွရူးသွပ်ဆေးများပင်ဖြစ်သည်။ ဤဆေးဝါးများကို ပါးစပ်မှ မျို၍လည်းကောင်း၊ နှာခေါင်းမှ ရှူ၍လည်းကောင်း သွေးကြောထဲ သို့ ဆေးထိုး၍ လည်းကောင်း အသုံးပြုတတ်ကြ၏။ သွေးကြောထဲ ဆေးထိုးရာတွင် ဆေးလွန်၍ အသက်ဆုံးရှုံးနိုင်၏။ မသန့်ရှင်းသော ဆေးထိုးအပ် ဆေးထိုးပြွန်များကို အသုံး ပြုခြင်း ဖြင့်လည်းကောင်း၊ ဆေးထိုးကိရိယာများကို တစ်ဦးသုံးပြီး တစ်ဦးက ဆက်၍ သုံးစွဲခြင်းသည် ကူးစက်ရောဂါမျိုးစုံကို ရစေ၏။ အဆိုးဆုံးမှာ အသည်းရောင် ဘီပိုးရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါတို့ပင် ဖြစ်လေ၏။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Cerdit:
ဒေါက်တာဟန်စိန်
(စိတ်ကျန်းမာရေးဆရာဝန်ကြီး)
စိတ်သန့်ရှင်းရေးနှင့် စိတ်ကျန်းမာရေး စာအုပ်မှကောက်နှုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18