စိတ်သောကရောက်ခြင်း
30-Oct-2016
၁။ သင်နားထောင်နေသည်ကို ပြသပြီး ဘယ်လိုကူညီပေးရမည်ကို တည်ငြိမ်စွာမေးပါ။လေးလေးစားစား ဆက်ဆံပြီး ယုံကြည်မှုရရှိရန် ကြိုးစားရပါမည်။
၂။ ၄င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အခြေအနေများနှင့် ၄င်းတို့လိုအပ်ချက်ကို သုံးသပ်ပါ။ ၄င်းတို့လိုအပ်ချက်ကို သင့်အားပြောပြရန် အခက်အခဲရှိနိုင်သည်ကို သတိပြုပါ။ ဥပမာ-သင် ပြောသည့် ဘာသာစကားကို မပြောတတ်ငြင်း (သို့) သင်ပြောတဲ့စကားကို မကြားနိုင်ခြင်းတို့ဖြစ်နိုင် သည်။ စိတ်ဒဏ်ရာရနေသောလူနာကို ကူညီပေးလျှင် မိမိကိုယ်တိုင်လည်း စိတ်ဒဏ်ရာရနိုင်ပါသလား။ မရနိုင်ပါ။ လူအများစုသည် အခြားသူများကို ကူညီခြင်းအားဖြင့် စိတ်ဒဏ်ရာမရရှိသည့်အပြင် ထိုကဲ့သို့ ကူညီရသည်ကိုပင် အမှန်တကယ် ကျေနပ်နေကြပါသည်။ ကူညီပြီးနောက် စိတ်အနှောက် အယှက်ဖြစ်လာပါက သင်ယုံကြည်ရသူကို ဖွင့်ပြောပါ။ သင်၏ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုရှိနေ လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ။
စိတ်ဒဏ်ရာရနေသူက လိုချင်သည့်အရာကို မိမိအား ပြောမပြနိုင်ခဲ့လျှင် (သို့) သူကိုယ်တိုင် ဘာလိုချင် သည်ကို မသိလျှင် မည်ကဲ့သို့လုပ်ဆောင်ရမညာ်နည်း။နားထောင်ပေးပါ။ ၄င်းတို့ကိုယ်စား အခြားလူများကို ဆက်သွယ်ပေးပါ။ မိမိစိတ်ကိုတည်ငြိမ် အောင်ထားပြီး ၄င်းကိုနှစ်သိမ့်ကူညီပါ။ ၄င်းတို့သည် တုန့်ပြန်မှုလွန်ကဲနေပါက မည်ကဲ့သို့ဆောင်ရွက်သင့်သနည်း။ လူတိုင်းတွင် မတူညီသော လိုအပ်ချက်များနှင့် ဘဝအတွေ့အကြုံများစွာ ရှိသောကြောင့် သင့်အား အမျိုးမျိုးတုန့်ပြန်ပါလိမ့်မည်။ ၄င်းတို့ပြောသော အကြောင်းအရာများကို နားထောင်ပြီး ၄င်းတို့အပေါ် မိမိ၏လေးစားမှုကိုပြသပါ။
Ref:
မြန်မာနိုင်ငံကြက်ခြေနီအသင်း
၂၁.၁၀.၂၀၁၅
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

