Print

အအိပ်လွန်ရောဂါ (Narcolepsy)

  30-Dec-1899
Preview Image

 

- အချိန်မရွေး အိပ်ပျော်တတ်ခြင်းဖြစ်သည်။ စားချိန်၊ စကားပြောချိန်၊ ခရီးသွားချိန်၊ ကားမောင်းချိန်ပါမကျန် တဝါးဝါးသမ်းလာပြီး တခေါခေါ အိပ်ပျော်သွားတတ်သည်။ နိုးကြားနေချိန်တွင်မူ လန်းဆန်းနေတတ်သည်။ သို့သော် အချိန်မရွေး ငိုက်မျဉ်းလာမှုကို မထိန်းနိုင်ဘဲ အိပ်ပျော်သွားတတ်သည်။ အိပ်ချိန်စုစုပေါင်းမှာ သာမန်လူအိပ်ချိန်ခန့်သာရှိသော်လည်း အချိန်အခါမဟုတ် နေရာမရွေး အလွယ်တကူ အိပ်တတ်သည့် အလေ့အထရှိနေခြင်းကြောင့်ဖြစ်သည်။ 

 

- ထိုသို့ဖြစ်သူများတွင် အချိန်အခါမဟုတ် အလွယ်တကူ အိပ်ပျော်တတ်သည့်အပြင် သတိရှိသော်လည်း ခြေလက်များ မလှုပ်ရှားနိုင်ခြင်း၊လှုံ့ဆော်မည့် အာရုံများ ခံစားရခြင်း၊ (တကယ်မဟုတ်သည်များကို မြင်ရကြားရခြင်းများ) ဖြစ်တတ်ပါသည်။ ထိုရောဂါအတွက် ကုသသည့် ဆေးဝါးနှင့် နည်းပညာ အတိအကျ မရှိသေးပါ။ အိပ်တတ်သူနှင့် သင့်လျော်မည့် လုပ်ငန်း၊ အနေအထိုင် အစီအစဉ်များ ချိန်ညှိပေးခြင်း၊ ဟင်းသီးဟင်းရွက်များများ စားစေခြင်း၊ ထမင်းကို သင့်တင့်စွာစားခြင်း၊ ကားမောင်းခြင်း၊ အလုပ်လုပ်ခြင်း၊ အခမ်းအနားတက်ခြင်း စသည့်အရေးကြီး အချိန်များတွင် အဝအပြဲ (Heavy meal) စားထားပါက ငိုက်မျဉ်းမှုကို ပိုဖြစ်စေပါသည်။

 

- ထိုသို့ ဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်ရန် ၁၀ မိနစ်(သို့) ၁၅ မိနစ် တစ်ကြိမ် သရေစာစားပေးခြင်းတို့ဖြင့်အိပ်ချင်လာမှုကို လျော့နည်းစေနိုင်ပါသည်။ ဆေးဝါးများ ဖြင့်ကုသခြင်း (ဥပမာ - စိတ်ကြွဆေးအချို့) ၊စိတ်ပညာဖြင့် ဆွေးနွေးကုသခြင်းများဖြင့်လည်း လိုအပ်သလို ကုသနိုင်ကြောင်း သိရသည်။ ထိုသို့ အိပ်ပျော်တတ်ခြင်းကြောင့် လုပ်ငန်းခွင်အဆင်မပြေမှုများ ဖြစ်တတ်သဖြင့် စနစ်တကျ တားဆီးကုသသင့်သည်။

 

Sleep Walking 
************
- အိပ်ပျော်စဉ် လမ်းထလျှောက်ခြင်း (Sleep Walking) သည် ကျောင်းသားအရွယ် ကလေးတို့တွင် အဖြစ်များသည်။ ထိုသို့ဖြစ်ရခြင်းမှာဦးနှောက်ရှိ အိပ်နှိုးသံသရာ (Sleep / Wake Cycles) ထိန်းချုပ်မှု စနစ်ကောင်းစွာ မဖွံ့ဖြိုးသေးခြင်းကြောင့်ဟု ယူဆကြသည်။ Sleep Walking ဖြစ်သူတို့သည် အချို့က အိပ်ရာထဲထိုင်ပြီး လမ်းလျှောက်သကဲ့သို့ ခြေထောက်များ၊ လှုပ်ရှားတတ်သည်။ အချို့မှာ လမ်းထလျှောက်ခြင်း၊ အဝတ်ဝတ်ခြင်း၊ ဝတ်ပြီးသားအဝတ်များ ချွတ်ပစ်ခြင်း၊ အစာစားခြင်း၊ ဆီးသွားခြင်းတို့ကို ပြုလုပ်တတ်သည်။ ထိုသို့ဖြစ်နေစဉ် မျက်စိဖွင့်ထားသော်လည်း ကြောင်တိကြောင်တောင်ဖြစ်နေပြီး သူဘာလုပ်နေမှန်း သိသည်မဟုတ်ပါ။ မိုးလင်း၍ သူ့ကိုမေးလျှင်လည်း ညကဘာလုပ်ခဲ့၊ ဘာဖြစ်ခဲ့သည်ကို လုံးဝမသိပါ။

 

- စအိပ်ပြီး နှစ်နာရီခန့်အကြာတွင် ထိုသို့ဖြစ်တတ်ပြီး နာရီဝက်ခန့်အထိ ကြာတတ်သည်။ ထိုသို့ဖြစ်တတ်သူများကို ဖြစ်တတ်သည့်အချိန်ကိုလေ့လာမှတ်သားပြီး ဖြစ်တတ်ချိန်မတိုင်မီ နှိုးထားပေးနိုင်သည်။ အနီးတွင် ကွဲစေသော ပစ္စည်း၊ ထိခိုက်စေသော ပစ္စည်းများ မထားသင့်ဘဲ တံခါးကို လုံခြုံအောင် စီမံထားသင့်သည်။ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ စိတ်အားတက်ကြွခြင်း၊ ကိုယ်လက်လှုပ်ရှားစေခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။ လိုအပ်ပါက ဆေးဝါးကုသနိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Health for all magazine, September 2015, Pg. 39



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18