Print

ပြုံးရယ်ခြင်းဖြင့် စိတ်ဖိစီးမှု လျော့ကျစေခြင်း

  25-Feb-2017
Preview Image

စိတ်ဖိစီးမှု ဆိုတာကြီးက ဒီနေ့ခေတ်ရဲ့ မော်ဒန်အကျဆုံး ရောဂါပေါ့နော်။ တကယ်တော့ ဒီနေ့လို ခေတ်မျိုးမှာ စိတ်ဖိစီးမှု ဆိုတာမရှိရင်
ခေတ်မမီတော့ဘူးလို့တောင် ပြောရမလိုဖြစ်နေပြီ။ တကယ်ပါ။ ဒီစိတ်ဖိစီးမှုကို ပြေပျောက်လျော့ကျစေဖို့အတွက် ဘယ်လိုနည်း သုံးရမလဲဆိုတာ တကူးတက စိတ်ညစ်ခံပြီး မစဉ်းစားခင် နည်းနည်းပြုံးလိုက်ပါ။ ဘာမှမလုပ်ရသေးခင် စိတ်ဖိစီးမှု လျော့သွားတာကို တွေ့ရပါလိမ့်မယ်။ မယုံရင် ဒီစာဖတ်နေတုန်းလေး ပြုံးကြည့်လိုက်ပါလား။

 

စိတ်တွေကြည်လင်လာပြီး အာရုံစူးစိုက်မှု ပိုကောင်းလာတယ်
အလုပ်လုပ်တဲ့အခါမှာ မျက်နှာကြီး စူပုပ်ပြီး အလုပ်လုပ်နေတာထက် ပြုံးပြီးလုပ်တာက ပိုပြီးအလုပ်ပေါ်မှာ အာရုံစိုက်နိုင်သလို ပိုပြီးတော့လည်း တွေးခေါ်မှု ကြည်လင်စေမှာပါ။ ဘယ်လောက်ပဲ အလုပ်ထဲမှာ ပြိုင်ဘက်တွေ များနေပါစေ။ အပြုံးလေးနဲ့သာ ယှဉ်ပြိုင်လိုက်ပါ။ တကယ်ကြည်စင်တဲ့ အပြုံးဖြစ်ဖို့တော့ လိုတယ်နော်။

 

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတိုးပွားစေနိုင်ပါတယ်
လူတွေဟာ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ လူမှုဘဝမှာပဲဖြစ်ဖြစ် အဆင်မပြေခဲ့ရင် ဘယ်အရာမှ အဆင်ပြေတော့မှာ မဟုတ်ဘူးဆိုပြီး စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့ကျကုန်ပါတယ်။ ဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ် ငါလုပ်နိုင်တယ်။ အဲဒီလိုသာ ဖြစ်ခဲ့ရင် သင့်စိတ်ထဲမှာ ငါမသိလည်း ရှာဖွေမေးမြန်းလို့ ရတယ်ဆိုပြီး စိတ်ထဲမှာတွေးပြီး ချက်ချင်းအပြုံးနဲ့ အနိုင်ယူလိုက်ပါ။ သင်ဆုံးရှုံးသွားတဲ့ ယုံကြည်မှုတွေ သင့်ထံတစ်ဖန် ပြန်ရောက်လာမှာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Mercy Angel
Ziwaka magazine, July 2014, Pg. 121


 



Related Articles


Advertisment 18