Print

ကင်ဆာလူနာများနှင့် စိတ်ထိခိုက်နာကျင်မှု

  25-Feb-2017
Preview Image

မိမိစိတ်ထိခိုက်မှုကို ကိုယ်တိုင်ဖြေရှင်းသည့်နည်းလမ်းများ

၁။ ဆောင်ရွက်ရန်

• သင့်စကားနားထောင်မည့် မိတ်ဆွေနှင့် ပြောဆိုဆွေးနွေးပါ။ စိတ်ရောကိုယ်ပါဖြေလျော့ အနားယူပါ။ တရားထိုင်ပါ၊ သီချင်းနားထောင်ပါ။ လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
• ရှေ့ရေးအတွက်ပူပင်နေမှုကိုရပ်ပါ။ သင့်ရောဂါအကြောင်းမေ့ထားပြီး လုပ်ဆောင်စရာရှိသည်များကို ဆောင်ရွက်ပါ။ 
• အဆင်မပြေသော အပေါင်းအသင်း၊ အဖွဲ့အစည်းများကို ရှောင်ကျဉ်ပြီး အဆင်ပြေမည့် အဖွဲ့အစည်းများထံမှ အကူအညီရယူပါ။
• ယုံကြည်စိတ်ချရသော ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ ဖြစ်ပေါ်လာနိုင်သည့် ရောဂါနှင့်
ကုထုံးများ၏ နောက်ဆက်တွဲလက္ခဏာများ ကြိုတင်မေးမြန်းပါ။
• ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုကို စောင့်ထိန်းလိုက်နာပါ။
• ကိုယ်ပိုင်မှတ်စုစာအုပ် မှတ်တမ်းများကို ထိန်းသိမ်းထားပါ။
• မိမိရောဂါနှင့် သက်ဆိုင်သော ပညာပေးဆောင်းပါးများပါဝင်သည့် စာစောင်များကို သိမ်းဆည်းပါ။

 

၂။ ရှောင်ကြဉ်ရန်

• ယခင်ကသုံးနှုန်းလေ့ရှိသည့် ကင်ဆာဟူသည်သေမိန့် ဟူသောစကားအတိုင်း ယုံကြည်ခြင်း။
• ကင်ဆာဖြစ်ရခြင်းမှာ မိမိ၏အမူအကျင့်တစ်ခုခုကြောင့်ဟု မိမိကိုယ်ကို အပြစ်တင်ခြင်း၊ ယခင်ကစိတ်ကောင်းမထားခဲ့၍ ကင်ဆာဖြစ်ရသည်ဟု အပြစ်မြင်ခြင်း။
• မိမိတစ်ဦးထဲ တိတ်တိတ်ဆိတ်ဆိတ်နေခြင်း၊ အခြားသူများထံမှ အကူအညီမယူဘဲနေခြင်း။
• စိတ်ပူပန်မှုများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့အတွက် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရန် ရှက်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း။

 

၃။ စိတ်ထိခိုက်မှု စစ်ဆေးခြင်း၏ အကျိုးကျေးဇူးများ

• စိတ်ထိခိုက်မှုကို စစ်ဆေးပြီးလိုအပ်သူများကို ကုသမှုပေးခြင်းဖြင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများကိုသက်သာစေခြင်း၊ စိတ်ကျရောဂါသက်သာစေခြင်းများကို ၂၀၀၀ နှင့် ၂၀၁၁ ခုနှစ် လေ့လာမှုများအရ သိရှိရပါသည်။
• ထိုသို့သက်သာစေခြင်းဖြင့် ကင်ဆာကုသမှုအောင်မြင်ရန် အခွင့်အလမ်းများပြီး သက်တမ်းပိုရှည်စေကြောင်း တွေ့ရှိရပါသည်။

 

၄။ အကြံပြုလမ်းညွှန်ချက်များ

• ကင်ဆာလူနာများအားလုံးကို စိတ်ထိခိုက်မှုတိုင်း စကေးဖြင့်စစ်ဆေး ကုသမှုပေးသင့်ပါသည်။
• ရောဂါကို ကုသခြင်းမျိုးမဟုတ်ဘဲ လူနာကိုကုသခြင်းမျိုးဖြစ်စေရန် ဂရုပြုရမည်။
• စိတ်ထိခိုက်နာကျင်မှုကို Sixth Vital Sign အဖြစ် အမြဲစစ်ဆေးသင့်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဝေဝေနှင်း
Wellness magazine, April 2015, Pg. 48-49



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18