Print

လက်သည်းကိုက်တဲ့အကျင့်ကို ဘယ်လိုဖျောက်မလဲ

  30-Oct-2016
Preview Image

 

လက်သည်းကိုက်တဲ့အကျင့် ဟာ ကလေးဘဝကတည်းက ပါ လာတဲ့ အကျင့်ဆိုးတစ်ခုဖြစ်ပြီး လက်သည်းကိုက်တာကို ကလေး ၆၀ ရာခိုင်နှုန်း၊ ဆယ်ကျော်သက် ၄၅ ရာခိုင်နှုန်းလောက်ပြုလုပ်လေ့ ရှိပါတယ်။ ငယ်ငယ်ကတည်းကအကျင့် ပါလာလို့ လက်သည်းကိုက်တာ အပြင် စိတ်ခံစားမှုကြောင့်လည်း ကိုက်လေ့ရှိကြပါတယ်။ သရဲ ကားကြည့်နေတဲ့အခါ၊ ထိတ်လန့် စရာ အခြေအနေ ကြုံတဲ့အခါ၊ စိတ်လှုပ်ရှားနေတဲ့အခါ၊ ဆုံးဖြတ် ချက် ကြီးကြီးမားမားချရတော့ မယ့် အခြေအနေမျိုးနဲ့ စိတ်ပိုင်း ဆိုင်ရာချို့ယွင်းချက် တစ်ခုခုရှိနေ ရင်လည်း လက်သည်းကိုက်မိလေ့ ရှိကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ဒါဟာ အကျင့်ဆိုးတစ်ခု ဖြစ်တာမို့ လက်သည်းကိုက်တဲ့ အကျင့်ဖျောက်နိုင်မယ့်နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါ တယ်။

 

လက်သည်းကို ခပ်တိုတို ညှပ်ထားတာမျိုး လုပ်ထားနိုင်သလို လက်သည်းကိုက်လိုက်ရင် အရမ်းခါးတဲ့အရသာ ဖြစ်စေမယ့် လက်သည်းဆိုးဆေးမျိုးလည်း သုံးနိုင်ပါတယ်။ နောက်ပြီး လက်သည်းမကိုက်မိအောင် လက်သည်းကို တစ်ချိန်လုံးသနေပြီး သန့်ရှင်းရေးပိုင်းကိုပဲ အာရုံထား လုပ်ဆောင်တာမျိုး လုပ်နိုင်ပါ တယ်။ စိတ်ဖိစီးမှုကြောင့် လက် သည်းမကိုက်မိအောင်လည်း တရားထိုင်တာမျိုး၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာမျိုး၊ ယော ဂလေ့ကျင့်တာမျိုးတွေလည်း လုပ်ပေးနိုင်သလို လက်အိတ်စွပ် ထားပြီးတော့လည်း ကာကွယ် နိုင်ပါတယ်။ ဒါတင်မက လက်သည်းထိပ်တွေမှာ ပတ်တီးလေး တွေစည်းတာမျိုး၊ တိပ်ပတ်ထား တာမျိုးနဲ့လည်း အကျင့်ဖျောက် နိုင်ပါတယ်။နောက်တစ်ချက်က လက် သည်းကိုက်ချင်စိတ်ပေါ်လာတဲ့ အခါ ဘောင်းဘီ၊ အကျႌအိတ်ထဲ လက်ထည့်ထားတာမျိုးလုပ်နိုင် သလို လက်သည်းတုတွေတပ် ခြင်းဖြင့်လည်းလက်သည်းမကိုက် မိအောင် ကာကွယ်နိုင်ပါတယ်။

 

Healthcare.com.mm

Ref;

ကျန်းမာရေး, ဗဟုသုတ, အတွေးအမြင်

.ဖိုးသူတော်

Credit:7Day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18