စိတ္တဇလက္ခဏာများ
30-Oct-2016
စိတ္တဇလက္ခဏာများသည် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသုံးပြုသည့်အခါ ပိုမိုတွေ့ရလေ့ရှိသည်။ စိတ်ကြွဆေးများ သုံးစွဲသူများတွင် စိတ်ဝေဒနာလက္ခဏာများ ပေါ်ပေါက်မည်ဟု မျော်လင့်ရသည်။ သို့သော်လည်း စိတ္တဇလက္ခဏာများတွေ့ကြုံသည့်အခါ စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသုးံပြသူအများစုတွင်စိတ်ဝေဒနာ (စိတ္တဇရောဂါ) ရှိနေလိမ့်မည်ဟု မသတ်မှတ်နိုင်ပါ။အဓိက နားလည်ထားရမည်မှာ ဓါတုဆေးဝါး များသည်သုံးစွဲသူ၌ စိတ်အခြေအနေကို ပြောင်းလဲစေနိုင်ခြင်းပင်ဖြစ်သည်။ စိတ်အခြေအနေကို အမူအရာ၊ စကားပြောဆိုပုံ၊ တွေးခေါ်ဆင်ခင်ပုံ၊ အယူအဆနှင့် အမှတ်ဉာဏ်တို့မှ ဆန်းစစ်နိုင်ပါသည်။ စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများသည် အထက်ပါ စိတ်အခြေအနေကို အမျိုးမျိုး ပြောင်းလဲစေနိုင်ပါသည်။ အသုံးပြုသည့်အဆင့် (ရေရှည်သုံးစွဲသူ၊ ဆေးဖြတ်နေသူ၊ ဆေးအဆိပ်သင့် နေသူ အစရှိသည်ဖြင့်) အပေါ် မူတည်၍လည်း စိတ်အခြေအနေကို ပြောင်းလဲ စေပါသည်။
Ref:
WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့
၂၃.၁၀.၂၀၁၅
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

