Print

သောက များတတ်သူတွေဟာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတွေ ဖြစ်နေ

  25-Feb-2017
Preview Image

သောကတွေ များနေတာလား။ ဒါဆိုရင် သင်ဟာ တော်တော် စမတ်ကျနေပါပြီ။ လေ့လာမှု အသစ်တစ်ခုအရတော့ အလွန်အကျွံ စိတ်ပူပန် တတ်ခြင်းဟာ မကောင်းတဲ့ အရာ တစ်ခုမဟုတ်ဘူး လို့ ဖော်ပြထားပါတယ်။ တစ်ချို ့ကိစ္စရပ်တွေမှာတော့ အဲဒီလို အလွန်အကျွံ စိတ်ပူပန်တတ်ခြင်း ဟာ သင့်မှာ မြင့်မားတဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ရှိနေတယ်လို့ ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။

 

“မကောင်းတဲ့အမြင်တွေ ပြည့်နေတဲ့ ကိုယ့်အတွေးနဲ့ကိုယ် အချိန်များစွာ ကုန်ဆုံးနေခြင်း နဲ့ သာမန်လူတွေထက် အကြောက်လွန်မှုများနေခြင်း တွေ ဖြစ်နေတယ်ဆိုတာဟာ သင့်အနေနဲ့ အဆိုးမြင် စိတ်ခံစားချက်တွေကို ခံနိုင်ရည် ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ ဒါဟာ တိကျသေချာတဲ့ အာရုံကြော ဆိုင်ရာ ကိစ္စရပ် တစ်ခုကို ရည်ညွှန်းပါတယ်။ စိတ်ပိုင်းဆိုင်ရာ မူမမှန်မှု ရလဒ်တွေ မြင့်မားနေခြင်းဟာ မှန်ကန်တဲ့ စိတ်ကူးပုံဖော်နိုင်စွမ်း မြင့်မားတာ နဲ့တူတူပါပဲ” လို့ လန်ဒန်မြို ့ ဘုရင့်ကောလိပ်မှာရှိတဲ့ အာရုံကြောဇီဝဗေဒ ကျွမ်းကျင်သူ ဒေါက်တာ အဒမ်ပါကင်းစ် က ဆိုပါတယ်။ “စိတ်မူမမှန်သူတွေ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကံကောင်းလို့ပျော်ရွှင်နေရ တဲ့သူတွေ ဟာ ပြဿ နာတွေနဲ့ ကြုံတဲ့အခါ အဆင်မပြေကြတော့ပါဘူး။ ပြဿ နာဖြေရှင်း တဲ့အခါမှာ အပြစ်တင်စရာ တစ်ခု ဖြစ်နေတတ်ပါတယ်။

 

မပျော်ရွှင်ရတဲ့ အနေအထားနဲ့ စိတ်မူမမှန်မှုနှုန်း မြင့်မားခဲ့တဲ့ ဉာဏ်ကြီးရှင်တွေ ဟာ ပြဿ နာတွေ ဖြေရှင်းတဲ့အခါမှာ အဆင်ပြေတတ်တယ်ဆိုတာကို လေ့လာရတာတော့ လွယ်ကူခဲ့ပါတယ်။ ဥပမာ ဗင်းဆင့်ဗန်ဂိုးဟ် နဲ့ ကာ့တ်ကိုဘိန်း တို့လိုပေါ့” လို့ ဒေါက်တာ အဒမ်ပါကင်းစ်က ဆက်လက်ရှင်းပြပါတယ်။ နယူးယော့ခ် မြို ့မှာရှိတဲ့ ပြည်နယ်တက္ကသိုလ် ရဲ ့ ဆေးပညာစင်တာမှာ စိတ်ပညာဆိုင်ရာ ပရော်ဖက်ဆာ တစ်ယောက်ဖြစ်ပြီး သုတေသီ တစ်ယောက်လည်း ဖြစ်တဲ့ ဒေါက်တာ ဂျယ်ရမီကော့ပ်လန် ကလည်း ဒေါက်တာ အဒမ်ပါကင်းစ် ရဲ ့ ယူဆချက်ကို လက်ခံခဲ့ပါတယ်။

 

“သောကများခြင်းဟာ ကျွန်ုပ်တို့အတွက် မကောင်းဘူလို့ မြင်ကြည့်မယ်ဆို ရင်တောင် အဲဒါဟာ ဉာဏ်ပညာနဲ့ ဆက်စပ်နေပါတယ်။ အလွန်အကျွံ စိတ်ပူ တတ်ခြင်း ဟာ လိုက်လျောညီထွေဖြစ်အောင် ဖြေရှင်းနိုင်စွမ်း မြင့်မားခြင်း ကို ဦးတည် သွားပါ တယ်။” လို့ ဒေါက်တာ ဂျယ်ရမီ ကော့ပ်လန်က ဆိုပါတယ်။ ဒါကြောင့် သောက များခြင်း ဟာ သင့်အတွက် စိတ်ဖိစီးစေတဲ့ အရာတစ်ခု သာ မဟုတ်ပဲ လူသားဘဝ ရဲ ့ ရှင်သန်ခြင်း သော့ချက်တစ်ခု ဖြစ်နေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Trend Myanmar


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18